• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တိုက္ပြဲမ်ားရပ္တန္႔ၿပီး Covid-19 အေရးဦးစားေပးၾကရန္ ျမန္မာႏုိင္ငံဆိုင္ရာ သံအမတ္မ်ားေတာင္းဆို

တိုက္ပြဲမ်ားရပ္တန္႔ၿပီး Covid-19 အေရးဦးစားေပးၾကရန္ ျမန္မာႏုိင္ငံဆိုင္ရာ သံအမတ္မ်ားေတာင္းဆို

0
By Editor on April 2, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တြင္ ျဖစ္ပြားေနေသာ တိုက္ပြဲမ်ား ရပ္တန္႔ကာ Covid-19 ေၾကာင့္ ဒုကၡအတိေရာက္ ႏုိင္သူမ်ားအား ကာကြယ္ေစာင့္ေရွာက္ေရးကို ဦးစားေပးေဆာင္ရြက္ ၾကရန္ ဥေရာပ (၁၇) ႏုိင္ငံႏွင့္ အေမရိကန္ႏုိင္ငံတို႔မွ ျမန္မာႏုိင္ငံႏိုင္ရာ သံအမတ္မ်ားစုေပါင္း၍ ဧၿပီလ ၁ ရက္ေန႔က ေၾကညာခ်က္တစ္ေစာင္ထုတ္ျပန္လိုက္သည္။

ယခုအခ်ိ္န္တြင္ ကမာၻအရပ္ရပ္မွႏိုင္ငံမ်ားအေနျဖင့္ Covid-19 ေရာဂါ၏ ေနာက္ဆက္တြဲ ဆိုးက်ိဳးမ်ားေၾကာင့္ အတိဒုကၡေရာက္ႏုိင္သည့္ အေျခအေနတြင္ရိွေနသူမ်ားအား ကာကြယ္ေစာင့္ေရွာက္ရန္ ဦးစားေပးေဆာင္ရြက္ရ မည္ျဖ စ္ၿပီး စစ္ေရးပဋိပကၡမ်ားေၾကာင့္ ဒုကၡေရာက္ေနေသာ အမ်ိဳးသမီးမ်ား၊ ကေလးသူငယ္မ်ား၊ မသန္စြမ္းသူမ်ား၊ ဖယ္က်ဥ္ခံရသူမ်ားႏွင့္ ေနရပ္စြန္႔ခြာရသူမ်ားထံသို႔ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေထာက္အပံ့ မ်ားကို လည္းအဟန္႔အတားျဖစ္ေစပါသည္ဟု သံအမတ္မ်ား၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျမန္မာႏုိင္ငံတစ္၀ွမ္းတြင္ရိွေသာ မိသားစုမ်ား၏ အက်ိဳးအတြက္ ျမန္မာ့တပ္မေတာ္ႏွင့္ လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအၾကား တိုက္ပြဲမ်ားရပ္တန္႔ၿပီး ပဋိပကၡမ်ား ေဆြးေႏြးအေျဖရွာၾကရန္ ႏွင့္ အင္တာနက္ႏွင့္ မီဒီယာကန္႔သတ္မႈမ်ားကို ဖယ္ရွားေပးရန္ သံအမတ္မ်ားက တိုက္တြန္းထားပါသည္။

ျမန္မာႏုိင္ငံဆိုင္ရာသံအမတ္မ်ား၏ ေၾကညာခ်က္အတိုင္း ေနရပ္စြန္႔ခြာသည့္ျပည္သူမ်ားေနာက္ထပ္မ ရွိေစေရးအတြက္ တိုက္ပြဲမ်ားရပ္တန္႔ရန္လိုအပ္ၿပီး စစ္ေဘးေရွာင္စခန္းမ်ားတြင္ Covid-19 ေရာဂါကာကြယ္ေစာင့္ေရွာက္မႈမ်ားပူးေပါင္းေဆာင္ရြက္ၾကရန္လိုအပ္သည္ဟု ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) အတြင္းေရးမွဴးဆလိုင္းက်ဲအိုဘိခ္ေထာင္ကေျပာသည္။

“စစ္ပြဲနဲ႔ ၾကံဳေတြ႕ေနတဲ့ ခ်င္းျပည္နယ္ေတာင္ပိုင္းေတြမွာ စစ္ပြဲရိွေနတဲ့အခါက်ေတာ့ အဲဒီေရာဂါတုိက္ဖ်က္ေရးလုပ္တဲ့ေနရာမွာ ျပင္ဆင္မႈေတြလည္းပဲ အခက္အခဲရိွတယ္၊ အထူးသျဖင့္ IDPs ကေသာင္းဂဏန္း ပလက္၀ျမိဳ႕နယ္မွာရိွေနတယ္ ရခိုင္ျပည္နယ္မွာလည္းပဲ တစ္သိန္းနီးပါးရိွေနတယ္ သူတို႔ေတြကေတာ္ေတာ္ေလးကို စိုးရိမ္စရာအေနအထားေတြျဖစ္တယ္၊ တကယ္လို႔ျဖစ္ပြားလာလို႔ရိွရင္ေတာ္ေတာ္ေလးကို ထိန္းမႏိုင္သိမ္းမႏိုင္ျဖစ္ပြားႏိုင္တဲ့အေနအထားျဖစ္ေနတယ္၊ ဒါေၾကာင့္ စစ္ပြဲေတြရပ္ျပီး အဲဒီေဒသမွာ က်ေနာ္တို႔ COVID-19 နဲ႔ ပတ္သက္ျပီး ၾကိဳတင္ျပင္ဆင္မႈေတြ ကုလသမဂၢက ႏုိင္ငံတကာအဖြဲ႕အစည္းဖက္ကေရာ ဒီဖက္ အစိုးရႏွင့္ ျပည္သူလူထုကေရာ ၀ိုင္း၀န္းျပီးေတာ့ ျပင္ဆင္သင့္တယ္”ဟု ေျပာသည္။

ကမၻာအရပ္ရပ္က လက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလုံး အပစ္အခတ္ရပ္စဲၾကရန္ ကုလသမဂၢအေထြေထြအတြင္းေရးမွူးခ်ဳပ္က မတ္လ ၂၃ ရက္က ေၾကညာခ်က္ထုတ္ျပန္တိုက္တြန္းခဲ့ေသာ္လည္း ရခိုင္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တြင္ တပ္မေတာ္ႏွင့္ AA အၾကား တိုက္ပြဲမ်ားဆက္လက္ျဖစ္ပြားေနၿပီး တိုက္ပြဲမ်ား ရပ္တန္႔ကာ Covid-19 အတြက္ ဦးစားေပးေဆာင္ရြက္ၾကရန္ သံအမတ္မ်ားက တိုက္တြန္းၾကျခင္းျဖစ္သည္။

ခူမီးခ်င္းမ်ဴိးႏြယ္စုမ်ားေပါင္းစပ္ညိွႏိႈင္းေရးေကာင္စီ(KACC) မွ ဦးေစာျမက “အခုလက္ရိွတိုက္ေတြခိုက္ေနတဲ့ဟာေတြဟာ ျပန္ေျဖေလွ်ာ့ဖို႔လိုမယ္ အခုက်ေနာ္တို႔ဖက္မွာျဖစ္ေနေတာ့ ဒုကၡသည္ေတြတစ္ေန႔ထက္တစ္ေန႔ တစ္ရက္ထက္တစ္ရက္မ်ားလာတယ္၊ ႏွစ္ဖက္စလံုးကေတာ့ လိုက္နာဖို႔လိုတယ္ သူတို႔ၾကားမွာ ေဆြးေႏြးတဲ့စကား၀ိုင္းတစ္ခုေပၚေအာင္လုပ္ဖို႔လုိေနတာ” ဟု ေျပာသည္။

ယခုေၾကညာခ်က္ကို ၾသစေၾတးလ်၊ ကေနဒါ၊ ခ်က္သမၼတနိုင္ငံ၊ ဒိန္းမတ္ ၊ ဥေရာပသမဂၢ၊ ဖင္လန္နိုင္ငံ၊ ျပင္သစ္ ၊ဂ်ာမနီ၊၊ နယ္သာလန္၊ နယူးဇီလန္ ၊ ေနာ္ေဝ ၊ ပိုလန္ ၊ စပိန္၊ ဆြီဒင္၊ ဆြစ္ဇာလန္၊ တူရကီ၊ ၿဗိတိန္ ၊အေမရိကန္ျပည္ေထာင္စုက ျမန္မာနိုင္ငံဆိုင္ရာ သံအမတ္မ်ားက စုေပါင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ကာ Covid-19 ကြောင့် ဒုက္ခအတိရောက် နိုင်သူများအား ကာကွယ်စောင့်ရှောက်ရေးကို ဦးစားပေးဆောင်ရွက် ကြရန် ဥရောပ (၁၇) နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံနိုင်ရာ သံအမတ်များစုပေါင်း၍ ဧပြီလ ၁ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်သည်။

ယခုအချိ်န်တွင် ကမ္ဘာအရပ်ရပ်မှနိုင်ငံများအနေဖြင့် Covid-19 ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် အတိဒုက္ခရောက်နိုင်သည့် အခြေအနေတွင်ရှိနေသူများအား ကာကွယ်စောင့်ရှောက်ရန် ဦးစားပေးဆောင်ရွက်ရ မည်ဖြ စ်ပြီး စစ်ရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ ဖယ်ကျဉ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများထံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ များကို လည်းအဟန့်အတားဖြစ်စေပါသည်ဟု သံအမတ်များ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင်ရှိသော မိသားစုများ၏ အကျိုးအတွက် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား တိုက်ပွဲများရပ်တန့်ပြီး ပဋိပက္ခများ ဆွေးနွေးအဖြေရှာကြရန် နှင့် အင်တာနက်နှင့် မီဒီယာကန့်သတ်မှုများကို ဖယ်ရှားပေးရန် သံအမတ်များက တိုက်တွန်းထားပါသည်။

မြန်မာနိုင်ငံဆိုင်ရာသံအမတ်များ၏ ကြေညာချက်အတိုင်း နေရပ်စွန့်ခွာသည့်ပြည်သူများနောက်ထပ်မ ရှိစေရေးအတွက် တိုက်ပွဲများရပ်တန့်ရန်လိုအပ်ပြီး စစ်ဘေးရှောင်စခန်းများတွင် Covid-19 ရောဂါကာကွယ်စောင့်ရှောက်မှုများပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်သည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“စစ်ပွဲနဲ့ ကြုံတွေ့နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းတွေမှာ စစ်ပွဲရှိနေတဲ့အခါကျတော့ အဲဒီရောဂါတိုက်ဖျက်ရေးလုပ်တဲ့နေရာမှာ ပြင်ဆင်မှုတွေလည်းပဲ အခက်အခဲရှိတယ်၊ အထူးသဖြင့် IDPs ကသောင်းဂဏန်း ပလက်ဝမြို့နယ်မှာရှိနေတယ် ရခိုင်ပြည်နယ်မှာလည်းပဲ တစ်သိန်းနီးပါးရှိနေတယ် သူတို့တွေကတော်တော်လေးကို စိုးရိမ်စရာအနေအထားတွေဖြစ်တယ်၊ တကယ်လို့ဖြစ်ပွားလာလို့ရှိရင်တော်တော်လေးကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပွားနိုင်တဲ့အနေအထားဖြစ်နေတယ်၊ ဒါကြောင့် စစ်ပွဲတွေရပ်ပြီး အဲဒီဒေသမှာ ကျနော်တို့ COVID-19 နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေ ကုလသမဂ္ဂက နိုင်ငံတကာအဖွဲ့အစည်းဖက်ကရော ဒီဖက် အစိုးရနှင့် ပြည်သူလူထုကရော ဝိုင်းဝန်းပြီးတော့ ပြင်ဆင်သင့်တယ်”ဟု ပြောသည်။

ကမ္ဘာအရပ်ရပ်က လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အပစ်အခတ်ရပ်စဲကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က မတ်လ ၂၃ ရက်က ကြေညာချက်ထုတ်ပြန်တိုက်တွန်းခဲ့သော်လည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် တပ်မတော်နှင့် AA အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများ ရပ်တန့်ကာ Covid-19 အတွက် ဦးစားပေးဆောင်ရွက်ကြရန် သံအမတ်များက တိုက်တွန်းကြခြင်းဖြစ်သည်။

ခူမီးချင်းမျိူးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) မှ ဦးစောမြက “အခုလက်ရှိတိုက်တွေခိုက်နေတဲ့ဟာတွေဟာ ပြန်ဖြေလျှော့ဖို့လိုမယ် အခုကျနော်တို့ဖက်မှာဖြစ်နေတော့ ဒုက္ခသည်တွေတစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက်များလာတယ်၊ နှစ်ဖက်စလုံးကတော့ လိုက်နာဖို့လိုတယ် သူတို့ကြားမှာ ဆွေးနွေးတဲ့စကားဝိုင်းတစ်ခုပေါ်အောင်လုပ်ဖို့လိုနေတာ” ဟု ပြောသည်။

ယခုကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ် ၊ ဥရောပသမဂ္ဂ၊ ဖင်လန်နိုင်ငံ၊ ပြင်သစ် ၊ဂျာမနီ၊ နယ်သာလန်၊ နယူးဇီလန် ၊ နော်ဝေ ၊ ပိုလန် ၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ တူရကီ၊ ဗြိတိန် ၊အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံဆိုင်ရာ သံအမတ်များက စုပေါင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.