• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တိုက်ပွဲပြင်းထန်နေသည့် ကလေးတောင်ပိုင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ၊ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ကလေးတောင်ပိုင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ၊ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

0
By Editor on September 28, 2023 Khonumthung

(006SV)

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ဖြင့် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအရပ်သား ၅ သေဆုံးသည်ဟု သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၈ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်သာယာရွာသို့ စစ်ကောင်စီ နှင့်ပျူစောထီး ပူးပေါင်းတပ်တို့ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာရာ ဒေသတော်လှန်ရေးပူးပေါင်းတပ်များဖြင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – KKG က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှုကို ကာကွယ်ရေးပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး CDF-KKG မှ ရဲဘော်တစ်ဦး၊ ကလေး (ပကဖ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

နေ့လည် ၁ နာရီခန့်တွင်လည်း အောင်သာယာအရှေ့ရပ်ကွက်တွင် စခန်းချနေသည့် စစ်ကောင်စီပူးပေါင်းတပ်ကို CDF-KKG နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ထိခိုက်မှုရှိနိုင်ပြီး ချင်းပူးပေါင်းတပ်မှ ရဲဘော် (၂) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု CDF- KKG က ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် အောင်သာယာမှ မှန်တောသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်တို့ မှန်တောရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အထိခိုက်များနိုင်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု KKG က ဆိုသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်ရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်စီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုရွာမှအရပ်သား (၄) ဦး ထိမှန်သေဆုံးကာ သေဆုံးမှုများကို မြင်တွေ့ရသည့် မိခင်တစ်ဦးမှာလည်း ထိန်လန့်၍ ထပ်မံသေဆုံးခဲ့ရသည်ဟု CDF- KKG က ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖြစ်သည့် CDF-KKG၊ ကလေးခရိုင်အမှတ် (၄) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ CNDF (Thai Pau) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ်တောင်ပိုင်းတွေ နှစ်ဖက်တိုက်ပွဲများ အပြင်အထန် ဖြစ်ပွားနေသည့်အတွက် ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံ ထားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့မရဲစခန်းက တပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တမိသားစုလုံး အလင်းဝင်လာ

ပလက်ဝမြို့နယ် “နှုံးဘူး” နှင့် “ထရွန်အိုင်” ဗျူဟာကုန်းများကို အပြီးသိမ်းပိုက်နိုင်ရေး တိုက်ပွဲပြင်းထန်နေ

ကလေးမြို့တွင် တိုက်ပွဲပြင်းထန်လာမည်ဟု စိုးရိမ်မူကြောင့် မြို့ပေါ်နေပြည်သူများ နေရပ်စွန့်ခွါသူများလာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.