Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တိုက်ပွဲပြင်းထန်နေသည့် ကလေးတောင်ပိုင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ၊ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

တိုက်ပွဲပြင်းထန်နေသည့် ကလေးတောင်ပိုင်းမှာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ၊ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦးသေဆုံး

0
By Editor on September 28, 2023 Khonumthung

(006SV)

ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် CDF အပါအဝင် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ဖြင့် ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေရာ နှစ်ဖက်ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံအရပ်သား ၅ သေဆုံးသည်ဟု သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက် မနက် ၈ နာရီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ အောင်သာယာရွာသို့ စစ်ကောင်စီ နှင့်ပျူစောထီး ပူးပေါင်းတပ်တို့ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာရာ ဒေသတော်လှန်ရေးပူးပေါင်းတပ်များဖြင့် မိနစ် ၃၀ ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – KKG က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီးပစ်ကူ အများအပြားသုံး၍ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်လာမှုကို ကာကွယ်ရေးပူးပေါင်းတပ်တို့က ခုခံတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး CDF-KKG မှ ရဲဘော်တစ်ဦး၊ ကလေး (ပကဖ) မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

နေ့လည် ၁ နာရီခန့်တွင်လည်း အောင်သာယာအရှေ့ရပ်ကွက်တွင် စခန်းချနေသည့် စစ်ကောင်စီပူးပေါင်းတပ်ကို CDF-KKG နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ ထိခိုက်မှုရှိနိုင်ပြီး ချင်းပူးပေါင်းတပ်မှ ရဲဘော် (၂) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်ဟု CDF- KKG က ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် အောင်သာယာမှ မှန်တောသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီပူးပေါင်းတပ်နှင့် ဒေသ ကာကွယ်ရေးပူးပေါင်းတပ်တို့ မှန်တောရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ အထိခိုက်များနိုင်ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့သည်ဟု KKG က ဆိုသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားသည့် အနီးဝန်းကျင်ရှိ အရပ်သားနေအိမ်များကို မီးရှို့ဖျက်စီးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရှားဖိုရွာမှအရပ်သား (၄) ဦး ထိမှန်သေဆုံးကာ သေဆုံးမှုများကို မြင်တွေ့ရသည့် မိခင်တစ်ဦးမှာလည်း ထိန်လန့်၍ ထပ်မံသေဆုံးခဲ့ရသည်ဟု CDF- KKG က ပြောသည်။

ယနေ့တိုက်ပွဲတွင် စစ်ကောင်စီပူးပေါင်းတပ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖြစ်သည့် CDF-KKG၊ ကလေးခရိုင်အမှတ် (၄) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ CNDF (Thai Pau) တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေးမြို့နယ်တောင်ပိုင်းတွေ နှစ်ဖက်တိုက်ပွဲများ အပြင်အထန် ဖြစ်ပွားနေသည့်အတွက် ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံ ထားရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.