• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန္ၿမိဳ႕နယ္တြင္ Covid-19 ေရာဂါကူးစက္ခံရသူတစ္ဦးထပ္မံေတြ႔ရွိ

တီးတိန္ၿမိဳ႕နယ္တြင္ Covid-19 ေရာဂါကူးစက္ခံရသူတစ္ဦးထပ္မံေတြ႔ရွိ

0
By Editor on April 10, 2020 Khonumthung

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ တီးတိန္ျမိဳ႕နယ္၊ ကပ္တဲလ္ေက်းရြာတြင္ေနထိုင္သည့္ အသက္ (၅၈) ႏွစ္အရြယ္ အမ်ဴိးသမီးတစ္ဦးသည္ Covid-19 ေရာဂါပိုးကူးစက္ခံထားရေၾကာင္း က်န္းမာေရးႏွင့္အားကစား၀န္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါအမ်ဴိးသမီးသည္ အေမရိကန္ႏိုင္ငံတြင္ အၿမဲတမ္းေနထိုင္ခြင့္ Green Card ရရွိထားသူျဖစ္ၿပီး Covid-19 လူနာနံပါတ္ – ၁ (case-1) ၏ မိခင္ျဖစ္သည္ဟုသိရသည္။

၎တို႔ (၂) ဦးသည္ အေမရိကန္ႏိုင္ငံ ၀ါရွင္တန္မွ ၿပီးခဲ့သည့္ မတ္လ ၁၃ ရက္ေန႔က ထြက္ခြါလာခဲ့ၾကၿပီး ကာတာႏိုင္ငံ၊ ဒိုဟာျမိဳ႕မွတဆင့္ မတ္လ ၁၅ ရက္ေန႔က ရန္ကုန္အျပည္ျပည္ဆိ္ုင္ရာေလဆိပ္သို႔ေရာက္ရိွခဲ့ၾကသည္။ ထိုမွတဆင့္ ကပ္တဲလ္ေက်းရြာေရာက္ရွိၿပီးသည့္အခ်ိန္ သားျဖစ္သူအား Covid-19 ေရာဂါပိုးေတြ႔ရွိၿပီးေနာက္တြင္ သူမအား ရြာထဲရွိ သီးသန္႔အိမ္တစ္လံုးတြင္ သီးျခားေစာင့္ၾကည့္ခဲ့သည္ဟု သိရသည္။

အဆိုပါအမ်ဴိးသမီးကို တီးတိန္ျမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ထားရိွရန္ အေရးေပၚလူနာတင္ကားျဖင့္ သြားေရာက္ေခၚေဆာင္မည္ျဖစ္ျပီး က်န္းမာေရးမွာ အေျခအေနေကာင္းေနေသးေၾကာင္း ခ်င္းျပည္နယ္  လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“သူ႔အေျခအေနကေတာ့ သိပ္ေတာ့ေျပာင္းလဲမႈေတာ့မရိွွပါဘူး အခု ဒီမနက္ ၇း၃၀ မွာ တီးတိန္ျမိဳ႕မွ သြားၾကိဳဖို႔ ambulance တစ္စီးႏွင့္ ဆရာ၀န္တစ္ေယာက္ သြားခိုင္းတယ္၊ သူတို႔ျပန္ေရာက္လာရင္ အေျဖေပးမယ္ အခုထိေတာ့  သတင္းကလာမပို႔ေသးဘူး ကပ္တဲလ္ကလည္းလမ္းမေကာင္းဘူး ၁၈ မိုင္ေလာက္ကို ၂ နာရီေလာက္သြားရတယ္၊ က်ေနာ္သိသေလာက္ေတာ့ ပထမတုန္းကလည္း က်ေနာ္စစ္ခိုင္းတယ္ ဒါေပမဲ့ က်န္းမာေရးက ဘာမွမျဖစ္ရင္ စစ္စရာမလိုဘူး မစစ္ဘူးဆိုေတာ့ မစစ္ပဲေနလိုက္တယ္ အခုဒီတစ္ေခါက္က်ေတာ့ သူ႔သားက ႏွစ္ၾကိမ္စစ္တာ Positive ျဖစ္တယ္ဆိုေတာ့ ဒီတစ္ၾကိမ္မွာေတာ့ သူနဲ႔ နီးစပ္တဲ့လူ သူဇနီးသည္ သူရဲ႕အေမ သူတို႔တဲတဲ့အိမ္ရွင္အကုန္ ၁၄ ေယာက္ေလာက္စစ္တာ အဲဒီထဲမွာ သူ႔အေမက အခု Positive ျဖစ္သြားတာက်န္တဲ့လူေတြကမျဖစ္ဘူး သူ႔ဇနီးသည္လည္းမျဖစ္ဘူး” ဟု က်န္းမာေရးႏွင့္ လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

Covid-19 လူနာေတြ႔ရွိသည့္ ကပ္တဲလ္ေက်းရြာကို ခ်င္းျပည္နယ္အစိုးရက Lockdown ပိတ္ခ်ထားဆဲျဖစ္သည္။

ယေန႔အခ်ိန္ထိ ျမန္မာႏိုင္ငံတြင္ Covid-19 ေရာဂါကူးစက္ခံထားရသူ (၂၇) ေယာက္ရိွျပီး ခ်င္းျပည္နယ္တြင္ (၂) ေယာက္ရိွေနျပီျဖစ္ေၾကာင္းသိရသည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကပ်တဲလ်ကျေးရွာတွင်နေထိုင်သည့် အသက် (၅၈) နှစ်အရွယ် အမျိူးသမီးတစ်ဦးသည် Covid-19 ရောဂါပိုးကူးစက်ခံထားရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါအမျိူးသမီးသည် အမေရိကန်နိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိထားသူဖြစ်ပြီး Covid-19 လူနာနံပါတ် – ၁ (case-1) ၏ မိခင်ဖြစ်သည်ဟုသိရသည်။

၎င်းတို့ (၂) ဦးသည် အမေရိကန်နိုင်ငံ ဝါရှင်တန်မှ ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့က ထွက်ခွါလာခဲ့ကြပြီး ကာတာနိုင်ငံ၊ ဒိုဟာမြို့မှတဆင့် မတ်လ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိ်ုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြသည်။ ထိုမှတဆင့် ကပ်တဲလ်ကျေးရွာရောက်ရှိပြီးသည့်အချိန် သားဖြစ်သူအား Covid-19 ရောဂါပိုးတွေ့ရှိပြီးနောက်တွင် သူမအား ရွာထဲရှိ သီးသန့်အိမ်တစ်လုံးတွင် သီးခြားစောင့်ကြည့်ခဲ့သည်ဟု သိရသည်။

အဆိုပါအမျိူးသမီးကို တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ထားရှိရန် အရေးပေါ်လူနာတင်ကားဖြင့် သွားရောက်ခေါ်ဆောင်မည်ဖြစ်ပြီး ကျန်းမာရေးမှာ အခြေအနေကောင်းနေသေးကြောင်း ချင်းပြည်နယ်  လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“သူ့အခြေအနေကတော့ သိပ်တော့ပြောင်းလဲမှုတော့မရှိပါဘူး အခု ဒီမနက် ၇း၃၀ မှာ တီးတိန်မြို့မှ သွားကြိုဖို့ ambulance တစ်စီးနှင့် ဆရာဝန်တစ်ယောက် သွားခိုင်းတယ်၊ သူတို့ပြန်ရောက်လာရင် အဖြေပေးမယ် အခုထိတော့  သတင်းကလာမပို့သေးဘူး ကပ်တဲလ်ကလည်းလမ်းမကောင်းဘူး ၁၈ မိုင်လောက်ကို ၂ နာရီလောက်သွားရတယ်၊ ကျနော်သိသလောက်တော့ ပထမတုန်းကလည်း ကျနော်စစ်ခိုင်းတယ် ဒါပေမဲ့ ကျန်းမာရေးက ဘာမှမဖြစ်ရင် စစ်စရာမလိုဘူး မစစ်ဘူးဆိုတော့ မစစ်ပဲနေလိုက်တယ် အခုဒီတစ်ခေါက်ကျတော့ သူ့သားက နှစ်ကြိမ်စစ်တာ Positive ဖြစ်တယ်ဆိုတော့ ဒီတစ်ကြိမ်မှာတော့ သူနဲ့ နီးစပ်တဲ့လူ သူဇနီးသည် သူရဲ့အမေ သူတို့တဲတဲ့အိမ်ရှင်အကုန် ၁၄ ယောက်လောက်စစ်တာ အဲဒီထဲမှာ သူ့အမေက အခု Positive ဖြစ်သွားတာကျန်တဲ့လူတွေကမဖြစ်ဘူး သူ့ဇနီးသည်လည်းမဖြစ်ဘူး” ဟု ကျန်းမာရေးနှင့် လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

Covid-19 လူနာတွေ့ရှိသည့် ကပ်တဲလ်ကျေးရွာကို ချင်းပြည်နယ်အစိုးရက Lockdown ပိတ်ချထားဆဲဖြစ်သည်။

ယနေ့အချိန်ထိ မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ခံထားရသူ (၂၇) ယောက်ရှိပြီး ချင်းပြည်နယ်တွင် (၂) ယောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.