• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီး

တီးတိန်မြို့နယ်အတွင်း တရားမဝင်သစ်များဖမ်းဆီး

0
By Editor on May 9, 2019 Khonumthung

By မိုး​ကျော်​ – ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်းရှိ တရားမဝင် သစ်များကို ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်းမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့တို့မှ ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်များကို တီးတိန်မြို့နယ် ရန်မျိုးအောင်ရွာနားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး၊ ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ အင်သစ်လုံး၊ ခွဲသားဆိုဒ်စုံ (၂၇၀) လုံး စသည့် သစ်အလေးချိန် (၁၈) တန်​ကျော်​အား ဖမ်းဆီးရမိကြောင်း The Ladies News တွင် ဖော်ပြသည်။

အလားတူ ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တီးတိန်မြို့သို့ မော်တော်ယာဉ်ဖြင့် သယ်ဆောင်သော တရားမဝင် ကျွန်းသစ်များကို မေလ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ခုလို ဖမ်းဆီးရမိသော တရားမဝင်တင်ဆောင်လာသည့် ကျွန်းသစ် သစ်ခွဲသားဆိုဒ်စုံ (၃၃) တုံး၊ အလေးချိန် (၃) တန်နှင့်အတူ ယာဉ်မောင်း အသက် ၂၆ နှစ်အရွယ် ဦးကျင်ဆွမ်းမုန် နှင့် ယာဉ်ပိုင်ရှင် အသက် ၂၆ နှစ်အရွယ် ကလေးမြို့ ဒိုးဝိုင်းချောင်းကျေးရွာ နေ ဦးလျန်ကပ်ထန်တို့အား ဖမ်းဆီးပြီး သစ်တောဥပဒေပုဒ်မ ၄၃(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း ရိခေါ်ဒါရ်မြို့ ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာန facebook စာမျက်နှာတွင် ဖော်ပြသည်။

ဓာတ်​ပုံ – ရိ ပြန်​/ဆက်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် ချင်းပြည်နယ် ၁၀ တန်းအောင်ချက် မကြုံစဖူး မြင့်တက်

ကလေးမြို့နယ် ထိုမာရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ ပြည်သူ ၃ ဦးထိခိုက်ဟုဆို

ကလေးမြို့နယ် ရှုခင်းသာကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.