Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDF-CDM Siyin ထံ အလင်းဝင်

တီးတိန်မြို့က စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDF-CDM Siyin ထံ အလင်းဝင်

0
By Editor on January 10, 2025 Khonumthung

(002MG)

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက်ခံ ရတဖ (၂၆) တပ်ရင်းမှ ရဲတပ်သား ခိုင်ထူးဉာဏ် (ကိုယ်ပိုင် နံပါတ်/ လ-၂၉၂၀၄၉) သည် ဇန်နဝါရီလ (၉) ရက်နေ့ညက CDF-CDM Siyin ထံသို့ အလင်းဝင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ရဲတပ်သားသည် လက်နက်တလက်၊ ခဲယမ်းအချို့နှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ငွေကျပ် သိန်း (၁၀၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း CDF-CDM Siyin က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်အတွင်းမှ အလင်းဝင်ရောက်လိုသည့် တပ်သားများအနေဖြင့် ဆက်သွယ်နိုင်ကြောင်း၊ မြို့တွင်းဖြစ်စေ၊ မည်သည့်နေရာတွင် ဖြစ်စေ သွားရောက်ကြိုဆိုပေးမည်ဖြစ်သည့်အပြင် သွားလိုသည့် နေရာ၊ လုပ်လိုသည့် အလုပ်အကိုင်ကိုလည်း စိတ်တိုင်းကျစီမံဆောင်ရွက်ပေးမည်ဖြစ်ကာ ကောင်းကောင်းမွန် မွန်စောင့်ရှောက်ထား ပေးမည်ဖြစ်ကြောင်း CDF-CDM Siyin က အသိပေးထားသည်။

ယနေ့ ဇန်နဝါရီလ (၁၀) မနက်ပိုင်းတွင် တီးတိန်မြို့ပေါ် စကောလမ်း ရပ်ကွက်ဖက်မှာ ကားဖြင့် ကင်းလှည့်နေသော PDF-Zoland အဖွဲ့ကို စစ်ကောင်စီတပ် ၂၆၉ တပ်ရင်းက ပစ်ခတ်မှုရှိခဲ့ပြီး မြို့ပေါ်နေပြည်သူများအကြား စိုးရိမ်မှု မြင့်တက်ခဲ့ကြောင်း၊ နေအိမ်အနည်းငယ် ထိခိုက်ပျက်စီးမူရှိခဲ့ သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီအခြေစိုက် ချင်းတပ်ဖွဲ့ အချင်းချင်းကြား စစ်ကြောင်းထိုး ဖမ်းဆီးမှု ဖြစ်ပွား

လက်ရှိဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းကြရန် ချင်းလွှတ်တော် ကိုယ်စားလှယ်များတောင်းဆို

CDF-Hakha က ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ အဖွဲ့အစည်းနဲ့သက်ဆိုင်မှုမရှိဘဲ စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေကြောင်း ယင်းမာပင်တပ်ရင်း ၁၅ က ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.