(002MG)
ချင်းပြည်နယ်၊ တီးတိန်မြို့၊ ခလရ (၂၆၉) တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီး (၂) ဦး ဖေဖော်ဝါရီလ (၂၅) ရက်က PDF-Zoland ထံအလင်းဝင်ခဲ့ကြသည်ဟု PDF-Zoland တာဝန်ရှိသူကပြောသည်။
“အလင်းဝင်လာတာက (၂) ယောက်ဖြစ်တယ်၊ နှစ်ယောက်စလုံးကတော့ ရာထူးကတပ်ကြပ်ကြီး တီးတိန်ကနေပဲ ဝင်တာ။ ကိုမင်းမင်းက လွတ်မြောက်နယ်မှာ ပို့ထားပြီးပါပြီး။ နောက်တယောက်ကတော့သူ့ရဲ့ မိသားစုဝင်တွေကို မထုတ် ပေးနိုင်သေးတော့ မထုတ်သေးတာဖြစ်တယ်” ဟု PDF-Zoland တာဝန်ရှိသူက ပြောသည်။
လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာသော ကိုယ်ပိုင်အမှတ် တ (၃၆၆၅၀၇) ကိုမင်းမင်းကို ကာလတန်ဖိုးနှင့်ညီမျှ သောငွေကြေးများချီးမြှင့်ခဲ့ပြီး ကျန်တဦးလည်း သိန်း (၅၀) ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။
လက်ရှိအထိ PDF-Zoland ထံသို့ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်သားအယောက် ၃၀ ဝန်းကျင်ရှိပြီး အများစုမှာ တီးတိန်မြို့ ခလရ (၂၆၉) တပ်ရင်းက ရဲ များဖြစ်ကြသည်ဟု သိရသည်။
ကျန်ရှိနေသေးသော စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မှီ အလင်းဝင်ရောက်ကြရန် PDF-Zoland တိုက်တွန်း ဖိတ်ခေါ်ထားပါသည်။