• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တီးတိန်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
By Editor on December 6, 2021 Headline

မြန်မာ့နွေဦးတော်လှန်းရေးအတွက် တီးတိန်မြို့မှ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သည့်အသက် ၃၈ နှစ်အရွယ် Pa Cin Sian Sum သည် ဒီဇင်ဘာ ၅ ရက် မနက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကျဆုံးသွားသည်ဟု သိရသည်။

Pa Cin Sian Sum သည် သူညအိပ်တည်းခိုသည့် တီးတိန်မြို့ မြို့မရပ်ကွက်တွင် ယနေနံနက်ပိုင်းမိုးမလင်းမီအချိန်တွင် အမည်မသိလက်နက်ကိုင်တစ်စုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု တီးတိန်မြို့ဒေသခံတစ်ဦးက ပြောသည်။

“သူက သူ့အိမ်မှာမအိပ်ရဲဘူး တခြားအိမ်မှာအိပ်တယ်၊ အဲဒီအိပ်တဲ့နေရာမှာ လက်နက်ကိ်ုင်အဖွဲ့အစည်းက လာပြီး သူ့ကိုရှာတာလို့ပြောတယ်၊ လက်နက်ကိုင် ၂ ယောက်က သူအိပ်တဲ့နေရာကိုသွားပြီးတော့မှ စကားအပြန်အလှန်ပြောပြီး သေနတ်နဲ့နှစ်ချက်ပစ်ခံရတာလို့သိရတယ်” ဟု တီးတိန်ဒေသခံကပြောသည်။

Pa Cin Sian Sum အား လုပ်ကြံသတ်ဖြတ်သူများမှာ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မသိရသော်လည်း မြန်မာ့နွေဦး တော်လှန်ရေးအား ဆန့်ကျင်တိုက်ခိုက်နေသောအဖွဲ့အစည်းတစ်ခု၏ လက်ချက်ဖြစ်သည်ဟု ဇိုမီးဖက်ဒရယ်အစည်းအရုံး (Zomi Federal Union – PDF Zoland) က ထုတ်ပြန်သည်။

ယခုကဲ့သို့ အကြမ်းဖက်မှုနှင့် အနိုင်ကျင့်စော်ကားမှုများအား ZFU/PDF-Zoland အနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း၊ အဆိုပါလုပ်ကြံပစ်ခတ်မှုဖြစ်စဉ်တွင် နွေဦးတော်လှန်ရေးအား တိုက်ခိုက်နေသော တာဝန်ရှိအဖွဲ့အစည်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်သူ နှစ်ဦးကိုလည်း သိရှိထားပြီး မတရားသတ်ဖြတ်ခံရခြင်းအကြောင်းရင်းအား စုံစမ်းဖော်ထုတ်ကာ တရားမျှတမှုရရှိသည်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု Zomi Federal Union – PDF Zoland ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pa Cin Sian Sum သည် စစ်အာဏာရှင်ဆန့်ကျင်သည့် တီးတိန်မြို့မှ နွေဦးတော်လှန်ရေးလှုပ်ရှားမှု၊ ဆန္ဒဖော်ထုတ်မှုများတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သည့်အပြင် CDM လှုပ်ရှားမှုတွင်လည်း တက်တက်ကြွကြွ စည်းရုံးဦးဆောင်သူတစ်ဦးဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီမှ ဖွင့်လှစ်သောကျောင်းတွင် ကျောင်းအပ်နှံခြင်းမပြုရန် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပန်ကြား

ထန်တလန်မြို့တွင် CDF များက နေအိမ်များအား ထပ်မံမီးရှို့ဆိုတဲ့သတင်း

ပလက်ဝမြို့အနီးတွင် လက်နက်ကြီးပစ်ခတ်သံများကြားနေရ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.