Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ် ကနေဒီတောင်တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

တီးတိန်မြို့နယ် ကနေဒီတောင်တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

0
By Editor on June 22, 2024 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။

တီးတိန်-ကလေး ကားလမ်းမဘေးတွင်တည်ရှိသော ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့က တီးတိန်မြို့မှ ကနေဒီတောင်သို့ စစ်ကြောင်းထိုးကာ PDF-Zoland တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အင်အားမမျှသည့်အတွက် PDF-Zoland တပ်ဖွဲ့များသည် ကနေဒီတောင်မှ ဆုတ်ခွါသွားခဲ့ရသည်ဟု သိရသည်။

သို့သော်လည်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ယနေ့ဇွန်လ ၂၂ ရက်မနက်ပိုင်းတွင် ကနေဒီတောင်ကုန်းတပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသည်ဟု ယင်းဒေသတွင်အခြေပြုလှုပ်ရှားနေသော People Defence Army (PDA-Tedim) က ထုတ်ပြန်လာသည်။

တချိန်တည်းမှာပဲ တီးတိန်-ကလေးလမ်းမပေါ်ရှိ သိုင်းငင်တပ်စခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်ကာ ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.