Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တီးတိန်မြို့နယ် ကနေဒီတောင်တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

တီးတိန်မြို့နယ် ကနေဒီတောင်တပ်စခန်းကို ချင်းလဲန်းကောင်စီတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

0
By Editor on June 22, 2024 Headline

ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု သိရသည်။

တီးတိန်-ကလေး ကားလမ်းမဘေးတွင်တည်ရှိသော ကနေဒီတောင်ကုန်းပေါ်က စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က PDF-Zoland တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် စစ်ကောင်စီက ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့က တီးတိန်မြို့မှ ကနေဒီတောင်သို့ စစ်ကြောင်းထိုးကာ PDF-Zoland တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားပြီး အင်အားမမျှသည့်အတွက် PDF-Zoland တပ်ဖွဲ့များသည် ကနေဒီတောင်မှ ဆုတ်ခွါသွားခဲ့ရသည်ဟု သိရသည်။

သို့သော်လည်း ချင်းလဲန်းကောင်စီတပ်ဖွဲ့များက ယနေ့ဇွန်လ ၂၂ ရက်မနက်ပိုင်းတွင် ကနေဒီတောင်ကုန်းတပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသည်ဟု ယင်းဒေသတွင်အခြေပြုလှုပ်ရှားနေသော People Defence Army (PDA-Tedim) က ထုတ်ပြန်လာသည်။

တချိန်တည်းမှာပဲ တီးတိန်-ကလေးလမ်းမပေါ်ရှိ သိုင်းငင်တပ်စခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်ကာ ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.