• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့၊ ပြည်သူ့ဆေးရုံဝန်းနေ CDM ပြုလုပ်သော ဝန်ထမ်းများပြောင်းရွှေ့ရန် စစ်တပ်ကအမိန့်ထုတ်

တီးတိန်မြို့၊ ပြည်သူ့ဆေးရုံဝန်းနေ CDM ပြုလုပ်သော ဝန်ထမ်းများပြောင်းရွှေ့ရန် စစ်တပ်ကအမိန့်ထုတ်

0
By Editor on March 12, 2021 Khonumthung
#Unicode
မာဂရက် – ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံဝန်းတွင် နေထိုင်ကြပြီး CDM ပြုလုပ်သော ဝန်ထမ်းများအား ယနေ့ ညနေ ၃ နာရီနောက်ဆုံးထား၍ ပြောင်းရွှေ့ရမည်ဟု စစ်တပ်ကအမိန့်ထုတ်ထားသည်ဟု သိရသည်။
တီးတိန်မြို့ခံတစ်ဦးက “၃ နာရီနောက်ဆုံးလို့ပြောတယ်၊ ကျွန်တော်တို့ သိတာကတော့ တပ်က လာပြီးမှ ဆေးရုံအုပ်ကို လာပြောတယ်လို့ပြောတယ်၊ အခုက လူငယ်တွေက ပြောင်းမဲ့သူတွေရဲ့ နေဖို့ ထိုင်ဖို့ကိစ္စ လုပ်နေတယ်” ဟု ပြောသည်။
ယခုလက်ရှိတွင် တီးတိန်မြို့လူငယ်များက CDM ဝင်သည့် ဆေးရုံဝန်ထမ်းများပြောင်းရွှေ့ရေးအတွက် လိုက်လံကူညီ ဆောင်ရွက်ပေးလျှက်ရှိသည်ဟုသိရသည်။
အလားတူ ဟားခါးမြို့ပြည်သူ့ဆေးရုံရှိ CDM ဝင်သော ကျန်းမာရေးဝန်ထမ်းများကိုလည်း ဆေးရုံဝန်းအတွင်းမှ ယနေ့ညနေ ၃ နာရီနောက်ဆုံးထား၍ပြောင်းရွှေ့ရန်နှင့် ဆေးရုံကိစ္စများကို စစ်တပ်က တာဝန်ယူသွားမည်ဟု ပြောဆိုကြောင်း သိရသည်။
#Zawgyi
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.