• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် အသက် ၆ နှစ် ကလေးငယ်အပါအဝင် ကိုဗစ်ကူးစက်လူနာ ၃ ဦး ကုသမှုခံယူနေ

တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် အသက် ၆ နှစ် ကလေးငယ်အပါအဝင် ကိုဗစ်ကူးစက်လူနာ ၃ ဦး ကုသမှုခံယူနေ

0
By Editor on September 21, 2022 Khonumthung

ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုဗစ်ကူးစက်လူနာ ၃ ဦး ကုသမှုခံယူနေပြီး အသက်အန္တရယ် မစိုးရိမ်ရကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးထံမှ သိရသည်။

တီးတိန်မြို့တွင် ယနေ့မနက်ပိုင်းအထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ အမျိုးသမီး ၈ ဦးအထိရှိခဲ့ပြီး ယမန်နေ့တွင် ကုသမှုခံယူသူ ၅ ဦးသည် ကျန်းမာစွာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီဖြစ်သည်။

“သူတို့ကိုတော့ ဆေးရုံမှာ ၇ ရက် အနီးကပ်ကုသပေးတယ် ကောင်းသွားပြီဆိုရင် ဆင်းပေးပါတယ်။ ကိုဗစ်ပိုးအမျိုးအစားကတော့ အတိအကျ ပြောလို့ မရသေးဘူး၊ တီးတိန်မှာ ရောဂါခွဲခြမ်းစိတ်ဖျာဖို့ စက်ပစ္စည်းများ အပြည့်အစုံ မရှိလို့ပေါ့နော်။” ဟု ဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။

ရောဂါကူးစက်ခံရသူများမှာ ပြည်ပခရီးသွားလာခြင်းမရှိဘဲ ပြည်တွင်းနေထိုင်သူများသာဖြစ်ပြီး ကုသမှုခံယူခဲ့သော လူနာများမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူများဖြစ်လို့ အဖျားတက်တာ၊ တုတ်ကွေးလက္ခဏာများသာရှိကြောင်း သိရသည်။

ယခုလက်ရှိ ပြည်သူ့ဆေးရုံ၊ ပြင်ပလူနာဌာနတွင် လာရောက်ပြသသူတိုင်းအား Covid-19 ရှိ/မရှိ အခမဲ့ စစ်ဆေးလျက်ရှိပါသည်။

“လာပြတဲ့သူတွေကို ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးပေးတယ်၊ positive ဖြစ်ရင် ဆေးရုံတင်ရမှာဆိုလို့ တစ်ချို့ကလည်း ကိုဗစ်စစ်ဖို့ ကြောက်ကြတာပေါ့နော်။ ဆေးရုံတက်လူနာတေ သီးသန့် ကုသပေးတာဆိုတော့ ခက်ခဲတဲ့သူတွေအတွက် အစားအသောက် လှူဒါန်းပေးမည့်သူတွေကိုလည်း ကြိုဆိုပါတယ်” ဟု ၎င်းကပြောသည်။

တီးတိန်မြို့တွင် Covid-19 ကာကွယ်ဆေး အဆက်မပျက် ထိုးနှံပေးခဲ့သော်လည်း ယခုတွင် ကာကွယ်ဆေးများ ပြတ်လပ်နေမှုကြောင့် ထိုးနှံပေးနိုင်ခြင်းမရှိနိုင်သေးဘူးလို့ သိရသည်။

ကိုဗစ်ရောဂါဖြစ်ပွားမှု ပြန်လည်ရှိလာသည့်အတွက် ပြည်သူများအနေဖြင့် စနစ်တကျ mask တပ်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးများမပြုလုပ်ဘဲ ယခင်က ကိုဗစ်ရောဂါကာကွယ်နည်းများကို အဆက်မပျက် လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ချင်းပြည်နယ် ဖလမ်းမြို့တွင်လည်း ကိုဗစ်ရောဂါကူးစက်ခံရသူ လူနာ ၅ ဦးရှိသည်ဟုသိရပြီး ချင်းလူမျိုးအများစုနေထိုင်သော စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင်လည်း ကိုဗစ်ကူးစက်ခံရမှု ရှိလာနေပြီဟု သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံရသူများအနက် (၈၀) ရာခိုင်နှုန်းမှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်း မရှိသူများဖြစ်ပြီး၊ (၁၅.၉) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး (၁) ကြိမ်ထိုးနှံထားသူ၊ (၄) ရာခိုင်နှုန်းမှာ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားပြီးသူနှင့် (ဝ.၁) ရာခိုင်နှုန်းမှာ ထပ်ဆောင်းကာကွယ်ဆေးထိုးပြီးသားသူများဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.