• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တူမီးထီအစီအစဉ် (၆) လတာ ကာလအတွင်း ချင်းပြည်နယ်ရှိ IDPs များအတွက် ကျပ်သိန်း ၁၀၀ ကျော် အားဖြည့်ပေးနိုင်ခဲ့

တူမီးထီအစီအစဉ် (၆) လတာ ကာလအတွင်း ချင်းပြည်နယ်ရှိ IDPs များအတွက် ကျပ်သိန်း ၁၀၀ ကျော် အားဖြည့်ပေးနိုင်ခဲ့

0
By Editor on November 20, 2022 Khonumthung

ချင်းရန်ပုံငွေအဖွဲ့၏ တူမီးထီအစီအစဉ်မှ (၆) လတာ ကာလအတွင်း ချင်းပြည်နယ်ရှိ စစ်ဘေးရှောင် IDPs များအတွက် အမေရိကန်ဒေါ်လာ ၄၁၉၀ (မြန်မာငွေ ၁၀,၄၇၅,၀၀၀) အားဖြည့်ပေးနိုင်ခဲ့သည်ဟု သိရသည်။

တူမီးထီအစီစဉ်သည် ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများ၏ ဘဏ္ဍာငွေ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အွန်လိုင်းမှတဆင့် ထီများရောင်းချကာ ရံပုံငွေများရှာဖွေသည့်အစီစဉ်ဖြစ်ပြီး ယင်းအစီစဉ်မှရရှိလာသော ရံပုံငွေများကို ချင်းတော်လှန်ရေးအင်အားစုများသာမကပဲ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အားဖြည့်ပေးနိုင်လာ ခဲ့ခြင်းဖြစ်သည်။

တူမီးထီအစီအစဉ်က ချင်းပြည်နယ် ၉ မြို့နယ်ရှိ စစ်ရှောင်ပြည်သူများထံ လိုအပ်သည့်အကူအညီများအား ပံ့ပိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပံ့ပိုးမှုများမှာ – ဟားခါးမြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၂၇၅၊ ထန်တလန်မြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၅၀၀၊ တီးတိန် မြို့နယ် အတွက် အမေရိကန်ဒေါ်လာ – ၂၇၅၊ တွန်းဇံမြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၂၇၅၊ ဖလမ်းမြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၅၀၀၊ မတူပီမြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၅၀၀၊ ပလက်ဝမြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၅၀၀၊ ကန်ပက်လက်မြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၆၅၀၊ မင်းတပ်မြို့နယ်အတွက် အမေရိကန်ဒေါ်လာ – ၆၅၀ စသဖြင့် အသီးသီး ကူညီပံ့ပိုးခဲ့သည်ဟု ချင်းရံပုံငွေအဖွဲ့ကထုတ်ပြန်သည်။

စစ်ကောင်စီ၏ အကြမ်းဖက်ထိုးစစ်ဆင်မှု၊ အကြောင်းမဲ့ ပစ်ခတ်မှုများကြောင့် ချင်းပြည်နယ်ရှိ ပြည်သူ ငါးသောင်း (၅၀၀၀၀) ခန့်သည် တောထဲ တောင်ထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး တချို့က အိန္ဒိယ-မြန်မာနယ်စပ်တွင် လိုအပ်ချက်များစွာဖြင့် ခိုလှုနေထိုင်ကြလျက်ရှိကြသည်ဟု တူမီးထီအဖွဲ့ကဆိုသည်။

ချင်းပြည်နယ်တွင် တော်လှန်ရေးအရှိန်မြင့်တင်ကာ ဆက်လက်ရှေ့ဆက်နိုင်ရန်အတွက် တူမီးထီတစ်စောင်ကို ၅ ဒေါ်လာဖြင့် လစဉ်ရောင်းချပေးလျက်ရှိပြီး တော်လှန်ပြည်သူ/ထောက်ပို့ပြည်များအနေဖြင့် ဆက်လက်ပါဝင်အားဖြည့်ပေးကြဖို့ တူမီးထီအဖွဲ့က မေတ္တာရပ်ခံထားသည်။

ချင်းရန်ပုံငွေအဖွဲ့၏ တူမီးထီအစီအစဉ်စတင်ပြီး ၆ လ အတွင်း Asho Chin Defense Force အပါအဝင် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ဖြင့်ဖွဲ့စည်းထားသည့် CJDC ထံသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၁၆၀ ဘဏ္ဍာငွေ အားဖြည့်ပေးနိုင်ခဲ့ပြီးဖြစ်သည်ဟုလည်း တူမီးထီအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.