Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDF-KKG ရဲဘော် ၄၆ ဦးကျဆုံး၊ ရဲဘော် ၁၁ ဦး မသန်စွမ်းဖြစ်ခဲ့ရ

တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း CDF-KKG ရဲဘော် ၄၆ ဦးကျဆုံး၊ ရဲဘော် ၁၁ ဦး မသန်စွမ်းဖြစ်ခဲ့ရ

0
By Editor on August 14, 2024 Khonumthung

(004SS)

ချင်း၊ မကွေးနှင့် စစ်ကိုင်းတို့တွင် စစ်ရေးလှုပ်ရှားနေသော ချင်းလက်နက်ကိုင်တပ်ဖွဲ့ CDF- KKG သည် စစ်အာဏာရှင်တော်လှန်ရေး ၃ နှစ်ကျော်အတွင်း ရဲဘော် ၄၆ ဦး ကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိမှုကြောင့် မသန်စွမ်းဖြစ်ခဲ့ရသူ ရဲဘော် ၁၁ ယောက်ရှိခဲ့သည်ဟု CDF-KKG Global Support Team က ထုတ်ပြန်သည်။

ထိခိုက်ဒဏ်ရာရရှိသော ရဲဘော် ၁၁ ဦးမှာ ရှေးတန်းတွင် တိုက်ပွဲဝင်သည့်အချိန် နယ်မြေရှင်းလင်းနေစဉ် မိုင်းမတော်တဆမှု တို့ကြောင့် မျက်စိ၊ ခြေထောက်နှင့် လက်ဆုံးရှုံးသူများဖြစ်ကြပြီး ဆေးဝါကုသရန် အကူအညီများလိုအပ်နေကြောင်း CDF-KKG Global Support Team က ဩဂုတ်လ ၁၃ ရက်နေ့တွင် ရုပ်သံနှင့်တကွ ထုတ်ပြန်ခဲ့သည်။

ဒါဏ်ရာရ ရဲဘော်များထဲတွင် ဆေးဝါးကုသမှုခံယူပြီးနောက် ပြန်လည်ကောင်းမွန်လာသူများရှိသော်လည်း အချို့မှာ အကောင်းပကတိအတိုင်း ပြန်မဖြစ်တော့ဘဲ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝသို့ရောက်ခဲ့ကြရသည်ဟု သိရသည်။

ထိုကဲ့သို့ ကိုယ်လက် အင်္ဂါဆုံးရှုံးမှုကြောင့် မသန်စွမ်းဘဝရောက်ခဲ့ကြသော်လည်း မိမိယုံကြည်ချက်အတွက် အားမလျှော့ဘဲ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အသက် ၂၀ အရွယ် CDF-KKG တပ်ရင်း ၄၊ တပ်ခွဲ ၂ တပ်ခွဲမှူး မုန်တိုင်းကပြောသည်။

“ကျွန်တော်ကတော့ မိုင်းရှင်းရင်းနဲ့ ထိခိုက်တာပါ။ ဒါဏ်ရာကတော့ ဘယ်ဘက် ဒူးခေါင်းအောက်ပိုင်း ခြေထောက်မှာပေါ့။ ခြေတုနဲ့လဲ အဆင်ပြေပါတယ်။ သေနတ်ကိုင်တာ ခြေထောက်နဲ့မှမဟုတ်တာ၊ လက်နဲ့ကိုင်တာဆိုတော့ လက်ကဘာမှ မဖြစ်ဘူး၊ အဆင်ပြေပါတယ်။ စိတ်ဓါတ်မကျပါဘူး” ဟု မုန်တိုင်းက ပြောသည်။

ပြည်တွင်းပြည်ပရောက်ရှိနေကြသော ချင်းပြည်သူများအနေဖြင့် တော်လှန်ရေးရဲဘော်များ၏ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာမှ အားဖြည့်ကူညီပေးကြရန်လည်း CDF-KKG Global Support Team က တောင်းဆိုထားသည်။

CDF – KKG သည် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းက လူမျိုး၊ ဘာသာ မတူညီကွဲပြားကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများထံမှ ပေါက်ဖွားလာသော တော်လှန်ရေးအဖွဲ့အစည်းဖြစ်ပြီး စစ်ကောင်စီ ကျဆုံးရေးကို ရှေးရှူ၍ နေရာဒေသမရွေး စစ်ရေးဖော်ဆောင်လျက်ရှိ ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.