• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တြန္းဇံ၊ ထန္တလန္ႏွင့္ ဖလမ္းၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း တစ္ေသာင္းေက်ာ္ရွိဟု တပ္မေတာ္ထပ္မံထုတ္ျပန္

တြန္းဇံ၊ ထန္တလန္ႏွင့္ ဖလမ္းၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္ေသာ မဲစာရင္းေပါင္း တစ္ေသာင္းေက်ာ္ရွိဟု တပ္မေတာ္ထပ္မံထုတ္ျပန္

0
By Editor on January 11, 2021 Headline

#Unicode

By လားနွန် – ချင်းပြည်နယ် တွန်းဇံ၊ ထန်တလန်နှင့် ဖလမ်းမြို့နယ်တွင် မဲမသမာမှုပြုနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် မဲမသမာမှုြ ဖစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း (၁၂၉၉၂) ကျော်ရှိသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇန်နဝါရီလ (၈) ရက်နေ့ (၉) ရက်နေ့တို့မှ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက တပ်မတော်သားများဆန္ဒမဲပေးခဲ့သော မြို့နယ်များနှင့် စပ်လျဉ်း၍ မဲစာရင်းစီစစ်မှုများကို ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ (၈) ရက်နေ့က ၁၂ ကြိမ်မြောက် ထုတ်ပြန်ချက်တွင် ဖလမ်းမြို့နယ်အတွင်း မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း စုစုပေါင်း (၃၈၄၃) ရှိသည်ဟုဖော်ပြသည်။

အလားတူ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဇန်နဝါရီလ (၉) ရက်နေ့က ထပ်မံထုတ်ပြန်ချက်တွင် မဲမသမာမှု ပြုနိုင်သည့်ထပ်နေသော မဲစာရင်းနှင့် မဲမသမာမှု ဖြစ်နိုင်သည့် အခြားမဲစာရင်း တွန်းဇံမြို့နယ်တွင် စုစုပေါင်း (၃၃၈၁) နှင့် ထန်တလန်မြို့နယ်တွင်စုစုပေါင်း (၅၇၆၈) ရှိသည်ဟုဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်အရ ဖလမ်းမြို့နယ်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲဲ) မဲစာရင်းတွင် ပါဝင်နေသူ အများဆုံးဖြစ်ပြီး (၁၅၀၈) ဦး၊ နိုင်ကတ်တူ ဖခင်တူ (အမည်လွဲ၊ အသက်လွဲ၊ မိခင်အမည်လွဲသူများ) (၁၃၈) ဦးနှင့် နိုင်ကတ်တူ အမည်တူ (အသက်လွဲ၊ မိဘအမည်လွဲသူများ) (၁၁၈) ဦး စသည်ဖြင့် တွေ့ရပြီး ထန်တလန်မြို့နယ်တွင် နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) (၂၅၉၈) ဦး၊ နိုင်ကတ်အမှတ် (၁) ခုတည်းဖြင့် မဲစာရင်း(၃) ကြိမ်ပါဝင်နေသူများ (၁၃၈) ဦးစသဖြင့်အများဆုံးတွေ့ရကာ တွန်းဇံမြို့နယ်တွင်လည်း နိုင်ကတ်အမှတ်တူနေသူများ (ကျန်အချက်အားလုံးလွဲ) (၁၂၇၆) ဦးနှင့် နိုင်ကတ်တူ မိဘတူ (အမည်လွဲ၊ အသက်လွဲသူများ) (၈၂) ဦးစသဖြင့်အသီးသီးတွေ့ရှိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ထန်တလန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးခင်အောင်လိန်းက “ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာကတော့ မဲစာရင်းတွေကတော့ မပြည့်စုံမှုတွေတော့ရှိကောင်းရှိမယ် ဒါကတော့ ကျနော်တို့ကလည်းတတ်နိုင်သမျှအကောင်းဆုံးလုပ်ထားတယ် မဲမသမှုကမရှိနိုင်ဘူးလို့ဖြေရမှာပါ ဘာလို့လဲဆိုရင် ကျနော်တို့လုပ်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးမှာ ဒီရပ်ကွက်တစ်ခုခြင်းစီအလိုက် မဲရုံတစ်ခုခြင်းစီအလိုက် ဆောင်ရွက်နေတာဖြစ်တဲ့အတွက် တချို့ဟာတွေသည် မဲစာရင်းထပ်တာရှိခဲ့ရင်တောင်မှ ဒီမဲရုံတစ်ရုံမှာ ထပ်တဲ့ဟာဆိုလို့ရှိရင် မရှိလောက်ဘူးလို့ကျနော်အနေနဲ့ ယုံကြည်တယ် တစ်ခုကတော့ ထပ်တဲ့ဟာဆိုလို့ ဥပမာ ဟိုဘက်ကျေးရွာကနေ ဒီဘက်ကျေးရွာပြောင်းသွားလို့ မပျယ်ဖျတ်မိတာ ဒီဟာမျိုးတွေကျနော်တို့ကန့်ကွက်တဲ့သူလည်း မရှိဘူး ကျနော်တို့ဘက်ကလည်းမသိဘူး ဟိုဘက်မှာပြောင်းသွားတဲ့အချိန်မှာ အဝင်တော့ပြတယ် ဟိုဘက်စာရင်း တွေမှာတိုးသွားတယ် ဒီဘက်စာရင်းမှာမဖျက်ဘူး အဲဒါမျိုးတော့ရှိကောင်းရှိမယ် ဒီဟာတွေကျတော့ မသမာမှုမဖြစ်နိုင်ပါဘူး” ဟု ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည့် မဲမသမှုရှိနိုင်ချေရှိသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ တွန်းဇံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးထန်ဟောက်လန်ကလည်း “ တပ်မတော်ရဲ့ပြန်ကြားချက်အရ ဘယ်လိုမျိုးမဲမသမာမှုဖြစ်နိုင်လဲဆိုတာတော့မသိဘူး ကျနော်တို့ဆီမှာတော့ မဲမသမာမှု မရှိလို့လည်း အခုချိန်ထိဘာမှ တိုင်ကြားစာတို့ဘာတို့လည်း ဒီရွေးကောက်ပွဲရလဒ်ကြေငြာပြီး (၄၅) ရက်အတွင်းမှာ တိုင်တာဘာတွေလည်းမရှိဘူးဆိုတော့ မသမာမှုတော့ဘာမှမရှိပါဘူး’’ ဟု ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့နယ်တွင်လည်း မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း စုစုပေါင်း ၆၉၄၅ နှင့် တီးတိန်မြို့နယ်တွင် စုစုပေါင်း (၈၄၃၁) နှင့် မတူပီမြို့နယ်တွင် စုစုပေါင်း ၄၆၈၄ ရှိသည်ဟုဆိုကာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အစောပိုင်းကလည်း အသီးသီးထုတ်ပြန်ခဲ့ပြီး ၎င်းမြို့နယ်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှ မဲမသမှုမရှိကြောင်း ပြန်လည်ငြင်းဆိုခဲ့ကြသည်။

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္ တြန္းဇံ၊ ထန္တလန္ႏွင့္ ဖလမ္းၿမိဳ႕နယ္တြင္ မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာမဲစာရင္းႏွင့္ မဲမသမာမႈျ ဖစ္ႏိုင္သည့္ အျခားမဲစာရင္း စုစုေပါင္း (၁၂၉၉၂) ေက်ာ္ရွိသည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က ဇန္နဝါရီလ (၈) ရက္ေန႔ (၉) ရက္ေန႔တို႔မွ ထုတ္ျပန္ခ်က္အရသိရသည္။ 

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕အေနျဖင့္ ၂၀၂၀ ေရြးေကာက္ပြဲတုန္းက တပ္မေတာ္သားမ်ားဆႏၵမဲေပးခဲ့ေသာ ၿမိဳ႕နယ္မ်ားႏွင့္ စပ္လ်ဥ္း၍ မဲစာရင္းစီစစ္မႈမ်ားကို ျပဳလုပ္လ်က္ရွိၿပီး ဇန္နဝါရီလ (၈) ရက္ေန႔က ၁၂ ႀကိမ္ေျမာက္ ထုတ္ျပန္ခ်က္တြင္ ဖလမ္းၿမိဳ႕နယ္အတြင္း မဲမသမာမႈျပဳႏိုင္သည့္ ထပ္ေနေသာ မဲစာရင္းႏွင့္ မဲမသမာမႈ ျဖစ္ႏိုင္သည့္ အျခားမဲစာရင္း စုစုေပါင္း (၃၈၄၃) ရွိသည္ဟုေဖာ္ျပသည္။ 

အလားတူ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔၏ ဇန္နဝါရီလ (၉) ရက္ေန႔က ထပ္မံထုတ္ျပန္ခ်က္တြင္ မဲမသမာမႈ ျပဳႏိုင္သည့္ထပ္ေနေသာ မဲစာရင္းႏွင့္ မဲမသမာမႈ ျဖစ္ႏိုင္သည့္ အျခားမဲစာရင္း တြန္းဇံၿမိဳ႕နယ္တြင္ စုစုေပါင္း (၃၃၈၁) ႏွင့္ ထန္တလန္ၿမိဳ႕နယ္တြင္စုစုေပါင္း (၅၇၆၈) ရွိသည္ဟုေဖာ္ျပထားသည္။

ယင္းထုတ္ျပန္ခ်က္အရ ဖလမ္းၿမိဳ႕နယ္တြင္ ႏိုင္ကတ္အမွတ္တူေနသူမ်ား (က်န္အခ်က္အားလံုးလြဲဲ) မဲစာရင္းတြင္ ပါ၀င္ေနသူ အမ်ားဆံုးျဖစ္ၿပီး (၁၅၀၈) ဦး၊ ႏိုင္ကတ္တူ ဖခင္တူ (အမည္လြဲ၊ အသက္လြဲ၊ မိခင္အမည္လြဲသူမ်ား) (၁၃၈) ဦးႏွင့္ ႏိုင္ကတ္တူ အမည္တူ (အသက္လြဲ၊ မိဘအမည္လြဲသူမ်ား) (၁၁၈) ဦး စသည္ျဖင့္ ေတြ႕ရၿပီး ထန္တလန္ၿမိဳ႕နယ္တြင္ ႏိုင္ကတ္အမွတ္တူေနသူမ်ား (က်န္အခ်က္အားလံုးလြဲ) (၂၅၉၈) ဦး၊ ႏိုင္ကတ္အမွတ္ (၁) ခုတည္းျဖင့္ မဲစာရင္း(၃) ႀကိမ္ပါ၀င္ေနသူမ်ား (၁၃၈) ဦးစသျဖင့္အမ်ားဆံုးေတြ႕ရကာ တြန္းဇံၿမိဳ႕နယ္တြင္လည္း ႏိုင္ကတ္အမွတ္တူေနသူမ်ား (က်န္အခ်က္အားလံုးလြဲ) (၁၂၇၆) ဦးႏွင့္ ႏိုင္ကတ္တူ မိဘတူ (အမည္လြဲ၊ အသက္လြဲသူမ်ား) (၈၂) ဦးစသျဖင့္အသီးသီးေတြ႕ရွိရသည္။

ယခုကိစၥႏွင့္ပတ္သက္၍ ထန္တလန္ၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ဦးခင္ေအာင္လိန္းက “ၿပီးခဲ့တဲ့ေရြးေကာက္ပြဲမွာကေတာ့ မဲစာရင္းေတြကေတာ့ မျပည့္စံုမႈေတြေတာ့ရွိေကာင္းရွိမယ္ ဒါကေတာ့ က်ေနာ္တို႔ကလည္းတတ္ႏိုင္သမွ်အေကာင္းဆံုးလုပ္ထားတယ္ မဲမသမႈကမရွိႏိုင္ဘူးလို႔ေျဖရမွာပါ ဘာလို႔လဲဆိုရင္ က်ေနာ္တို႔လုပ္တဲ့လုပ္ငန္းစဥ္တစ္ခုလံုးမွာ ဒီရပ္ကြက္တစ္ခုျခင္းစီအလိုက္ မဲရံုတစ္ခုျခင္းစီအလိုက္ ေဆာင္ရြက္ေနတာျဖစ္တဲ့အတြက္ တခ်ိဳ႕ဟာေတြသည္ မဲစာရင္းထပ္တာရွိခဲ့ရင္ေတာင္မွ ဒီမဲရံုတစ္ရံုမွာ ထပ္တဲ့ဟာဆိုလို႔ရွိရင္ မရွိေလာက္ဘူးလို႔က်ေနာ္အေနနဲ႔ ယံုၾကည္တယ္ တစ္ခုကေတာ့ ထပ္တဲ့ဟာဆိုလို႔ ဥပမာ ဟိုဘက္ေက်းရြာကေန ဒီဘက္ေက်းရြာေျပာင္းသြားလို႔ မပ်ယ္ဖ်တ္မိတာ ဒီဟာမ်ိဳးေတြက်ေနာ္တို႔ကန္႔ကြက္တဲ့သူလည္း မရွိဘူး က်ေနာ္တို႔ဘက္ကလည္းမသိဘူး ဟိုဘက္မွာေျပာင္းသြားတဲ့အခ်ိန္မွာ အ၀င္ေတာ့ျပတယ္ ဟိုဘက္စာရင္း ေတြမွာတိုးသြားတယ္ ဒီဘက္စာရင္းမွာမဖ်က္ဘူး အဲဒါမ်ိဳးေတာ့ရွိေကာင္းရွိမယ္ ဒီဟာေတြက်ေတာ့ မသမာမႈမျဖစ္ႏိုင္ပါဘူး” ဟု ေျပာသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးမွ ထုတ္ျပန္ထားသည့္ မဲမသမႈရွိႏိုင္ေခ်ရွိသည္ဆိုသည့္ကိစၥႏွင့္ပတ္သက္၍ တြန္းဇံၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ဦးထန္ေဟာက္လန္ကလည္း “ တပ္မေတာ္ရဲ႕ျပန္ၾကားခ်က္အရ ဘယ္လိုမ်ိဳးမဲမသမာမႈျဖစ္ႏိုင္လဲဆိုတာေတာ့မသိဘူး က်ေနာ္တို႔ဆီမွာေတာ့ မဲမသမာမႈ မရွိလို႔လည္း အခုခ်ိန္ထိဘာမွ တိုင္ၾကားစာတို႔ဘာတို႔လည္း ဒီေရြးေကာက္ပြဲရလဒ္ေၾကျငာၿပီး  (၄၅) ရက္အတြင္းမွာ တိုင္တာဘာေတြလည္းမရွိဘူးဆိုေတာ့ မသမာမႈေတာ့ဘာမွမရွိပါဘူး’’ ဟု ေျပာသည္။ 

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္တြင္လည္း မဲမသမာမႈျပဳႏိုင္သည့္ မဲစာရင္းေပါင္း စုစုေပါင္း ၆၉၄၅ ႏွင့္ တီးတိန္ၿမိဳ႕နယ္တြင္ စုစုေပါင္း (၈၄၃၁) ႏွင့္ မတူပီၿမိဳ႕နယ္တြင္ စုစုေပါင္း ၄၆၈၄ ရွိသည္ဟုဆိုကာ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔က အေစာပိုင္းကလည္း အသီးသီးထုတ္ျပန္ခဲ့ၿပီး ၎ၿမိဳ႕နယ္ရွိ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕မ်ားမွ မဲမသမႈမရွိေၾကာင္း ျပန္လည္ျငင္းဆိုခဲ့ၾကသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.