• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တွန်းဇံမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တွန်းဇံမြို့နယ်တွင် မူလတန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

0
By Editor on November 19, 2019 Headline

By လားနွန် – ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စု Tuivial zang ကျေးရွာတွင် တာဝန်ကျသည့် မူလတန်း ကျောင်းဆရာမတစ်ဦးကို အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ကသည်းလူမျိုးတစ်ဦးက ပြီးခဲ့သည့် နိုဝင်ဘာလ (၁၇) ရက်ညက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်စဉ်မှာ Tuivialzang ကျေးရွာတွင် တာဝန်ကျသော မူလတန်းပြဆရာ အသက် (၂၇) နှစ်အရွယ် မ Dim Lun Mang သည် နိုဝင်ဘာလ ၁၇ ရက်ည ၉ နာရီခွဲခန့်တွင် ၎င်းကျေးရွာတွင် အိမ်ထောင်ကျပြီးနေထိုင်သည့် ကသည်းလူမျိုး Vinok (ခေါ်) Binok က သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဟိုင်ကျင်းကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။

“ည(၉) ခွဲလောက်မှာအခင်းဖြစ်တယ် အဲဒီကျေးရွာမှာ ဆရာမကနေတာတော့ တော်တော်ကြာပြီ လူမှုရေးကိစ္စနဲ့ စကားများတာဖြစ်တယ် လူမှုရေးကိစ္စနဲ့စကားများဖူးတယ်လို့လည်းပြောကြတယ် ဒါပေမဲ့
အကြောင်းအရင်းတော့ ကျနော်လည်းမသိရသေးဘူး အဲဒါပဲကျနော်တို့ကြားထားတယ်” ဟု
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကမ်ဇအင်ကပြောသည်။

အခင်းဖြစ်ပွားသည့် အချိန်တွင် ကျောင်းသူနစ်ယောက်လည်း ဆရာမနှင့်အတူရှိနေပြီး ဆရာမကို ပစ်သတ်ပြီးနောက် Vinok သည် အိန္ဒိယဘက်သို့ထွတ်ပြေးသွားသည်ဟုသိရသည်။

ဦးကမ်ဇအင်က “ပစ်တဲ့သူက ဘယ်သူမှမဖမ်းလိုက်နိုင်ဘူး ဖမ်းမယ့်သူလည်းမရှိဘူး တကယ်ပြောရမယ်ဆိုရင်လုံ ခြုံရေးလည်းမရှိဘူး သေနတ်သမားဆိုပါတော့ ကျေးရွာအချင်းချင်းလည်း မလုပ်ရဲတဲ့သဘောဖြစ်မလားတော့မသိဘူး သူတို့က သူတို့ရွာမှာမရှိတော့ဘူးတဲ့ ထွက်သွားပြီတဲ့ သူတို့ကနယ်စပ်ဆိုတော့လေ တစ်ဖာလုံလမ်းလျှောက်လိုက်ရင် ကုလားပြည်ရောက်သွားတာဆိုတော့
တဖက်နိုင်ငံကိုထွက်သွားပြီလို့သူတို့ပြောကြတယ်” ဟု ပြောသည်။

ဟိုင်ကျင်းကျေးရွာမှ (၉) မိုင်ခန့်ဝေးသော Tuivialzang ကျေးရွာသည် အိမ်ခြေ (၁၄) အိမ်ခန့်ရှိပြီး အိန္ဒိယ-မြန်မာနယ်စပ်တွေတည်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။ ချင်းပြည်နယ် တွန်းဇံမြို့နယ် ဟိုင်ကျင်းကျေးရွာအုပ်စုသည် အိန္ဒိယနိုင်ငံမှ ကသည်းသူပုန်များ ခြေကုပ်ယူထားသည့် ဒေသဖြစ်ပြီး ကသည်းလူမျိုးအတော်များများ ချင်းအမျိုးသမီးများလည်း အိမ်ထောင်ပြုနေထိုင်ကြသည်ဟု သိရသည်။

ဆရာမ Dim Lun Mang သည် ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ဇာတိဖြစ်ပြီး အလောင်းကို တွန်းဇံမြို့နယ်မှ ခိုင်ကမ်းမြို့သို့သယ်ဆောင်လာကြပြီဟုသိရသည်။

(Photo – Tedim Times)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.