Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တွန်းဇံ၊ ကျီခါးမြို့သိမ်းတိုက်ပွဲများတွင် အရပ်သားနေအိမ် ၄၀ ထက်မနည်း ထိခိုက်ပျက်စီး၊ တွန်းဇံမြို့ပေါ်နှင့်ကျေးရွာ ၁၅ ရွာမှ စစ်ဘေးရှောင် ပြည်သူ တစ်သောင်းကျော် အရေးပေါ်အကူအညီများ လိုအပ်

တွန်းဇံ၊ ကျီခါးမြို့သိမ်းတိုက်ပွဲများတွင် အရပ်သားနေအိမ် ၄၀ ထက်မနည်း ထိခိုက်ပျက်စီး၊ တွန်းဇံမြို့ပေါ်နှင့်ကျေးရွာ ၁၅ ရွာမှ စစ်ဘေးရှောင် ပြည်သူ တစ်သောင်းကျော် အရေးပေါ်အကူအညီများ လိုအပ်

0
By Editor on May 21, 2024 Headline

(006SV)

ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဆုံး၊ တွန်းဇံမြို့သိမ်းတိုက်ပွဲတွင် အရပ်သားနေအိမ် ၄၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး မြို့ပေါ်နှင့် ရွာများမှ ဒေသခံပြည်သူ တစ်သောင်းကျော် နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရကြောင်း တွန်းဇံ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

တွန်းဇံမြို့နှင့် ကျီခါးမြို့သိမ်းတိုက်ပွဲများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး တွန်းဇံမြို့ပေါ် ခေါဝုန်းလေးဆန် ရပ်ကွက်တွင် လူနေအိမ် ၃၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့က ယနေ့ မေလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။

လုံတပ်ကျေးရွာ၊ ဖိုင်တူကျေးရွာများဘက်တွင်လည်း ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြောင့် တွန်းဇံမြို့ပေါ် ရပ်ကွက် ၂ ခုမှ မြို့လုံးကျွတ်စစ်ဘေးရှောင်ရကြောင်း၊ မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၅ ရွာ စစ်ဘေးရှောင်ရပြီး စစ်ဘေးရှောင်ဦးရေ နေ့စဉ် ပိုမိုများပြားလာနေကြောင်း တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“တိုက်ပွဲက တော်တော်ပြင်းထန်တော့ တွန်းဇံမြို့ မြို့လုံးကျွတ်နီးပါးပေါ့၊ ၉၀ ရာခိုင်နှုန်းလောက်ကတော့ ထွက်ပြေးကုန်ကြတယ်။ ကျန်တဲ့လူတွေက သက်ကြီးရွယ်အို၊ နာတာရှည် ရောဂါသယ်တွေပဲ ကျန်တော့တာ၊၊ သူတို့ကိုကြ သွားသယ်လို့လည်း မရဘူး။ ဘာမှ သွားစုံစမ်းလို့လည်း မရဘူး။ ဒီအတိုင်းပဲ လောလောဆယ် အခုက အဝင်အထွက်က ပိတ်သွားတော့ သူတို့ စုထားတဲ့ ထမင်း၊ ဟင်းပဲ စားပြီးတော့ သူ့အိမ်၊ သူ့ယာမှာပဲ နေကြတော့တာပေါ့” ဟု ၎င်းက ပြောသည်။

မြို့ပေါ်တွင် ထွက်မပြေးနိုင်ဘဲ ပိတ်မိနေသော ပြည်သူများအတွက် အထူးစိုးရိမ်နေရကြောင်း ၎င်းကဆိုသည်။

တွန်းဇံမြို့ပေါ်က စစ်ရှောင်ရသူ ဦးရေ ၈၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံပြည်သူ ၂၀၀၀ ကျော် တို့သည် တောတောင်များ၊ တွန်းဇံမြို့အနီးအနား ရွာများ၊ ကလေးမြို့နှင့် စစ်ကိုင်းတိုင်ထဲက ရွာများအထိ အိုးအိမ်စွ့န် ခွာ စစ်ဘေး ရှောင်တိမ်းနေရကြောင်း သိရသည်။

စစ်ဘေးရှောင်များတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ အများအပြား ပါဝင်နေသောကြောင့် အမိုးအကာများ၊ စားနပ်ရိက္ခာအတွက် ဆန်၊ ဆီ၊ ဆားများ၊ ဆေးဝါးများ ပမာဏများစွာ လိုအပ်နေကြောင်း သိရသည်။

“အခုချိန်က တွန်းဇံပြည်သူ့အုပ်ချုပ်ရေးကပဲ ဖြစ်ဖြစ်၊ တခြားအဖွဲ့ကပဲ ဖြစ်ဖြစ် ဒီလို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်ဆိုတာကို ကြိုမသိထားတဲ့အတွက် ကြိုတင်ပြင်ဆင်မှု လုံးဝကိုမရှိခဲ့တာ။ အဲဒါကြောင့် စစ်ပြေးဒုက္ခသည်တွေက စစ်ဖြစ်မှ ထွက်ပြေးရ တယ်ဆိုတော့ သူတို့မှာ တော်တော်လေး အခက်အခဲ ကြုံရတယ်” ဟု တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ကောင်စီသည် တွန်းဇံမြို့နယ်အတွင်း မေလ ၁၁ ရက်မှစတင်၍ ယနေ့ မေလ ၂၁ ရက်အထိ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ချင်းကာကွယ်ရေးတပ်ဖွဲ့ နှင့် မဟာမိတ်တပ်ဖွဲ့ (၁၄) ဖွဲ့ ခန့်သည် မေလ ၁၅ ရက်က တွန်းဇံမြို့သိမ်းစစ်ဆင်ရေးကို စတင်တိုက်ခဲ့ပြီး ယနေ့ မေလ ၂၁ ရက်တွင် တွန်းဇံမြို့နယ်အားလုံးကို အလုံးစုံသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် ZRA – EC တပ်ဖွဲ့မှ ၂၀ ခန့် သေဆုံးခဲ့ပြီး ချင်းပူးပေါင်းတပ်ဖွဲ့မှ နှစ်ဦး ကျဆုံးခဲ့ကာ မစိုးရိမ်ရ ဒဏ်ရာ (၁၀) ဦးခန့် ဒဏ်ရာများရရှိခဲ့ကြေင်း၊ ချင်းပူးပေါင်းတပ်က လက်နက်ခဲယမ်း ၅၀ ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဘေးရှောင်များအတွက် တွန်းဇံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘုတ်အဖွဲ့၏ အောက်ပါ နွေဦးဘဏ် အကောင့်နှင့် လိပ်စာတို့မှ တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

(SDB
Username – @tonzangadmin
UD – 2661f25c-2283-4e3e-b0cf-54f61cfd5868)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.