#Zawgyi
By ႏွင္းႏွင္း – ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕တြင္ Porcine Circovirus Type-2 (PCV-2) ဟုေခၚေသာ ၀က္အားနည္းေရာဂါေၾကာင့္ ၀က္ ရာႏွင့္ခ်ီ ေသဆံုးမႈျဖစ္ပြားေနသည္ဟု သိရသည္။
ထန္တလန္ၿမိဳ႕နယ္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ စာရင္းအရ အဆိုပါ ၀က္အားနည္းေရာဂါေၾကာင့္ ထန္တလန္ၿမိဳ႕ေပၚတြင္ ေမြးျမဴထားၾကသည့္ ၀က္မ်ားသည္ ဧၿပီလကစ၍ စတင္ေသဆံုးၿပီး ယေန႔ခ်ိန္ထိ ၀က္ (၁၈၇) ေကာင္ ေသဆံုးသြားၿပီျဖစ္ေၾကာင္းသိရသည္။
ထန္တလန္ၿမိဳ႕မွ က်န္းမာေရးမေကာင္းေသာ အိမ္ေမြး၀က္မ်ား၏ နမူနာကို မႏၱေလးၿမိဳ႕ရွိ ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးခဲ့ရာတြင္ Porcine Circovirus Type-2 (PCV-2) ဟုေခၚေသာ ၀က္အားနည္းေရာဂါျဖစ္ေၾကာင္း ေတြ႔႐ွိရၿပီ ၀က္မ်ား သည္ အစာမစားျခင္း၊ အသည္းေရာင္အသား၀ါျဖစ္ျခင္း၊ အျပာကြက္ထျခင္း၊ ေရာဂါျပင္းထန္ၿပီး အျခားေရာဂါ၀င္ ေရာက္မႈေၾကာင့္ ေသဆံုးၾကျခင္းျဖစ္သည္ဟု သိရသည္။
ထန္တလန္ၿမိဳ႕အမွတ္ (၁) ရပ္ကြက္ အုပ္ခ်ဴပ္ေရးမွဴး ဦး Van Thlir က “ဝက္ေတြကအစာကုိမစားခ်င္တာ ဝက္ေတြအားနည္းျပီးေသတာ၊ ၃ လေလာက္ရွိၿပီ၊ ဒီမနက္မွာလဲ ၅ ေကာင္ေလာက္ေသတာ ကြ်န္ေတာ္တုိ႕ရပ္ကြက္မွာ’’ ဟု ေျပာသည္။
ယခုကဲ့သို႔ ၀က္ရာႏွင့္ခ်ီေသဆံုးမႈျဖစ္ပြားသည့္အတြက္ ထန္တလန္ၿမိဳ႕တြင္ ၀က္သယ္ယူခြင့္ႏွင့္ သားသတ္ခံုမ်ားတြင္ ၀က္သားေရာင္းခ်ျခင္းမျပဳရန္ႏွင့္ ၀က္သားမစားၾကရန္ ပိတ္ပင္ထားသည္ဟုသိရသည္။
Porcine Circovirus Type-2 (PCV-2) ဟုေခၚေသာ ၀က္အားနည္းေရာဂါသည္ လူသို႔ကူစက္ႏုိင္ျခင္းမရွိဘဲ ၀က္အခ်င္းခ်င္းသာကူးစက္ႏုိင္သည္ဟုသိရသည္။
#Unicode
By နှင်းနှင်း – ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် Porcine Circovirus Type-2 (PCV-2) ဟုခေါ်သော ဝက်အားနည်းရောဂါကြောင့် ဝက် ရာနှင့်ချီ သေဆုံးမှုဖြစ်ပွားနေသည်ဟု သိရသည်။
ထန်တလန်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းအရ အဆိုပါ ဝက်အားနည်းရောဂါကြောင့် ထန်တလန်မြို့ပေါ်တွင် မွေးမြူထားကြသည့် ဝက်များသည် ဧပြီလကစ၍ စတင်သေဆုံးပြီး ယနေ့ချိန်ထိ ဝက် (၁၈၇) ကောင် သေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။
ထန်တလန်မြို့မှ ကျန်းမာရေးမကောင်းသော အိမ်မွေးဝက်များ၏ နမူနာကို မန္တလေးမြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာတွင် Porcine Circovirus Type-2 (PCV-2) ဟုခေါ်သော ဝက်အားနည်းရောဂါဖြစ်ကြောင်း တွေ့ရှိရပြီ ဝက်များ သည် အစာမစားခြင်း၊ အသည်းရောင်အသားဝါဖြစ်ခြင်း၊ အပြာကွက်ထခြင်း၊ ရောဂါပြင်းထန်ပြီး အခြားရောဂါဝင် ရောက်မှုကြောင့် သေဆုံးကြခြင်းဖြစ်သည်ဟု သိရသည်။
ထန်တလန်မြို့အမှတ် (၁) ရပ်ကွက် အုပ်ချူပ်ရေးမှူး ဦး Van Thlir က “ဝက်တွေကအစာကိုမစားချင်တာ ဝက်တွေအားနည်းပြီးသေတာ၊ ၃ လလောက်ရှိပြီ၊ ဒီမနက်မှာလဲ ၅ ကောင်လောက်သေတာ ကျွန်တော်တို့ရပ်ကွက်မှာ’’ ဟု ပြောသည်။
ယခုကဲ့သို့ ဝက်ရာနှင့်ချီသေဆုံးမှုဖြစ်ပွားသည့်အတွက် ထန်တလန်မြို့တွင် ဝက်သယ်ယူခွင့်နှင့် သားသတ်ခုံများတွင် ဝက်သားရောင်းချခြင်းမပြုရန်နှင့် ဝက်သားမစားကြရန် ပိတ်ပင်ထားသည်ဟုသိရသည်။
Porcine Circovirus Type-2 (PCV-2) ဟုခေါ်သော ဝက်အားနည်းရောဂါသည် လူသို့ကူစက်နိုင်ခြင်းမရှိဘဲ ဝက်အချင်းချင်းသာကူးစက်နိုင်သည်ဟုသိရသည်။