Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ထန်တလန်မြို့နယ် တလန်ခွါရွာကို စစ်ကောင်မရှင်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၆ ဦးသေဆုံး

ထန်တလန်မြို့နယ် တလန်ခွါရွာကို စစ်ကောင်မရှင်တပ်က လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၆ ဦးသေဆုံး

0
By Editor on February 10, 2026 Khonumthung

(004SS)

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါကျေးရွာကို ယနေ့ ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ကျောင်းသူ/ကျောင်းသားများအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ၅ ဦးပွဲချင်းသေဆုံးခဲ့ကာ နောက်တစ်ဦးမှာ ဒဏ်ရာပြင်းထန်မှုကြောင့် ထပ်မံ သေဆုံးခဲ့ရကြောင်း သိရသည်။

“ နေ့လယ်က ဗုံးကြဲသွားတာ ၅ ယောက် ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်မှ တစ်ဦးက ထပ်ဆုံးတာ။ ဒဏ်ရာရတဲ့သူက ၇ ယောက်လောက်ရှိတယ်လို့ ကြားသိရတယ်။ တလန်ခွါက ဖလမ်းမြို့နယ်ဘက်နဲ့နီးတယ်၊ Khuahringtlang တောင် ကြော မှာရှိတာပေါ့နော်။ အရင် က ခဏခဏဗုံးကျဲခံရတဲ့ khuafo ကျေးရွာနဲ့ တောင်ကြောတစ်ခုတည်းမှာတည်တာပါ” ဟု အကြောင်းသိရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးကြဲမှုကြောင့် သေဆုံးသူများမှာ – ပူးရလ်လပ်၊ ပူးထန်ကျဲအို၊ ပူးရွှေကျုံး၊ ပူးငွန်လျန်းထောင်၊ ပူးကျုံးကျင်းထောင်၊ ပူးဗျက်ကုန်း တို့ဖြစ်ကြသည်။ ထို့အပြင် ဗုံးကြဲမှုကြောင့် ကျောင်းသူ/သား အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စုစုပေါင်း ဒဏ်ရာရရှိသူ ၇ ဦးခန့် ရှိနေကြောင်း သိရသည်။

ဒေသခံပြည်သူများသည် လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်မှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

CDF – အရှိုတပ်ဦးချုပ်ကျဆုံးမှုသည် တော်လှန်ရေးအတွက်သာမက အရှိုချင်းတစ်မျိုးသားလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

August 21, 2026

အိုင်ဇောလ်ချင်းငြိမ်းချမ်းရေးညီလာခံမှာ CC နှင့် ICNCC တို့ကို CPRI က သီးခြားစီတွေ့ဆုံဆွေးနွေး

August 20, 2026

ကန်ပက်လက်က စစ်ရှောင်စခန်း ဗုံးကြဲခံရပြီး အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

August 20, 2026

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.