• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဒီဇင္ဘာ ၂၄ ရက္ေန႔မွ စတင္ကာ ကေလးျမဳိ႕တျမဳိ႕လုံး Stay At Home ျပန္လည္ေျဖေလွ်ာ့မည္

ဒီဇင္ဘာ ၂၄ ရက္ေန႔မွ စတင္ကာ ကေလးျမဳိ႕တျမဳိ႕လုံး Stay At Home ျပန္လည္ေျဖေလွ်ာ့မည္

0
By Editor on December 23, 2020 Khonumthung

#Unicode

နှင်းနှင်း – စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တမြို့လုံးကို ဒီဇင်ဘာလ (၁၂ မှ ၂၄) ရက်နေ့အထိ Stay At Home သတ်မှတ်ခဲ့ပြီး မနက်ဖြန်ကစ၍ Stay At Home သတ်မှတ်ရက်ပြည့်သွားပြီဖြစ်သောကြောင့် ပြန်လည် ဖြေလျှော့သွားမည်ဖြစ်ကြောင်း ကလေးမြို့နယ်၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးကပြော သည်။

“Stay At Home ကမနက်ဖြန်ဖြုတ်မယ်၊ ဝန်ကြီးဌာနကလည်း စာထုတ်ထားပြီလေ၊ ပုံမှန်အလုပ်တွေ လုပ်ရမယ်၊ ကျန်းမာရေးကိုလည်း သတိထားရင်းလူနေမှုပုံစံအသစ်နဲ့ကိုယ်လုပ်စရာတွေကို လုပ်ရတော့မှာ ဒီရောဂါကဘယ်လိုမှ အမြစ်ဖြတ်လို့မရဘူးလေ၊ မနေ့ညကထပ်တွေ့တဲ့သူ (၅) ဦးစလုံးက ပိုးတွေ့လူနာနဲ့ ထိစပ်တဲ့သူတွေပဲ” ဟု ဒေါ်ရှားမီးကပြောသည်။

ကလေးမြို့ရပ်ကွက် (၅) ရပ်ကွက်တွင် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုတိုးများလာသော ကြောင့် ကလေးမြို့တမြို့လုံးကို ဒီဇင်ဘာလ (၁၂) နေ့ကစပြီး Stay At Home အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ (၂၂) ရက်နေ့ကလည်း ကလေးတက္ကသိုလ် CBFQ Center တွင် အသွား/အလာကန့်သတ်ထားရှိသူနှင့် Home Quarantine သတ်မှတ်၍ အသွားအလာကန့်သတ်ထားရှိသူ (၅) ဦးတွင်ကိုဗစ်ပိုးထပ်မံ တွေ့ရှိခဲ့သည်။

အဆိုပါ (၅) ဦးမှာ ကလေးမြို့၊ ချမ်မြေ့အောင်စည်ရပ်ကွက် နယ်မြေ ၂/၁၁၁ မှ အသက် (၇၀) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက် (၃၉) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အောင်မင်္ဂလာရပ်ကွက် နယ်မြေ ၄/၁၈ မှ အသက် (၄၇) နှစ်အရွယ်အမျိုးသားတစ်ဦး၊ အသက် (၃၄) နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အောင်သစ္စာရပ်ကွက်နယ်မြေ ၂/၂၄ မှ အသက် (၁၂) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြသည်။

ကလေးမြို့တွင်လက်ရှိအချိန်ထိ ကိုဗစ်ပိုးတွေ့လူနာ (၃၃၂) ဦးအထိရှိခဲ့ပြီး လက်ရှိတိုင်းရင်းဆေးရုံတွင် (၁၄) ဦးနှင့် ပြည်သူ့အငှားအိမ်ယာအိတ်စွပ်တွင် (၄၄) ဦး စုစုပေါင်းကိုဗစ်အတည်ပြုလူနာ (၅၈) ဦးတို့သည် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

#Zawgyi

ႏွင္းႏွင္း – စစ္ကုိင္းတုိင္းေဒသၾကီး၊ ကေလးျမဳိ႕တျမဳိ႕လုံးကုိ ဒီဇင္ဘာလ (၁၂ မွ ၂၄) ရက္ေန႔အထိ Stay At Home သတ္မွတ္ခဲ့ျပီး မနက္ျဖန္ကစ၍ Stay At Home သတ္မွတ္ရက္ျပည့္သြားျပီျဖစ္ေသာေၾကာင္ ့ျပန္လည္ ေျဖေလွ်ာ့သြားမည္ျဖစ္ေၾကာင္း ကေလးျမဳိ႕နယ္၊ ျပည္သူ႔လြတ္ေတာ္ကုိယ္စားလွယ္ ေဒၚရွားမီးကေျပာ သည္။ 

“Stay At Home ကမနက္ျဖန္ျဖဳတ္မယ္၊ဝန္ၾကီးဌာနကလည္းစာထုတ္ထားျပီေလ၊ ပုံမွန္အလုပ္ေတြ လုပ္ရမယ္၊ က်န္းမာ ေရးကုိလည္းသတိထားရင္းလူေနမႈပုံစံအသစ္နဲ႔ကုိယ္လုပ္စရာေတြကုိ လုပ္ရေတာ့မွာ ဒီေရာဂါကဘယ္လုိမွ အျမစ္ျဖတ္လုိ႔မရဘူးေလ၊ မေန႔ညကထပ္ေတြ႔တဲ့သူ (၅) ဦးစလုံးက ပိုးေတြ႕လူနာနဲ႕ ထိစပ္တဲ့သူေတြပဲ” ဟု ေဒၚရွားမီးကေျပာသည္။ 

ကေလးျမဳိ႕ရပ္ကြက္ (၅) ရပ္ကြက္တြင္ ေဒသအတြင္းကုိဗစ္-၁၉ ေရာဂါပုိးကူးစက္ခံရမႈတုိးမ်ားလာေသာ ေၾကာင့္ ကေလးျမဳိ႕တျမဳိ႕လုံးကုိ ဒီဇင္ဘာလ (၁၂)ေန႔ကစၿပီး Stay At Home အျဖစ္သတ္မွတ္ခဲ့ျခင္းျဖစ္သည္။ 

ဒီဇင္ဘာ (၂၂) ရက္ေန႔ကလည္း ကေလးတကၠသုိလ္ CBFQ Center တြင္ အသြားအလာကန္႔သတ္ထားရွိ သူႏွင့္ Home Quarantine သတ္မွတ္၍ အသြားအလာကန္႔သတ္ထားရွိသူ (၅)ဦးတြင္ကုိဗစ္ပုိးထပ္မံ ေတြ႔ရွိခဲ့သည္။

အဆုိပါ (၅) ဦးမွာ ကေလးျမဳိ႕၊ခ်မ္ေျမ့ေအာင္စည္ရပ္ကြက္ နယ္ေျမ ၂/၁၁၁ မွအသက္ (၇၀)ႏွစ္အရြယ္ အမ်ဳိးသားတစ္ဦး၊အသက္ (၃၉)ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ေအာင္မဂၤလာရပ္ကြက္ နယ္ေျမ ၄/၁၈ မွ အသက္ (၄၇)ႏွစ္အရြယ္အမ်ဳိးသားတစ္ဦး၊အသက္ (၃၄)ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦး၊ ေအာင္သစၥာ ရပ္ကြက္နယ္ေျမ ၂/၂၄ မွ အသက္ (၁၂) ႏွစ္အရြယ္အမ်ဳိးသမီးတစ္ဦးတုိ႔ျဖစ္ၾကသည္။

ကေလးျမဳိ႕တြင္လက္ရွိအခ်ိန္ထိကုိဗစ္ပုိးေတြ႔လူနာ (၃၃၂) ဦးအထိရွိခဲ့ျပီး လက္ရွိတုိင္းရင္းေဆးရုံတြင္ (၁၄) ဦးႏွင့္ ျပည္သူ႔အငွားအိမ္ယာအိတ္စြပ္တြင္ (၄၄) ဦး စုစုေပါင္းကုိဗစ္အတည္ျပဳလူနာ (၅၈) ဦးတုိ႔သည္ ေဆးကုသမႈခံယူေနေၾကာင္းသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.