Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နန်ဇံတရွာလုံး မီးရှို့ဖျက်ဆီးမှု ZRA တာဝန်ခံစေရမည်ဟု CNF ထုတ်ပြန်

နန်ဇံတရွာလုံး မီးရှို့ဖျက်ဆီးမှု ZRA တာဝန်ခံစေရမည်ဟု CNF ထုတ်ပြန်

0
By Editor on April 8, 2025 Headline

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ နန်ဇံ (Nakzang) ရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးမှုအပေါ် ZRA က တာဝန်ခံစေရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဧပြီလ ၇ ရက်က ထုတ်ပြန်သည်။

“ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေက အဓိက အဲဒါကို ZRO/ ZRA အပေါ်မှာ အားလုံး တာဝန်ရှိတယ်။ ဒီနွေဦးတော်လှန်ရေးကာလမှာ တဖက်နဲ့ တဖက် စစ်ရေးအရ ပြသနာကို ဖြေရှင်းရမယ့်ဟာကို ဘာမှ မဆီမဆိုင်တဲ့ ပြည်သူလူထုကို အဲဒီလိုအသက်အိုးအိမ်စည်းစိမ်းကို မီးရှို့ဖျက်စီးမှုတွေဟာ ပြည်သူလူထုတွေရဲ့ အခက်အခဲဖြစ်ပေါ် မှုဟာ သူတို့ အပေါ်မှာပဲ တာဝန်ရှိတယ်လို့ ပြောချင်တာပါ” ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဧပြီလ ၃ ရက်က ZRA တပ်ဖွဲ့သည် တွန်းဇန်မြို့ရှိ ချင်းပြည်ကောင်စီပူးပေါင်းတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွာခဲ့ရာမှ ZRA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် နန်ဇံကျေးရွာ လူနေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။

နေအိမ်မီးရှို့ဖျက်စီးခံရသော နန်ဇံကျေးရွာသားများသည် တွန်းဇံမြို့ပေါ်တွင် ခိုလှုံနေထိုင်လျက်ရှိပြီး အခြေခံစားနပ်ရိက္ခာ များအပါအဝင် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

နန်ဇံကျေးရွာသည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – တွန်းဇံ၏ စစ်ဦးစီချုပ်တာဝန်ယူထားသူ ပူးထန်ဆွင်းမုန်၏ ဇာတိရွာဖြစ်သည်ဟု သိရသည်။

“ကျနော် ဇာတိရွာပါ။ မီးရှို့သွားကြပါတယ်။ ZRA တွေက တအားစိတ်နာလွန်လို့ မီးရှို့သွားတာပါ။ အခုချိန်မှာက ကျနော်တို့လည်း ZRA နဲ့ စကစ ရန်ကြောင့် လက်နက်ခဲယမ်းတွေ ဖြည့်တင်းရတဲ့အချိန် ဖြစ်နေတယ်။ အဲဒါကြောင့် ဘာမှ ကူညီပေးနိုင်တာ မဟုတ် သေးဘူး။ ပြည်တွင်းပြည်ပက ကူညီပေးတာတွေရှိရင်တော့ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်မှာပါ။ လောလောဆယ်မှာ ကျနော်တို့ ဘာသာပဲ ပြန်လည်ထူထောင်ရေးလုပ်ဖို့က မလွယ်လောက်သေးဘူးလို့ အများပြည်သူကို တောင်းပန်ချင်ပါတယ်” ဟု CDF – တွန်းဇံမှ ပူးထန်ဆွင်းမုန်က ပြောသည်။

နိုင်ငံတဝန်းငလျင်ဘေးကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် မတ်လ ၂၈ ရက်ကတည်းက တဖက်သတ် အပစ်ရပ်ဆိုင်းထားမှုကို အခွင့်ကောင်းယူပြီး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်နှင့် အရပ်သားများကို ရည်ရွည်ချက် ရှိရှိ တိုက်ခိုက်ခြင်းကို လုံးဝလက်ခံ၊ သည်းခံနိုင်စရာ မရှိသည့်အတွက် လိုအပ်သလို ပြန်လည်တုန့်ပြန်သွားမည်ဟု CNF က ဆိုသည်။

“သူတို့က စစ်ရေးအရ ကျနော်တို့ကို လာထိုးနေတယ်။ အဲဒါကြောင့် ကျနော်တို့က ဘက်ပေါင်းစုံကနေ တုန့်ပြန်သွားမှာပေါ့။ ပြည်သူလူထု ထိခိုက်နစ်နာမှုတွေကိုသော်လည်းကောင်း၊ အဓိကက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေသော်လည်းကောင်း ဒါက ကျနော်တို့ သည်းခံမှာ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ပြည်သူဘက်ကနေပြီးတော့ ဘက်ပေါင်းစုံကနေ တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

ZRA သည် နွေဦးတော်လှန်ရေးတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအပေါ် မကြာခဏ တိုက်ခိုက်မှု ကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ZRA သည် ၂၀၁၀ ခုနှစ်စတင်ပြီး တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ဒေသခံပြည်သူများကို ဧကပေါင်းများစွာ ဘိန်းစိုက်ပျိုးစေပြီး ဘိန်းထုတ်လုပ်ရေးနှင့် ဘိန်းရောင်းဝယ်ရေးကို စနစ်တကျ လုပ်ကိုင်သော အဖွဲ့ဖြစ်သည်ဟူ ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။

ZRA – EC တပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Zomi Political Coordination Committee ၏ ဧပြီလ ၅ ရက်ထုတ်ပြန်ချက်တွင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်က နန်ဇံကျေးရွာ နေအိမ် ၇၀ ဝန်းကျင်ကို ရွာလုံးကျွတ် မီးရှို့ဖျက်စီးခဲ့သည်ဟု တန်ပြန်စွပ်စွဲ ထုတ်ပြန်ထားသည်။

ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် Zomi Political Coordination Committee ထံသို့ တွန်းဇံမြို့ကို ဝင်ရောက်တိုက်ခိုက်မှု၊ နန်းဇံရွာ မီးရှို့ခံမှုရနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစာသော်လည်း တုန့်ပြန်ဖြေဆိုခြင်း မပြုကြပါ။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နန်ဇံရွာ မီးရှို့ခံရမှုသည် ZRA တပ်ဖွဲ့က ကျူးလွန်ခြင်းကို ဒေသခံရွာသားအားလုံးက သိရှိထားပြီး ဒေသခံရွာသားများကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ZRA – EC မီးရှို့ဖျက်စီးမှုသည် ငြင်းမရသော အမှန်တရားသာဖြစ်ကြောင်း ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.