Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နန်ဇံတရွာလုံး မီးရှို့ဖျက်ဆီးမှု ZRA တာဝန်ခံစေရမည်ဟု CNF ထုတ်ပြန်

နန်ဇံတရွာလုံး မီးရှို့ဖျက်ဆီးမှု ZRA တာဝန်ခံစေရမည်ဟု CNF ထုတ်ပြန်

0
By Editor on April 8, 2025 Headline

(006SV)

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ နန်ဇံ (Nakzang) ရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးမှုအပေါ် ZRA က တာဝန်ခံစေရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ဧပြီလ ၇ ရက်က ထုတ်ပြန်သည်။

“ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေက အဓိက အဲဒါကို ZRO/ ZRA အပေါ်မှာ အားလုံး တာဝန်ရှိတယ်။ ဒီနွေဦးတော်လှန်ရေးကာလမှာ တဖက်နဲ့ တဖက် စစ်ရေးအရ ပြသနာကို ဖြေရှင်းရမယ့်ဟာကို ဘာမှ မဆီမဆိုင်တဲ့ ပြည်သူလူထုကို အဲဒီလိုအသက်အိုးအိမ်စည်းစိမ်းကို မီးရှို့ဖျက်စီးမှုတွေဟာ ပြည်သူလူထုတွေရဲ့ အခက်အခဲဖြစ်ပေါ် မှုဟာ သူတို့ အပေါ်မှာပဲ တာဝန်ရှိတယ်လို့ ပြောချင်တာပါ” ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဧပြီလ ၃ ရက်က ZRA တပ်ဖွဲ့သည် တွန်းဇန်မြို့ရှိ ချင်းပြည်ကောင်စီပူးပေါင်းတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွာခဲ့ရာမှ ZRA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် နန်ဇံကျေးရွာ လူနေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။

နေအိမ်မီးရှို့ဖျက်စီးခံရသော နန်ဇံကျေးရွာသားများသည် တွန်းဇံမြို့ပေါ်တွင် ခိုလှုံနေထိုင်လျက်ရှိပြီး အခြေခံစားနပ်ရိက္ခာ များအပါအဝင် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။

နန်ဇံကျေးရွာသည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – တွန်းဇံ၏ စစ်ဦးစီချုပ်တာဝန်ယူထားသူ ပူးထန်ဆွင်းမုန်၏ ဇာတိရွာဖြစ်သည်ဟု သိရသည်။

“ကျနော် ဇာတိရွာပါ။ မီးရှို့သွားကြပါတယ်။ ZRA တွေက တအားစိတ်နာလွန်လို့ မီးရှို့သွားတာပါ။ အခုချိန်မှာက ကျနော်တို့လည်း ZRA နဲ့ စကစ ရန်ကြောင့် လက်နက်ခဲယမ်းတွေ ဖြည့်တင်းရတဲ့အချိန် ဖြစ်နေတယ်။ အဲဒါကြောင့် ဘာမှ ကူညီပေးနိုင်တာ မဟုတ် သေးဘူး။ ပြည်တွင်းပြည်ပက ကူညီပေးတာတွေရှိရင်တော့ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်မှာပါ။ လောလောဆယ်မှာ ကျနော်တို့ ဘာသာပဲ ပြန်လည်ထူထောင်ရေးလုပ်ဖို့က မလွယ်လောက်သေးဘူးလို့ အများပြည်သူကို တောင်းပန်ချင်ပါတယ်” ဟု CDF – တွန်းဇံမှ ပူးထန်ဆွင်းမုန်က ပြောသည်။

နိုင်ငံတဝန်းငလျင်ဘေးကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အရေးပေါ်အခြေအနေတွင် မတ်လ ၂၈ ရက်ကတည်းက တဖက်သတ် အပစ်ရပ်ဆိုင်းထားမှုကို အခွင့်ကောင်းယူပြီး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်နှင့် အရပ်သားများကို ရည်ရွည်ချက် ရှိရှိ တိုက်ခိုက်ခြင်းကို လုံးဝလက်ခံ၊ သည်းခံနိုင်စရာ မရှိသည့်အတွက် လိုအပ်သလို ပြန်လည်တုန့်ပြန်သွားမည်ဟု CNF က ဆိုသည်။

“သူတို့က စစ်ရေးအရ ကျနော်တို့ကို လာထိုးနေတယ်။ အဲဒါကြောင့် ကျနော်တို့က ဘက်ပေါင်းစုံကနေ တုန့်ပြန်သွားမှာပေါ့။ ပြည်သူလူထု ထိခိုက်နစ်နာမှုတွေကိုသော်လည်းကောင်း၊ အဓိကက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေသော်လည်းကောင်း ဒါက ကျနော်တို့ သည်းခံမှာ မဟုတ်ဘူး။ အတတ်နိုင်ဆုံး ပြည်သူဘက်ကနေပြီးတော့ ဘက်ပေါင်းစုံကနေ တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီကပြောသည်။

ZRA သည် နွေဦးတော်လှန်ရေးတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအပေါ် မကြာခဏ တိုက်ခိုက်မှု ကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ZRA သည် ၂၀၁၀ ခုနှစ်စတင်ပြီး တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ဒေသခံပြည်သူများကို ဧကပေါင်းများစွာ ဘိန်းစိုက်ပျိုးစေပြီး ဘိန်းထုတ်လုပ်ရေးနှင့် ဘိန်းရောင်းဝယ်ရေးကို စနစ်တကျ လုပ်ကိုင်သော အဖွဲ့ဖြစ်သည်ဟူ ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။

ZRA – EC တပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Zomi Political Coordination Committee ၏ ဧပြီလ ၅ ရက်ထုတ်ပြန်ချက်တွင် ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်က နန်ဇံကျေးရွာ နေအိမ် ၇၀ ဝန်းကျင်ကို ရွာလုံးကျွတ် မီးရှို့ဖျက်စီးခဲ့သည်ဟု တန်ပြန်စွပ်စွဲ ထုတ်ပြန်ထားသည်။

ခိုနူမ်းသုန်သတင်းဌာနအနေဖြင့် Zomi Political Coordination Committee ထံသို့ တွန်းဇံမြို့ကို ဝင်ရောက်တိုက်ခိုက်မှု၊ နန်းဇံရွာ မီးရှို့ခံမှုရနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ကြိုးစာသော်လည်း တုန့်ပြန်ဖြေဆိုခြင်း မပြုကြပါ။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နန်ဇံရွာ မီးရှို့ခံရမှုသည် ZRA တပ်ဖွဲ့က ကျူးလွန်ခြင်းကို ဒေသခံရွာသားအားလုံးက သိရှိထားပြီး ဒေသခံရွာသားများကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ZRA – EC မီးရှို့ဖျက်စီးမှုသည် ငြင်းမရသော အမှန်တရားသာဖြစ်ကြောင်း ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.