• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»နယူးဒေလီတွင် အိမ်ငှားခမပေးနိုင်သည့် ချင်းဒုက္ခသည်မိသားစုနှစ်စုအား အိမ်ရှင်မှ ရိုက်နှက်

နယူးဒေလီတွင် အိမ်ငှားခမပေးနိုင်သည့် ချင်းဒုက္ခသည်မိသားစုနှစ်စုအား အိမ်ရှင်မှ ရိုက်နှက်

0
By Editor on June 11, 2020 Khonumthung

#Zawgyi

By ရစ်ချက် – အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် အိမ်ငှားနေထိုင်လျက်ရှိကြသည့် ချင်းဒုက္ခသည် မိသားစုနှစ်စုတို့အား အိမ်ငှားခ (၃) လစာမပေးနိုင်သေးသည့်အတွက် အိမ်ရှင်မှ လူတစ်စုနှင့် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

အိမ်ငှားခ (၃) လစာ မပေးနိုင်သောကြောင့်ဟုဆိုကာ လာရောက်ရိုက်နှက်သူမှာ ယခင်က ၎င်းတို့ငှားရမ်းနထေိုင်ခဲ့သော အိမ်ရှင်အဟောင်းဖြစ်ပြီး အိမ်ရှင်လင်မယားတို့နှင့်အတူ ကုလား (၂) ဦးကိုပါခေါ်ပြီး ယခုလို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု နယူးဒေလီတွင်နေထိုင်သူ CHRO တာဝန်ခံ Salai Cung Dawt က ပြောပါသည်။

“ဖြစ်ပုံက ဒီလိုရှိတယ်၊ ဒီမိသားစုနှစ်စုက အိမ်အသစ်မှာဝင်တာ ဇွန်လ (၇) ရက်နေ့မှာဝင်တယ်၊ အိမ်ဟောင်းမှာ မတ်လကနေ မေလအထိ (၃) လစာ မပေးနိုင်ဘူး၊ အဲဒါကြောင့် အိမ်ရှင်က မောင်းထုတ်ခဲ့တာဖြစ်တယ်၊ အဲလို မောင်းထုတ်တော့ အိမ်ရှင်ကို သူတို့တောင်းပန်တယ်၊ အကြွေးရှိတဲ့ အိမ်လစာကို အမြန်ဆုံးရှာပြီးပေးမယ်ဆိုပြီး အိမ်ပြောင်းလာတာဖြစ်တယ်၊ အိမ်ပြောင်းလာတာ (၃) ရက်လောက်ပဲရှိသေးတယ်၊ အိမ်ရှင်အဟောင်းမှ အိမ်ရှင်ရယ်၊ အိမ်ရှင်မရယ်၊ ကုလား (၂) ယောက် ခေါ်ပြီးတော့ ဇွန်လ (၁၀) ရက်နေ့ ည (၈) နာရီလောက်မှာ လာပြီး ရိုက်ကျတာဖြစ်တယ်” လို့ ပြောပါသည်။

ဆက်လက်၍ Salai Cung Dawt က “အရိုက်နှက်ခံမိသားစုနှစ်စုမှာ အရင်အိမ်ဟောင်းမှာလည်း အတူတူနေထိုင်ကြတာဖြစ်သလို အိမ်အသစ်မှာလည်း အတူတူနေထိုင်ကြတာဖြစ်တယ်၊ တစ်ယောက်ကတော့ (၁၀) နှစ်အရွယ်ကလေး အမေဖြစ်တယ်၊ သူ့မှာ လင်ယောကျာ်းမရှိတော့ဘူးလို့ပြောပါတယ်၊ နောက်တစ်ယောက်ကလည်း ကလေး (၃) ယောက်အမေ မုဆိုးမဖြစ်တယ်။ UN ကဒ်မှာ widow ဆိုပြီးရေးထားတယ်။ ကလေး (၃) ယောက်ကလည်း အသက်မပြည့်ကြသေးဘူး။ အဲဒါကို အိမ်လစာ (၃) လစာ မပေးနိုင်ဘူးဆိုပြီး အိမ်ရှင်တွေက ရိုက်တယ်၊ ကလေးတွေ ကိုလည်း ရိုက်တယ်၊ အိမ်ရှင်မတွေကိုလည်း ရိုက်တယ်၊ အိမ်ရှင်မ တစ်ယောက်ကတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ချိုးယွင်းချက်ရှိတဲ့သူဆိုတော့ shock ဖြစ်ပြီး မနေ့ညက ဆေးရုံတင်လိုက်ရတယ်” လို့ ပြောပါသည်။

ဒီကိစ္စကြောင့် ဆေးရုံပို့လိုက်ရသည့် အမျိုးသမီးအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်းနှင့် အရိုက်နှက်ခံ ကလေးများသည် အသက်မပြည့်သေးသည့် ကလေးများဖြစ်ကြသည့်အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိပါးမှာစိုးရိမ်ကြောင်း Salai Cung Dawt က ယခုလို ခိုနှုမ်းသုန်သတင်းဌာနကို ဆက်ပြောပါသည်။

“ဆေးရုံပို့ရတဲ့ အမျိုးသမီးမှာ မနေ့ည ၁၂ နာရီထိတော့ စကားပြောလို့မရသေးဘူး၊ ဒီနေ့မနက်တော့ အဆက်အသွယ်မလုပ်ရသေးတော့ အခြေအနေမပြောပြနိုင်သေးဘူး၊ နောက်ပြီး ကြီးမားတဲ့ ဒဏ်ရာတွေတော့ မရကျဘူး၊ ပါးတွေကို ရိုက်တယ်၊ ဆံပင်တွေ စောင့်ဆွဲတာမျိုးလုပ်တယ်၊ ဒါပေမယ့် ကလေးတွေက အသက်မပြည့်ကြသေးတော့ အရမ်းလန့်တာပေါ့၊ အိမ်နားက စကားပြန်အဖြစ်ခေါ်တဲ့ အမျိုးသမီးတစ်ဦးလည်း ပါးအရိုက်ခံရတယ်” လို့ ဆက်ပြောပါသည်။

အဆိုပါကိစ္စကို တာဝန်ရှိရဲဌာနအား အသိပေးအကြောင်းကြားသော်လည်း ရဲများလာရောက်ပြီး ချက်ချင်းဆောင်ရွက်လို့မရကြောင်းနှင့် နောက်တစ်နေ့မှ FIR ရေးပြီး ရဲဌာနတွင် report ပေးဖို့ ပြောဆိုခဲ့ကြောင်း သိရသည်။

အလားတူ UN ကိုလည်း အကြောင်းကြားထားပြီးပြီဖြစ်ကြောင်းနှင့် UN အနေနဲ့ အခြေအနေများကိုကြည့်ပြီး တတ်နိုင်သည့်ဘက်မှ ကြိုးစားဆောင်ရွက်ပေးမယ်ဟုလည်း ပြောဆိုခဲ့ကြောင်း ထပ်မံသိရသည်။

#Zawgyi

By နှင်းနှင်း – ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ကုသမူ့ခံယူနေသည့် COVID -19 လူနာအမှတ် (၂၃) နှင့် (၁၁၃) တို့၏ ဓာတ်ခွဲစစ်ဆေးမူအဖြေ (၂) ကြိမ်ဆက်တိုက် Negative ပြပြီး ကျန်းမာရေးကောင်းမွန်သည့်အတွက် ယနေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းပြီဟု သိရသည်။

လူနာအမှတ် (၂၃) နှင့် (၁၁၃) တို့သည် ဆေးရုံးမှ ယနေ့မနက်ပိုင်း ဆင်းခွင့်ပေးလိုက်ပြီဖြစ်ပြီး နေအိမ်တွင် Quarantine ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ဆေးရုံကနေ ဒီနေ့မနက်ပိုင်းဆင်းမယ်၊ သူ့တို့နှစ်ယောက်ကို အိမ်မှာပဲ Quarantine ဆက်ထားမယ်၊ သူတို့ရဲ့ ကျန်းမာရေးက ကျန်းကျန်းမာမာ ပါပဲ မလေးရှားပြန် (၃) ယောက်ကျန်မယ်” ဟု ပြောသည်။

လူနာအမှတ် (၂၃) သည် မြန်မာနိုင်ငံတွင် ပထမဆုံး ကိုဗစ်နိုင်တင်း လူနာအမှတ် (၁) ၏ မိခင်အသက် (၅၈) နှစ်အရွယ်ဖြစ်ပြီး လူနာအမှတ် (၁၁၃) သည် လူနာအမှတ် (၁) နှင့် ထိစပ်မှု အသက် (၆၅) နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြသည်။

တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် မလေးရှားပြန်နှစ်ယောက်လူနာအမှတ် (၂၀ဝ)၊ (၂၀၁) နှင့် လူနာအမှတ်တည်းခိုသည့် တီးတိန်မြို့က အိမ်ရှင်လူနာအမှတ် (၃၁) တို့သည် Positive ဖြစ်နေဆဲဖြစ်ကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာ (၁၀) ရှိပြီး တီးတိန်မြို့တွင် (၅) ဦး၊ ထန်တလန် (၁)ဦး၊ ဟားခါး (၁) ဦးနှင့် မင်းတပ်မြို့တွင် (၁) ဦးရှိပြီး ၎င်းတို့ထဲတွင် လူနာအမှတ် (၁)၊ (၂၃)၊ (၇၈)၊ (၁၁၃) နှင့် (၁၅၀) တို့မှာ Negative နှစ်ကြိမ်ပြ၍ ဆေးရုံကဆင်းနေကြပြီဖြစ်ကြောင်းသိရသည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး Positive ရှိနေဆဲဖြစ်သည့် လူနာ (၅) ဦးရှိပြီး ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ထန်တလန်မြို့နယ် လူနာအမှတ် (၁၈၂) နှင့် မင်းတပ်မြို့မှ ပိုးတွေ့လူနာအမှတ် (၂၃၂) ၊ တီးတိန်မြို့နယ် လူနာအမှတ် (၂၀ဝ)၊ လူနာအမှတ် (၂၀၁)၊ လူနာအမှတ် (၃၁) တို့ရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.