Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»နာဂအရပ်ဖက်အဖွဲ့အစည်းများက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရန် အိန္ဒိယပြည်ထဲရေးကို စာပို့

နာဂအရပ်ဖက်အဖွဲ့အစည်းများက တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရန် အိန္ဒိယပြည်ထဲရေးကို စာပို့

0
By Editor on June 18, 2024 Khonumthung

(005MK)

နာဂအရပ်ဖက်အဖွဲ့အစည်း ၄ ဖွဲ့က အိန္ဒိယနိုင်ငံထဲ တရားမဝင် နေထိုင်ကြသော မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့ရန် တောင်းဆိုသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးထံသို့ ပေးပို့ခဲ့ကြသည် ဟုသိရသည်။

မဏိပူရ် နှင့် နာဂလဲန်းပြည်နယ်အခြေစိုက် နာဂအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော The United Naga Council (UNC)၊ Naga Women’s Union (NWU)၊ All Naga Students Association Manipur (ANSAM) နှင့် Naga People’s Movement for Human Rights (NPM-HR) စသည့်အဖွဲ့ ၄ ဖွဲ့က အိန္ဒိယပြည်ထဲရေး ဝန်ကြီး Amit Shah ထံသို့ ဇွန်လ ၁၅ ရက်နေ့က အိပ်ဖွင့်ပေးစာကိုပေးအပ်ခဲ့ကြခြင်းဖြစ်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini နှင့် အိန္ဒိယသတင်းစာများတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၅၄၅၇ ဦးတို့သည့် မဏိပူရ်ပြည်နယ် Kamjong ခရိုင် Tangkhul နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြပြီး အဆိုပါ ရွှေ့ပြောင်းနေထိုင်သူများ၏ အရေအတွက်မှာ ဒေသတွင်း နေထိုင်သူများထက် သိသိသာသာ များပြားနေပြီး လူမှုရေးနှင့် ယဉ်ကျေးမှု မညီမျှမှုများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

နာဂ ကျေးရွာ ၈ ရွာတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများ၏ ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို ကောက်ယူ ထားပြီးဖြစ်သော်လည်း အမြဲပြောင်းရွှေ့နေထိုင်ကြသည့်အတွက် ၎င်းတို့အခြေအနေအား စောင့်ကြည့်ရန်မှာ စိန်ခေါ်မှု ရှိနေသည်ဟု နာဂအဖွဲ့များက ဆိုသည်။

ယခုအခါ မြန်မာနိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းမှုရှိလာပြီဖြစ်သည့်အတွက် ၎င်းတို့အား အေးချမ်းစွာနေရပ်ပြန်နိုင်ရေးအတွက် စီစဉ်ပေးရန် အိန္ဒိယပြည်ထဲ ရေးဝန်ကြီးကိုတောင်းဆိုကြောင်း နာဂအရပ်ဖက်အဖွဲ့အစည်းများ၏ အိပ်ဖွင့်ပေးစာတွင်ဖော်ပြထားကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ နှင့် ဇွန်လဆန်းပိုင်းက အင်ဖားမြို့အကျဉ်းထောင်ထဲမှ မြန်မာနိုင်ငံသား ၇၇ ဦးကို မဏိပူရ်အစိုးရနှင့် မြန်မာသံရုံးတို့အစီစဉ်ဖြင့် တမူး-မိုးရေ နယ်စပ်ကတဆင့် နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.