Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံတကာအဖွဲ့များ လူသားစာနာအကူအညီကို တော်လှန်ရေးအဖွဲ့များထံ တိုက်ရိုက်ပေးရန် CNF၊ KNU၊ KNPP နှင့် NUG တို့ ပူးတွဲထုတ်ပြန်
Photo credit

နိုင်ငံတကာအဖွဲ့များ လူသားစာနာအကူအညီကို တော်လှန်ရေးအဖွဲ့များထံ တိုက်ရိုက်ပေးရန် CNF၊ KNU၊ KNPP နှင့် NUG တို့ ပူးတွဲထုတ်ပြန်

0
By Editor on September 17, 2024 Headline

(006SV)

ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနှင့်တကွ ပြည်တွင်းပြည်အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေးနှင့် လူသားစာနာကူညီမှု များကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များထံ တိုက်ရိုက်ပံ့ပိုးပေးရန် အပါအဝင် အချက် ၈ ချက်ကို CNF၊ KNU၊ KNPP နှင့် NUG တို့က ယနေ့ပူးတွဲထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေးကို မိမိတို့အဖွဲ့အစည်း အားလုံးက ကျောချင်းကပ်၊ ရင်ချင်းအပ်လျက် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ၃ ဖွဲ့က စက်တင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ခြင်းဖြစ်သည်။

ပူးတွဲကြေညာချက်တွင် အရေးပေါ် လူသားချင်းစာနာမှုနှင့် ကျန်းမာရေးအကူအညီများ ရေဘေးသင့်ပြည်သူများကို အညီအမျှ ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဒေသအသီးသီးရှိ လူသားစာနာဝန်ကြီးဌာန တာဝန်ခံများ၊ တိုင်းရင်သား လက်နက်ကိုင် တော်လှန် ရေးအဖွဲ့များ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများသို့ တိုက်ရိုက်ပံ့ပိုးကြရန် တောင်းဆိုထားကြသည်။

လူသားစာနာမှု အကူအညီများကို နိုင်ငံရေးနှင့် စစ်ရေးတွင် အမြတ်ထုတ်ခြင်း မခံရအောင် သတိပြုဆောင်ရွက်ခြင်း၊ ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေး ကိစ္စများကို ရေတိုရေရှည် ပံ့ပိုးကူညီခြင်း၊ မြန်မာပြည်သူများအတွက် နိုင်ငံတကာလှူဒါန်း မှုများ ရရှိစေရေ တိုက်တွန်းနှိုးဆော်ပေးခြင်းတို့လည်း ပူးပေါင်းအဖွဲ့က ထုတ်ပြန်သည်။

ထောက်ပံ့လှူဒါန်းမှုများကို ပွင့်လင်းမြင်သာမှု ရှိစွာ အသိပေးလုပ်ဆောင်ခြင်း၊ ထိခိုက်လွယ်အုပ်စုများ၏ လိုအပ်ချက်များကို ထည့်သွင်းကူညီ ပံ့ပိုးပေးခြင်းနှင့် အလေအလွင့် မရှိဘဲ စီမံခန့်ခွဲပေးခြင်းနှင့် စနစ်တကျ စောင့်ကြည့်ကွပ်ကဲခြင်းတို့လည်း တောင်းချက်တွင် ပါဝင်သည်။

တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် ရှမ်း၊ ကရင်နီ၊ ချင်း၊ ကရင်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ မကွေးတို့တွင် နေရာအနှံအပြား မိုးကြီးခြင်း၊ ရေကြီးခြင်းနှင့် မြေပြိုမှုများကြောင့် ပြည်သူ ထောင်ချီ၍ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပူးတွဲ ကြေညာချက်တွင် ထုတ်ပြန်သည်။

ရေဘေးကြောင့် တိုင်းနှင့်ပြည်နယ် ၈ ခုက လူဦးရေ ၇ သိန်းခန့် ထိခိုက်နိုင်မည်ဟု ခန့်မှန်းထားပြီး နေအိမ်အပါအဝင် ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးခြင်း၊ လမ်းတံတားနှင့် အခြေခံအဆောက်အဦးများ ပျက်စီးခြင်း၊ စိုက်ပျိုးမြေများ ရေလွှမ်းမိုးခြင်း၊ မွေးမြူရေး တိရစ္ဆာန်များ သေကြေ ပျက်စီးခြင်းနှင့် ရေသယံဇာတများ ပျက်စီးဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ရေဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို ရရှိနိုင်သည့် အရင်းအမြစ်များကို အသုံးပြု၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဝန်ကြီးဌာန (MoHADM)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ထုတ်ပြန်သည်။

ရေဘေးသင့်ဒေသများတွင် အခြေခံစားနပ်ရိက္ခာပစ္စည်းများ၊ အမိုးအကာများအပြင် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး၊ စိုက်ပျိုးမွေးမြူးရေး စသဖြင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.