Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်းဟု AA ပြော

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် အပစ်ရပ်စဲခြင်းဟု AA ပြော

0
By Editor on November 29, 2022 Headline

ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါ၏ကြားဝင်ဆောင်ရွက်မှုကြောင့် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ အပစ်ရပ်စဲခြင်းဖြစ်သည်ဟု ယနေ့ နိုဝင်ဘာလ ၂၈ ရက် မနက်ပိုင်းကပြုလုပသော သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက် ၁ဝ နာရီတွင်တွင် ULA/AA ၏ ဆဋ္ဌမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်အကြား အပစ်ခတ်ရပ်စဲမှုနှင့်ပတ်သက်၍ ဦးခိုင်သုခက ထိုကဲ့သို့ ပြောဆိုသွားခြင်းဖြစ်သည်ဟု ရခိုင်သတင်းဌာန နိရဉ္စရာကဖော်ပြသည်။

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဂျပန်က နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ကျနော်တို့ ဒီကိစ္စ ဖြစ်ပေါ်လာတယ်လို့ ပြောလို့ရပါတယ်” ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တကျော့ပြန်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားမှုကို နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ နှစ်ဘက်နားလည်မှုဖြင့် လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘော အပစ်ရပ်စဲလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

မစ္စတာဆာဆာကာဝါသည် ယခင် ၂ဝ၂ဝ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ်တုန်းကလည်း စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်စဲရန် ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့သည့်အတွက် အပစ်ရပ်စဲနိုင်ခဲ့ကြသည်။

အသက် ၈၃ နှစ်အရွယ်ရှိပြီးဖြစ်သည့် မစ္စတာ ဆာဆာကာဝါသည် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သလို ဂျပန်ပြည်တွင်းနှင့် ပြည်ပတွင် လူသားချင်းစာနာမှုအထောက်အပံ့များပေးနေသည့် နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.