• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝတွင် အင်တာနက်လိုင်းသုံးလို့ မရသေး
ပလက်ဝတွင် အင်တာနက်လိုင်းသုံးလို့ မရသေး
0
By Editor on August 4, 2020 Headline
#Unicode
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေးအင်တာနက်လိုင်းများကို သြဂုတ်လ (၁) နေ့ညကစ၍ ပြန်လည်ဖွင့်ပေးလိုက်ပြီဟု သတင်းများထွက်ပေါ်လာသော်လည်း ယနေ့ချိန်ထိ အင်တာနက်များသုံးစွဲ၍ မရသေးကြောင်း ပလက်ဝဒေသခံများကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ဒေသခံတစ်ဦးဖြစ်သည့် ကိုအိုက်ထွန်းမင်းက “လောလောဆယ်ထိတော့မရသေးဘူးနော်၊ ရတယ် ဆိုတာက တချို့ဖုန်းတွေမှာ မက်ဆေ့ နဲ့ပို့့ပြီးတော့ အင်တာနက်လိုင်းပြန်ရပြီ ပြန်သုံး လို့ရပြီဆိုတဲ့ မက်ဆေ့ရောက်တာရှိတယ်၊ တချို့ဖုန်းတွေမှာမရောက်ဘူး ကျွန်တော် တို့ဖုန်းတွေဆိုရင်မရောက်ဘူးပေါ့နော် ရောက်တဲ့ဖုန်းတွေကိုလည်း အင်တာနက်သုံး ကြည့်တော ့အင်တာနက်လိုင်းမတက်ဘူး၊ ကျောက်တော်တို့ဖက်မှာလည်းမေးကြည့် တော့ မရဘူးလို့ပြောတယ်၊ အင်တာနက်သုံးလို့ရတဲ့ အခြေ အနေအဆင့်မှာမရှိဘူးပဲ Messenger / Viber တို့စာပို့လို့သုံးလို့မရဘူးဆိုတော့ အင်တာနက်ရတယ်ဆိုတာ ကတော့လက်ခံလို့မရတဲ့အခြေအနေမှာရှိပါတယ်’’ ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် ၈ မြ်ို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစ၍ ဆက်သွယ်ရေး အင်တာနက်လိုင် းများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး အင်တာနက် 4G ကွန်ယက်အပြည့်အဝမရရှိဘဲ 2G ကွန်ယက်အဆင့်သာရှိသောကြောင့် သုံးစွဲ၍မရကြောင်း ပလက်ဝဒေသခံအမျိူးသမီးတစ်ဦးကပြောသည်။
“အင်တာနက်သုံးလို့မရသေးဘူး 2G ပဲ ဖွင့်ပေးတာဆိုတော့အဝိုင်းပဲလည်နေတာ၊ Facebook / Messenger/ Viber အကုန်လုံး သုံးလို့မရဘူး။ သတင်းလည်းဖတ်လို့ မရဘူး။ အင်တာနက်ဖွင့်ပေးတယ်ဆိုရုံပဲ ခုလောလောဆယ် ဘာမှသုံးလို့မရဘူး အရင်အတိုင်း မဖွင့်တာနဲ့မထူးခြားဘူးအပိတ်ခံနေရဆဲပဲ ”ဟု အဆိုပါဒေသခံအမျိူသမီးကပြောသည်။
ယင်းကဲ့သို့ အင်တာနက်အသုံးပြုမှုကို ပိတ်ထားသောကြောင့် ဒေသအတွင်း ၊စီးပွားရေး၊ လူမှုရေး ၊ပညာရေး အဘက်ဘက်မှ ထိခိုက်နှစ်နာမှုများရှိသည့်အပြင် အထူးသဖြင့် ကိုဗစ်နိုင် တင်းကာလဖြစ်သည့်အတွက် ကျန်းမာရေးသတင်းများသိရှိရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု သိရသည်။
ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ဆက်သွယ်ရေး အင်တာနက်လိုင်းပိတ်ပင်မှုသည် တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်၍ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ပိတ်ပင်မှုအဖြစ် စံချိန်တင်ခဲ့ရပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများက အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့ကြသည်။
#Zawgyi
ယင်းကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့ဒေသခံတစ်ဦးဖြစ်သည့် ကိုအိုက်ထွန်းမင်းက “လောလောဆယ်ထိတော့မရသေးဘူးနော်၊ ရတယ် ဆိုတာက တချို့ဖုန်းတွေမှာ မက်ဆေ့ နဲ့ပို့ပြီးတော့ အင်တာနက်လိုင်းပြန်ရပြီ ပြန်သုံး လို့ရပြီဆိုတဲ့ မက်ဆေ့ရောက်တာရှိတယ်၊ တချို့ဖုန်းတွေမှာမရောက်ဘူး ကျွန်တော် တို့ဖုန်းတွေဆိုရင်မရောက်ဘူးပေါ့နော် ရောက်တဲ့ဖုန်းတွေကိုလည်း အင်တာနက်သုံး ကြည့်တော့ အင်တာနက်လိုင်းမတက်ဘူး၊ ကျောက်တော်တို့ဖက်မှာလည်းမေးကြည့် တော့ မရဘူးလို့ပြောတယ်၊ အင်တာနက်သုံးလို့ရတဲ့ အခြေ အနေအဆင့်မှာမရှိဘူးပဲ Messenger / Viber တို့စာပို့လို့သုံးလို့မရဘူးဆိုတော့ အင်တာနက်ရတယ်ဆိုတာ ကတော့လက်ခံလို့မရတဲ့အခြေအနေမှာရှိပါတယ်’’ ဟု ပြောသည်။
မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တိုက်ပွဲဖြစ်ပွားရာဒေသ ရခိုင်ပြည်နယ် ၈ မြို့နယ် နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကစ၍ ဆက်သွယ်ရေး အင်တာနက်လိုင်းများကို အစိုးရက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT အော်ပရေတာကတ်များကို အဓိကအသုံးပြုနေကြပြီး အင်တာနက် 4G ကွန်ယက်အပြည့်အဝမရရှိဘဲ 2G ကွန်ယက်အဆင့်သာရှိသောကြောင့် သုံးစွဲ၍မရကြောင်း ပလက်ဝဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော
စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု
Leave A Reply Cancel Reply
  • Featured Article
February 7, 2023
“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”
January 31, 2023
“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)
January 30, 2023
ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ
January 27, 2023
ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး
Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.