#Unicode
နှင်းနှင်း – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွင် ရခိုင်ပြည်နယ်မှပြန်လာသူ(၅)ဦးထံတွင် ကိုဗစ်ပိုးထပ်မံ တွေ့ရှိသဖြင့် စုစုပေါင်းကိုဗစ်ပိုးတွေ့လူနာ(၁၄)ဦးထိရှိသွားပြီဖြစ်သည်။
ယင်းပို့တွေ့လူနာ (၁၄) ဦးအနက် (၄) ဦးမှာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းသွားကြပြီဖြစ်၍ ယခုလက်ရှိတွင် (၁၀) ဦး ကုသမှုခံယူလျက်ရှိကြောင်း ပလက်ဝမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာ ကပြောသည်။
“အခုတွေ့တဲ့သူတွေက ရခိုင်ပြည်နယ်ကနေပြန်လာတဲ့အဖွဲ့တွေပါ၊ သူူတို့က ပလက်ဝမြို့ပေါ်မှာနေတဲ့ သူတွေပါ၊ ပိုးတွေ့တဲ့သူတွေကို အခုသူတို့ကို(၆)ခန်းတွဲကနေပြီး နိုက်တင်ဂေးခန်းမအဆောင်မှာသီး သန့်လူနာအဖြစ်ထားပါတယ်၊ လက်ရှိ ပလက်ဝဆေးရုံမှာ ၁၀ ယောက်ရှိတယ်သူတို့ရဲ့ကျန်းမာရေးကေ ကာင်းကြတယ်။” ဟု ဦးအောင်လောဟာကပြောသည်။
ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ပလက်ဝမြို့တွင် ကွာရန်တင်းဝင်ရောက်သူများနှင့်ကိုဗစ်ပိုုး တွေ့လူနာများအတွက်ခြုံစောင်လိုအပ်ချက်၊ စားသောက်ရေး နှင့်အခြားလူအသုံးအဆောင်ပစ္စည်း များလိုအပ်ချက်နှင့်ဆေးရုံသုံးပစ္စည်းများမလုံလောက်သည့်အခက်အခဲ များရှိသည်ဟုသိရှိရသည်။
ပလက်ဝမြို့တွင် ကိုဗစ်ပိုးတွေ့ရှိမှုတိုးများလာသောကြောင့် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့မှပြန်လာ သည့်မည်သူမဆို ကွာရန်တင်းထားရှိကြောင်းသိရသည်။
လက်ရှိ ပလက်ဝမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသောကိုဗစ်ပိုးတွေ့လူနာ (၁၀)ဦးနှင့် ကွာရန်တင်းဝင်နေသူ (၄၇) ဦးရှိပြီး အများစုမှာ ပလက်ဝမြို့ပေါ်တွင်နေထိုင်သူများဖြစ်ကြကြောင်း သိရသည်။
#Zawgyi
ဆောင်းရာသီဝင်ရောက်လာပြီဖြစ်သဖြင့် ပလက်ဝမြို့တွင် ကွာရန်တင်းဝင်ရောက်သူများနှင့်ကိုဗစ်ပိုး တွေ့လူနာများအတွက်ခြုံစောင်လိုအပ်ချက်၊ စားသောက်ရေး နှင့်အခြားလူအသုံးအဆောင်ပစ္စည်း များလိုအပ်ချက်နှင့်ဆေးရုံသုံးပစ္စည်းများမလုံလောက်သည့်အခက်အခဲ များရှိသည်ဟုသိရှိရသည်။