• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀တြင္ လူဦးေရ ၂၀၀၀၀ ေက်ာ္ စားနပ္ရိကၡာျပတ္လပ္ေနဆဲ

ပလက္၀တြင္ လူဦးေရ ၂၀၀၀၀ ေက်ာ္ စားနပ္ရိကၡာျပတ္လပ္ေနဆဲ

0
By Editor on May 19, 2020 Headline

#Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ (၅၀၀၀) ေက်ာ္အပါအ၀င္ ေဒသခံျပည္သူ (၂၀၀၀၀) ေက်ာ္တို႔သည္ စားနပ္ရိကၡာျပတ္လပ္မႈကို လတ္တေလာႀကံဳေတြ ႔ေနၾကရဆဲဟု ခ်င္းစစ္ေဘး ေရွာင္ျပည္သူမ်ား ကယ္ဆယ္ေရးႏွင့္ျပန္လည္ထူေထာင္ေရး ေကာ္မတီ (RRCCI) ကေျပာဆို လိုက္သည္။

RRCCI ေျပာခြင့္ရပုဂၢိဳလ္ ဦးေစာျမက “ပလက္၀ျမိဳ႕နဲ႔ (၁၀) မိုင္ ပတ္ပတ္လည္ေလာက္ရိွတဲ့ ရြာ (၁၅) ရြာ ေလာက္ရိွတယ္၊ ပလက္၀ျမိဳ႕ေပၚမွာ ဒုကၡသည္က (၅) ေထာင္ေက်ာ္ေက်ာ္ေလာက္ရိွတယ္၊ ျမိဳ႕သူျမိဳ႕သားေတြက (၂) ေထာင္ေက်ာ္ေလာက္ရိွတယ္၊ အဲဒီ (၁၀) မိုင္ပတ္၀န္းက်င္က (၁၅) ရြာေလာက္ကလူေတြအကုန္ေပါင္းရင္ လူဦးေရ (၂) ေသာင္းေက်ာ္ေလာက္ရိွတယ္၊ အဲဒီပလက္၀ျမိဳ႕ေပၚမွာေရာက္တဲ့ ဆန္အိတ္ (၂) ေထာင္ေက်ာ္က (၂) ပတ္စာပဲရိွမယ္ အခုက တစ္လေက်ာ္သြားျပီဆိုေတာ့ ကုန္ေနျပီျဖစ္ေနတယ္၊ လူဦးေရမ်ားလို႔ အခုက လမ္းေၾကာင္းေတြပိတ္ထားလို႔ သြားလို႔လာလို႔မရလို႔ စားစရာမရိွေတာ့ဘူးေလ နည္းနည္းပိုရွိတဲ့လူစီကမွ်မွ်ျပီး စားရတဲ့အေနအထားေရာက္ေနတယ္ ေနာက္ျပီးေတာ့ တစ္ခ်ိဳ႕အရင္ကတည္းက ေလွာင္ထားတဲ့လူေတြက ဆန္တစ္အိတ္ကို (၇) ေသာင္း (၈) ေသာင္းအဲလိုေစ်းေပါက္ေနတယ္” ဟု ဦးေစာျမကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္(AA) အၾကားစစ္ေရးပဋိပကၡေၾကာင့္ ပလက္၀ၿမိဳ႕တြင္ အိမ္ေထာင္စု ၁၁၃၂ စု လူဦးေရ ၅၀၉၀ ဦး၊ ဆမီးျမိဳ႕တြင္ အိမ္ေထာင္စု (၆၉၈) စု၊ လူဦးေရ (၂၉၆၁) ဦးတို႔ ေနရပ္စြန္႔ခြါထြက္ေျပး တိမ္းေရွာင္လ်က္ရွိၾကသည္ဟု RRCCI ကေျပာသည္။

ဆမီးျမိဳ႕ရွိ တိုုက္ပြဲေရွာင္မ်ားအတြက္ မတူပီျမိဳ႕မွ ဆန္အပါအ၀င္ ရိကၡာမ်ား၊ ေထာက္ပံ့ကူညီေရးပစၥည္းမ်ား အခ်ိန္ႏွင့္ တစ္ေျပးညီေပးပို႔ႏုိင္ေသာ္လည္း ဆမီးျမိဳ႕မွ မိုင္ (၄၀) နီးပါးကြာေ၀းသည့္ ပလက္၀ျမိဳ႕ႏွင့္ အနီးတ၀ိုက္ ဧျပီ ၁၉  ရက္ေန႔တြင္ ဆန္အိတ္ (၈၃၀) ႏွင့္ ျပည္နယ္အစိုးရအစီအစဥ္ျဖင့္ ပို႔ေပးသည္ ဆန္အိတ္ ၂၀၀၀ ႏွင့္ အျခားရိကၡာမ်ား၊ WFP မွပို႔ေဆာင္ေပးသည့္ ဆန္အိတ္ေရ (၁၀၀၀) စုစုေပါင္း ၃၈၃၀ သာေရာက္ရိွေသးသည့္အတြက္ စားနပ္ရိကၡာျပတ္လပ္မႈႀကံဳေတြ႔ေနၾကရျခင္းျဖစ္သည္ဟု RRCCI ၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ခ်င္းျပည္နယ္လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္က “က်ေနာ္တို႔ ဇြန္လိုင္လအထိေတာ့ က်ေနာ္တို႔မွာ စားဖို႔ေသာက္ဖို႔ က်ေနာ္တို႔မွာ သိုေလွာင္ထားျပီးသား ခက္တာကလည္း နယ္ေျမမျငိမ္းခ်မ္းေတာ့ ဟိုနားဒီနားပို႔ဖို႔အတြက္ခက္ေနတယ္၊ ဒါေပမဲ့လိုအပ္ခ်က္အရေတာ့ က်ေနာ္တို႔လုပ္ေပးထားတယ္ ေနာက္ထပ္လည္း ငါးလစာထပ္ျဖည့္ဆည္းဖို႔ရိွပါတယ္၊ တစ္ခုေတာ့ရိွတယ္ မျငိမ္းခ်မ္းတဲ့ေဒသမွာေတာ့ က်ေနာ္တို႔က IDP စစ္ေဘးေရွာင္အဖြဲ႕အတြက္ပဲ က်ေနာ္တို႔သိႏိုင္တယ္ စစ္ေဘးေရွာင္အဖြဲ႕ရဲ႕ အခက္အခဲပဲသိႏိုင္တယ္၊ ရြာမွာေနတယ္ မေျပာင္းမထြက္လာတဲ့သူေတြရဲ႕ အခက္အခဲကို က်ေနာ္တို႔အေနနဲ႔ သြားေရာက္ျပီးေတာ့ ေျဖရွင္းႏိုင္ဖို႔ဆိုတာ အခက္အခဲရိွတယ္ အဲဒါက်ေနာ္တို႔ သတ္မွတ္ထားတဲ့ မီးဇာတို႔ ပလက္၀တို႔ ဆမီးတို႔မွာ ေရာက္လာတဲ့ဒုကၡသည္ေတြကို စစ္ေဘးေရွာင္ကိုပဲအဓိကထားျပီးေထာက္ပံ့ေနတယ္” ဟုေျပာသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႔၏ ေနာက္ဆံုး ရရွိသည့္ စာရင္းအရ ပလက္၀ၿမိဳ႕နယ္တြင္ စစ္ေဘးေရွာင္ျပည္သူ လူဦးေရ (၉၃၃၇) ဦး အိမ္ေထာင္စုက (၂၁၃၅) စုရိွသည္ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

ပလက္၀ၿမိဳ႕နယ္အတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ား ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္ရန္အတြက္ ပလက္၀ၿမိဳ႕နယ္တိုက္ပြဲေရွာင္ကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီကို ခ်င္းျပည္နယ္အစိုးရအဖြဲ႔က ေမလ (၁၃) ရက္ေန႔က ဖြဲ႔စည္းခဲ့သည္။

#Unicode

By လားနွန် – ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် (၅၀ဝ၀) ကျော်အပါအဝင် ဒေသခံပြည်သူ (၂၀ဝ၀ဝ) ကျော်တို့သည် စားနပ်ရိက္ခာပြတ်လပ်မှုကို လတ်တလောကြုံတွေ ့နေကြရဆဲဟု ချင်းစစ်ဘေး ရှောင်ပြည်သူများ ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး ကော်မတီ (RRCCI) ကပြောဆို လိုက်သည်။

RRCCI ပြောခွင့်ရပုဂ္ဂိုလ် ဦးစောမြက “ပလက်ဝမြို့နဲ့ (၁၀) မိုင် ပတ်ပတ်လည်လောက်ရှိတဲ့ ရွာ (၁၅) ရွာ လောက်ရှိတယ်၊ ပလက်ဝမြို့ပေါ်မှာ ဒုက္ခသည်က (၅) ထောင်ကျော်ကျော်လောက်ရှိတယ်၊ မြို့သူမြို့သားတွေက (၂) ထောင်ကျော်လောက်ရှိတယ်၊ အဲဒီ (၁၀) မိုင်ပတ်ဝန်းကျင်က (၁၅) ရွာလောက်ကလူတွေအကုန်ပေါင်းရင် လူဦးရေ (၂) သောင်းကျော်လောက်ရှိတယ်၊ အဲဒီပလက်ဝမြို့ပေါ်မှာရောက်တဲ့ ဆန်အိတ် (၂) ထောင်ကျော်က (၂) ပတ်စာပဲရှိမယ် အခုက တစ်လကျော်သွားပြီဆိုတော့ ကုန်နေပြီဖြစ်နေတယ်၊ လူဦးရေများလို့ အခုက လမ်းကြောင်းတွေပိတ်ထားလို့ သွားလို့လာလို့မရလို့ စားစရာမရှိတော့ဘူးလေ နည်းနည်းပိုရှိတဲ့လူစီကမျှမျှပြီး စားရတဲ့အနေအထားရောက်နေတယ် နောက်ပြီးတော့ တစ်ချို့အရင်ကတည်းက လှောင်ထားတဲ့လူတွေက ဆန်တစ်အိတ်ကို (၇) သောင်း (၈) သောင်းအဲလိုဈေးပေါက်နေတယ်” ဟု ဦးစောမြကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားစစ်ရေးပဋိပက္ခကြောင့် ပလက်ဝမြို့တွင် အိမ်ထောင်စု ၁၁၃၂ စု လူဦးရေ ၅၀၉၀ ဦး၊ ဆမီးမြို့တွင် အိမ်ထောင်စု (၆၉၈) စု၊ လူဦးရေ (၂၉၆၁) ဦးတို့ နေရပ်စွန့်ခွါထွက်ပြေး တိမ်းရှောင်လျက်ရှိကြသည်ဟု RRCCI ကပြောသည်။

ဆမီးမြို့ရှိ တိုက်ပွဲရှောင်များအတွက် မတူပီမြို့မှ ဆန်အပါအဝင် ရိက္ခာများ၊ ထောက်ပံ့ကူညီရေးပစ္စည်းများ အချိန်နှင့် တစ်ပြေးညီပေးပို့နိုင်သော်လည်း ဆမီးမြို့မှ မိုင် (၄၀) နီးပါးကွာဝေးသည့် ပလက်ဝမြို့နှင့် အနီးတဝိုက် ဧပြီ ၁၉  ရက်နေ့တွင် ဆန်အိတ် (၈၃၀) နှင့် ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ပို့ပေးသည် ဆန်အိတ် ၂၀ဝ၀ နှင့် အခြားရိက္ခာများ၊ WFP မှပို့ဆောင်ပေးသည့် ဆန်အိတ်ရေ (၁၀ဝ၀) စုစုပေါင်း ၃၈၃၀ သာရောက်ရှိသေးသည့်အတွက် စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရခြင်းဖြစ်သည်ဟု RRCCI ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “ကျနော်တို့ ဇွန်လိုင်လအထိတော့ ကျနော်တို့မှာ စားဖို့သောက်ဖို့ ကျနော်တို့မှာ သိုလှောင်ထားပြီးသား ခက်တာကလည်း နယ်မြေမငြိမ်းချမ်းတော့ ဟိုနားဒီနားပို့ဖို့အတွက်ခက်နေတယ်၊ ဒါပေမဲ့လိုအပ်ချက်အရတော့ ကျနော်တို့လုပ်ပေးထားတယ် နောက်ထပ်လည်း ငါးလစာထပ်ဖြည့်ဆည်းဖို့ရှိပါတယ်၊ တစ်ခုတော့ရှိတယ် မငြိမ်းချမ်းတဲ့ဒေသမှာတော့ ကျနော်တို့က IDP စစ်ဘေးရှောင်အဖွဲ့အတွက်ပဲ ကျနော်တို့သိနိုင်တယ် စစ်ဘေးရှောင်အဖွဲ့ရဲ့ အခက်အခဲပဲသိနိုင်တယ်၊ ရွာမှာနေတယ် မပြောင်းမထွက်လာတဲ့သူတွေရဲ့ အခက်အခဲကို ကျနော်တို့အနေနဲ့ သွားရောက်ပြီးတော့ ဖြေရှင်းနိုင်ဖို့ဆိုတာ အခက်အခဲရှိတယ် အဲဒါကျနော်တို့ သတ်မှတ်ထားတဲ့ မီးဇာတို့ ပလက်ဝတို့ ဆမီးတို့မှာ ရောက်လာတဲ့ဒုက္ခသည်တွေကို စစ်ဘေးရှောင်ကိုပဲအဓိကထားပြီးထောက်ပံ့နေတယ်” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့၏ နောက်ဆုံး ရရှိသည့် စာရင်းအရ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူ လူဦးရေ (၉၃၃၇) ဦး အိမ်ထောင်စုက (၂၁၃၅) စုရှိသည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် ပလက်ဝမြို့နယ်တိုက်ပွဲရှောင်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ချင်းပြည်နယ်အစိုးရအဖွဲ့က မေလ (၁၃) ရက်နေ့က ဖွဲ့စည်းခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.