• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများစိုးရိမ်

ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်မည်ကို အရပ်ဘက်အဖွဲ့အစည်းများစိုးရိမ်

0
By Editor on October 15, 2020 Headline

#Unicode

မန်မာ့တပ်မတော်နှင့် ရက္ခိိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိ သည်ဟု ခူမီးချင်းမျိူးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိူးနွယ်စုအဖွဲ့ အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ခူမီးချင်းမျိူးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှပြောရေးဆိုခွင့်ရှိသူ ကိုစောမြက “ကျနော်တို့နယ်မှာ အေအေ တွေလည်းလှုပ်ရှားနေတုန်းဆိုတော့လေ မဲဆွယ်စည်းရုံးရေးတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲအသိပညာပေးမှုတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ငန်းစဉ်တွေမှာ လည်းနှောင့်နှေးတယ်ပေါ့ဗျာ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရကန့်သတ်ထားတာတွေရှိတယ် အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျနော်တို့အထူးစိုးရိမ်မိတယ်’’ ဟုပြောသည်။

ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် မဲဆန္ဒရှင်အများဆုံးရှိသည့် မြို့နယ်ဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲ တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၆၂၈၄၅) ဦးရှိသည်ဟု ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုတိယအကြိမ်မဲ စာရင်းကြေညာချက်အရသိရသည်။

လွှတ်တော် မဲဆန္ဒနယ်မြေ (၅) ခုရှိသည့် ပလက်ဝမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ (၆) ခုမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီရှင်သန်ရေးအတွက် အခရာကျသည့်လုပ်ငန်းစဉ်ဖြစ်သကဲ့သို့ လူထု၏အခွင့်အရေးများကို တောင်းဆိုတင်ပြပေးနိုင်သည့် နိုင်ငံရေးလမ်းစဉ်တစ်ခုဖြစ်သောကြောင့် ရွေးကောက်ပွဲမကျင်းပဖြစ်ပါက ဒေသတွင်းကိုယ်စားပြုမှုပျောက်ဆုံးသွားနိုင်မည့်အရေးကို များစွာစိုးရိမ်မိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

“ တကယ်လို့ ပလက်ဝမြိ့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင်တော့ ကျနော်တို့ရဲ့ ကိုယ်စားပြုမှုကပျောက်သွားမယ်၊ ပလက်ဝနယ်က ချင်းပြည်နယ်လူဦးရေရဲ့ ၅ ပုံ ၁ ပုံက ပလက်ဝနယ်မှာရှိတယ်၊ အဲဒီ ၅ ပုံ ၁ ပုံသော ကိုယ်စားပြုမှုကို ပျောက်သွားမယ် ပြီးတော့ စစ်မက်ဖြစ်ပွားတာလည်းပိုစိုးသွားနိုင်တယ် ဘာလို့လည်းဆိုရင် ပြောပေးဆိုပေးဖို့လွှတ်တော်ကိုယ်စားလှယ်တွေကမရှိတော့ဘူးဆိုရင်တော့လေ ဒေသခံပြည်သူတွေအနေနဲ့လည်း အစိုးရအပေါ်ယုံကြည်မှုလည်းတစ်နည်းမဟုတ်တစ်နည်းတော့ကျသွားနိုင်တယ် ဘာလို့လဲဆိုတော့ရွေးကောက်ပွဲတောင် မလုပ်ပေးနိုင်ဘူးဆိုတာမျိူးလေ နောက်တစ်ခုက အော် ငါတို့ကိုကျတော့ ဝိုင်းဖယ်ခံရပါလားဆိုတဲ့စိတ်မျိူးလည်းဝင်သွား နိုင်တယ်လေ’’ ဟု ကိုစောမြကပြောသည်။

#Zawgyi

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြားဖြစ်ပွားနေသော စစ်ရေးပဋိပက္ခကြောင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကို ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကျင်းပနိုင်မည်ကို အထူးစိုးရိမ်မိ သည်ဟု ခူမီးချင်းမျိုးနွယ်စုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၄ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက် သည်။ 

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကစ၍ ယနေ့ချိန်ထိ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုကဲ့သို့ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခကြောင့် ရွေးကောက်ပွဲအပေါ် ထိခိုက်မှုဖြစ်ပွားမည်ကို အထူးစိုးရိမ်ကြောင်း ပြည်တွင်းပြည်ပအခြေစိုက် ခူမီချင်းမျိုးနွယ်စုအဖွဲ့ အစည်း (၇) ဖွဲ့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ 

ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) မှပြောရေးဆိုခွင့်ရှိသူ ကိုစောမြက “ကျနော်တို့နယ်မှာ အေအေ တွေလည်းလှုပ်ရှားနေတုန်းဆိုတော့လေ မဲဆွယ်စည်းရုံးရေးတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး၊ ရွေးကောက်ပွဲအသိပညာပေးမှုတွေလည်းကောင်းကောင်းမလုပ်နိုင်ဘူး ရွေးကောက်ပွဲကော်မရှင်တွေရဲ့ လုပ်ငန်းစဉ်တွေမှာ လည်းနှောင့်နှေးတယ်ပေါ့ဗျာ အစိုးရတပ်ဖက်ကလည်း သွားလာဖို့ လုံခြုံရေးအရကန့်သတ်ထားတာတွေရှိတယ် အဲဒါကြောင့်ရွေးကောက်ပွဲမဖြစ်မှာကို ကျနော်တို့အထူးစိုးရိမ်မိတယ်’’ ဟုပြောသည်။ 




“ တကယ်လို့ ပလက်ဝမြိ့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင်တော့ ကျနော်တို့ရဲ့ ကိုယ်စားပြုမှုကပျောက်သွားမယ်၊ ပလက်ဝနယ်က ချင်းပြည်နယ်လူဦးရေရဲ့ ၅ ပုံ ၁ ပုံက ပလက်ဝနယ်မှာရှိတယ်၊ အဲဒီ ၅ ပုံ ၁ ပုံသော ကိုယ်စားပြုမှုကို ပျောက်သွားမယ် ပြီးတော့ စစ်မက်ဖြစ်ပွားတာလည်းပိုစိုးသွားနိုင်တယ် ဘာလို့လည်းဆိုရင် ပြောပေးဆိုပေးဖို့လွှတ်တော်ကိုယ်စားလှယ်တွေကမရှိတော့ဘူးဆိုရင်တော့လေ ဒေသခံပြည်သူတွေအနေနဲ့လည်း အစိုးရအပေါ်ယုံကြည်မှုလည်းတစ်နည်းမဟုတ်တစ်နည်းတော့ကျသွားနိုင်တယ် ဘာလို့လဲဆိုတော့ရွေးကောက်ပွဲတောင် မလုပ်ပေးနိုင်ဘူးဆိုတာမျိုးလေ နောက်တစ်ခုက အော် ငါတို့ကိုကျတော့ ဝိုင်းဖယ်ခံရပါလားဆိုတဲ့စိတ်မျိုးလည်းဝင်သွား နိုင်တယ်လေ’’ ဟု ကိုစောမြကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.