• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀ၿမိဳ႕နယ္ေရြးေကာက္ပြဲအတြက္ မဲရံုသံုးပစၥည္မ်ား တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ၿပီးျဖစ္

ပလက္၀ၿမိဳ႕နယ္ေရြးေကာက္ပြဲအတြက္ မဲရံုသံုးပစၥည္မ်ား တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ပို႔ေဆာင္ၿပီးျဖစ္

0
By Editor on November 5, 2020 Headline

#Unicode

By လားနွန် – လာမည့် နိုဝင်ဘာလ (၈) ရက်နေ့အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို တပ်မတော်ရဟတ်ယာဉ်ဖြင့် နိုဝင်ဘာ (၃) ရက်နေ့က ပို့ဆောင်ခဲ့ပြီဟု သိရသည်။

ပလက်ဝမြို့နယ်ရှိ ရှင်းလက်ဝကျေးရွာအုပ်စု (၁) စု၊ ဆမီးမြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ပလက်ဝမြို့ပေါ်ရပ်ကွက် (၄) ခုအတွ က်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအားလုံးရောက်ရှိသွားပြီဟု ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

“ကျနော်တို့ လမ်းကြောင်းမှာ မဲရုံသုံးပစ္စည်းတွေက အထိအခိုက်မခံတဲ့ဟာတွေ မဲလက်မှတ်တွေဟာ တစ်ခုခု တစ်စုံတစ်ရာဖြစ်သွားတယ်ဆိုရင်မကောင်းဘူးပေါ့ အဲဒါကြောင့် ရဟတ်ယာဉ်နဲ့ကျတော့ ပိုပြီးတော့လုံခြုံတယ် မြန်တယ် အဲဒါကြောင့် ရဟတ်ယာဉ်နဲ့ပို့တာ၊ လမ်းကြောင်းကတော့ မလုံခြုံလို့တော့ပြောလို့မရဘူး ကျနော်တို့ကတော့ ပိုပြီးစိတ်ချအောင် ရဟတ်ယာဉ်တောင်းပြီးတော့ ရဟတ်ယာဉ်နဲ့ပို့ပေးတာ စစ်တွေကနေပို့တဲ့ပစ္စည်းလည်းရှိတယ်၊ မတူပီကနေပို့တဲ့ပစ္စည်းလည်းရှိတယ်၊ ပလက်ဝမှာရော ဆမီးမှာရော ရှင်းလက်ဝမှာရော အကုန်လုံးပြည့်စုံပြီးတော့ ကြိုတင်မဲပေးလုပ်ငန်းစဉ်တွေလည်း သူတို့စလုပ်နေပြီ” ဟု ဦးလင်းကျော်ကပြောသည်။

ပလက်ဝမြို့နယ်သို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ပထမတစ်ကြိမ်က သာမာန်မဲရုံးသုံးပစ္စည်းတွေပို့ဆောင်ခဲ့ပြီး ဒုတိယအကြိမ်မှာ မဲလက်မှတ်နှင့် တတိယကြိမ်တွင် မှင်အိုး၊ နိုင်ငံခြားက ကြိုတင်မဲပေးပြီးသားတို့ကို ပို့ဆောင်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် ကျေးရွာအုပ်စုစုပေါင်း (၁၀၂) အုပ်စုရှိပြီး မဲဆန္ဒနယ်အမှတ် (၁) တွင် (၄၅) အုပ်စု၊ အမှတ် (၂) တွင် (၅၇) အုပ်စုရှိသည်။ သို့သော်လည်း နယ်မြေလုံခြုံရေးအခြေနေကြောင့်ဟုဆိုကာ ကျေးရွာအုပ်စု (၉၄) အုပ်စုမှာ ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်နေ့ကစ၍ နိုဝင်ဘာ (၅) ရက်နေ့အထိ အသက် (၆၀)နှင့် အထက်မဲဆန္ဒရှင် ပြည်သူများက ပလက်ဝမြို့တွင် ကြိုတင်မဲ သတ်မှတ်ရက်များတွင်ပေးနေကြပြီဖြစ်ကြောင်း လည်းသိရသည်။

ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲကောင်းမွန်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကာကွယ်ရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ညှိုနှိုင်းထားခဲ့ပြီဖြစ်ကာ ပြည်ထဲရေးဘက်မှလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ညှိုနှိုုင်းထားခဲ့ပြီး လုံခြုံရေးပိုင်းကို ၎င်းတို့မှဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ အတွင်းရေးမှူးကပြောသည်။

ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်သည် လူဦးရေနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအများဆုံးဖြစ်ကာ ပလက်မြို့နယ်တွင် ယခုကဲ့သို့ ကျေးရွာအုပ်စု (၁၀၂) မှ အုပ်စု (၉၄) အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်သည့်အတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၅) သောင်းကျော်က မဲပေးပိုင်ခွင့်ဆုံးရှုံးသားမည်ဖြစ်ပြီး လူဦးရေ (၁) သောင်းနီးပါကသာ မဲပေးခွင့်ရှိနိုင်တော့မည်ဖြစ်သည်။

#Zawgyi

လာမည့္ ႏို၀င္ဘာလ (၈) ရက္ေန႔အေထြေထြေရြးေကာက္ပြဲအတြက္ ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္တြင္ အသံုးျပဳမည့္ မဲရံုသံုးပစၥည္းမ်ားကို တပ္မေတာ္ရဟတ္ယာဥ္ျဖင့္ ႏို၀င္ဘာ (၃) ရက္ေန႔က ပို႔ေဆာင္ခဲ့ၿပီဟု သိရသည္။ 

ပလက္ဝၿမိဳ႕နယ္ရွိ ရွင္းလက္၀ေက်းရြာအုပ္စု (၁) စု၊ ဆမီးၿမိဳ႕ေပၚရပ္ကြက္ (၃) ခုႏွင့္ ပလက္၀ၿမိဳ႕ေပၚရပ္ကြက္ (၄) ခုအတြ က္အသံုးျပဳမည့္ မဲရံုသံုးပစၥည္းမ်ားအားလံုးေရာက္ရွိသြားၿပီဟု ခ်င္းျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အတြင္းေရးမွဴး ဦးလင္းေက်ာ္ကေျပာသည္။ 

“က်ေနာ္တို႔ လမ္းေၾကာင္းမွာ မဲရံုသံုးပစၥည္းေတြက အထိအခိုက္မခံတဲ့ဟာေတြ မဲလက္မွတ္ေတြဟာ တစ္ခုခု တစ္စံုတစ္ရာျဖစ္သြားတယ္ဆိုရင္မေကာင္းဘူးေပါ့ အဲဒါေၾကာင့္ ရဟတ္ယာဥ္နဲ႔က်ေတာ့ ပိုၿပီးေတာ့လံုျခံဳတယ္ ျမန္တယ္ အဲဒါေၾကာင့္ ရဟတ္ယာဥ္နဲ႔ပို႔တာ၊ လမ္းေၾကာင္းကေတာ့ မလံုျခံဳလို႔ေတာ့ေျပာလို႔မရဘူး က်ေနာ္တို႔ကေတာ့ ပိုၿပီးစိတ္ခ်ေအာင္ ရဟတ္ယာဥ္ေတာင္းၿပီးေတာ့ ရဟတ္ယာဥ္နဲ႔ပို႔ေပးတာ စစ္ေတြကေနပို႔တဲ့ပစၥည္းလည္းရွိတယ္၊ မတူပီကေနပို႔တဲ့ပစၥည္းလည္းရွိတယ္၊ ပလက္၀မွာေရာ ဆမီးမွာေရာ ရွင္းလက္၀မွာေရာ အကုန္လံုးျပည့္စံုၿပီးေတာ့ ႀကိဳတင္မဲေပးလုပ္ငန္းစဥ္ေတြလည္း သူတို႔စလုပ္ေနၿပီ” ဟု ဦးလင္းေက်ာ္ကေျပာသည္။

ပလက္ဝၿမိဳ႕နယ္သို႔ ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္မွ ပထမတစ္ႀကိမ္က သာမာန္မဲရံုးသံုးပစၥည္းေတြပို႔ေဆာင္ခဲ့ၿပီး ဒုတိယအႀကိမ္မွာ မဲလက္မွတ္ႏွင့္ တတိယႀကိမ္တြင္ မွင္အိုး၊ ႏိုင္ငံျခားက ႀကိဳတင္မဲေပးၿပီးသားတို႔ကို ပို႔ေဆာင္ခဲ့သည္ဟု ၎ကဆက္ေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ေက်းရြာအုပ္စုစုေပါင္း (၁၀၂) အုပ္စုရွိၿပီး မဲဆႏၵနယ္အမွတ္ (၁) တြင္ (၄၅) အုပ္စု၊ အမွတ္ (၂) တြင္ (၅၇) အုပ္စုရွိသည္။ သို႔ေသာ္လည္း နယ္ေျမလံုျခံဳေရးအေျခေနေၾကာင့္ဟုဆိုကာ ေက်းရြာအုပ္စု (၉၄) အုပ္စုမွာ ေရြးေကာက္ပြဲက်င္းပမည္မဟုတ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ကထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ေအာက္တိုဘာလ ၂၉ ရက္ေန႔ကစ၍ ႏို၀င္ဘာ (၅) ရက္ေန႔အထိ အသက္ (၆၀)ႏွင့္ အထက္မဲဆႏၵရွင္ ျပည္သူမ်ားက ပလက္၀ၿမိဳ႕တြင္ ႀကိဳတင္မဲ သတ္မွတ္ရက္မ်ားတြင္ေပးေနၾကၿပီျဖစ္ေၾကာင္း လည္းသိရသည္။ 

ပလက္၀ၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲေကာင္းမြန္စြာက်င္းပႏိုင္ေရးအတြက္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ကာကြယ္ေရး၀န္ႀကီးဌာန၊ တပ္မေတာ္ႏွင့္ ညွိဳႏိႈင္းထားခဲ့ၿပီျဖစ္ကာ ျပည္ထဲေရးဘက္မွလည္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ ညွိဳႏႈိုင္းထားခဲ့ၿပီး လံုျခံဳေရးပိုင္းကို ၎တို႔မွေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ျပည္နယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ အတြင္းေရးမွဴးကေျပာသည္။

ခ်င္းျပည္နယ္တြင္ ပလက္ဝၿမိဳ႕နယ္သည္ လူဦးေရႏွင့္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူအမ်ားဆံုးျဖစ္ကာ ပလက္ၿမိဳ႕နယ္တြင္ ယခုကဲ့သို႕ ေက်းရြာအုပ္စု (၁၀၂) မွ အုပ္စု (၉၄) အုပ္စုတြင္ ေရြးေကာက္ပြဲက်င္းပမည္မဟုတ္သည့္အတြက္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ (၅) ေသာင္းေက်ာ္က မဲေပးပိုင္ခြင့္ဆံုးရံႈးသားမည္ျဖစ္ၿပီး လူဦးေရ (၁) ေသာင္းနီးပါကသာ မဲေပးခြင့္ရွိႏိုင္ေတာ့မည္ျဖစ္သည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.