• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA ပြန်လွှတ်ပေး

ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA ပြန်လွှတ်ပေး

0
By Editor on January 21, 2020 Headline

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ယနေ့ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်ဟု AA တပ်ဖွဲ့က ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

NLD လွှတ်တော်အမတ် ခူမီးအမျိုးသား ဦးဝှေ့တင်းအား မလွဲမရှောင်သာသော အခြေအနေတစ်ခုအောက်တွင် ခေတ္တယာယီထိန်းသိမ်းခဲ့ပြီး ရခိုင်နှင့် ခူမီးအမျိုးသားများအကြား အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှုများအပြင် အတူယှဉ်တွဲနေထိုင်ခဲ့ကြသူများဖြစ်သည့်အလျောက် ညီရင်းအကိုဆက်ဆံရေးကို ပြန်လည်ထူထောင်လိုပြီး မိမိတို့အချင်းချင်းအကြားတွင် ဖြတ်သန်းရမည့် ရေရှည်ခရီးကိုထောက်ရှု၍ ပြန်လည်သင့်မြတ်လိုသော သဘောထားဆန္ဒရှိသောကြောင့် ဦးဝှေ့တင်းကို ပလက်ဝမြို့နယ်၏ လုံခြုံ၍ အန္တရာယ်ကင်းသော နေရာတစ်ခု၌ ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါသည်ဟု ရက္ခိုင့်တပ်တော် (AA) က ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပလက်ဝမြို့တွင်နေထိုင်သည့် ဦးဝှေ့တင်း၏ယောက္ခထီး ဦးအောင်ကြီးကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းရာတွင် ဦးဝှေ့တင်းပြန်လွှတ်လာသည်မှာ မှန်ကန်ကြောင်း ယနေ့နံနက်ပိုင်းက သူ့နှင့်ဖုန်းဖြင့် စကားပြောဆိုခဲ့ကြောင်း ယခု လမ်းခရီးတွင် ရှိနေကြသေးကြောင်း မည်သည့်အချိန်တွင် ပလက်ဝမြို့သို့ ရောက်ရှိမည်ကို မပြောနိုင်သေးကြောင်း ပြောဆိုပါသည်။

“ဦးဝှေ့တင်းနဲ့ ဒီနေ့မနက်မှာအဆက်သွယ်ရတယ် ဒီနေ့လွတ်တယ်ပြောတယ် အခုလမ်းခရီးမှာ သေချာတယ် သေချာတယ် ဒါပေမဲ့ သူတို့အခု ဘယ်နေရာကနေပြန်လာလဲဆိုတာလဲ ဘယ်နေရာလဲဆိုတာမပြောဘူးလေ မပြောတော့ ကျနော်တို့ ဘယ်နေရာဆိုတာမသိနိုင်ဘူး အဲလိုဖြစ်နေတယ် ဆိုတော့ ကျနော်တို့ကို သူ့ကိုကြိုဖို့ သူ့အိမ်မှာပဲ ကျနော်တို့စောင့်နေကြတယ် ခုလိုပြန်လွှတ်ပေးလို့ အရမ်းဝမ်းသာကြတယ် သက်ဆိုင်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်’’ ဟု ဦးအောင်ကြီးကပြောသည်။

ဦးဝှေ့တင်းသည် အမျိုးသားလွှတ်တော်အစည်းအဝေးတက်ရောက်ရန် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် ထွက်ခွါလာစဉ် ပြီးခဲ့သည့် နိုဝင်ဘာလ (၃) ရက်နေ့က (AA) တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဦးဝှေ့တင်းနှင့်အတူ ပလက်ဝမြို့နယ် အထက်ပွီဝုန်းကျေးရွာ ပညာရေးဝန်ထမ်း ဦးတောင်ပန်းကိုလည်း (AA) တပ်ဖွဲ့က လွှတ်ပေးလိုက်သည်ဟုသိရသည်။

ဦးတောင်ပန်းကို ၂၀၁၉ ခုနှစ်အောက်တိုဘာလကုန်ပိုင်းက AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.