• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက္၀ႏွင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ဴိ႕တြင္ အင္တာနက္လိုင္းျပန္ပိတ္

ပလက္၀ႏွင့္ ရခိုင္ျပည္နယ္ရွိ ၿမိဳ႕နယ္အခ်ဴိ႕တြင္ အင္တာနက္လိုင္းျပန္ပိတ္

0
By Editor on February 4, 2020 Headline

Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္၀ၿမိဳ႕နယ္ ႏွင့္ ရခိုင္ျပည္နယ္ၿမိဳ႕နယ္ (၄) ၿမိဳ႕နယ္တြင္ ေဖေဖာ္္၀ါရီလ (၃) ရက္ေန႔ညဦးပိုင္းမွစ၍ အင္တာနက္လိုင္းမ်ားကို ျပန္လည္ျဖတ္ေတာက္လိုက္သည္ဟု သိရသည္။

ရခိုင္ျပည္နယ္ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္းေတာ၊ ေျမပံု ႏွင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တို႔မွာ ျမန္မာ့ဆက္ သြယ္ေရး၀န္ႀကီးဌာနမွ အင္တာနက္လိုင္းမ်ားကို ျပန္လည္ျဖတ္ေတာက္လိုက္ျခင္းျဖစ္သည္ဟု သိရသည္။

ပလက္၀ၿမိဳ႕ေဒသခံအစိုးရ၀န္ထမ္းတစ္ဦးက “ မေန႔ည ၁၀ နာရီခြဲ၀န္းက်င္ကေန အင္တာနက္လိုင္းေတြမရေတာ့ဘူး ဘယ္အတိုင္းအတာရွိျဖတ္ေတာက္မလဲေတာ့မသိဘူးေပါ့ေနာ္ ခုေလာေလာဆယ္ေတာ့ သံုးလို႔မရဘူး လံုျခံဳေရးေၾကာင့္လား၊ ဘာေၾကာင့္လည္းမသိဘူး ဟိုအရင္တစ္ေခါက္တုန္းကလိုဘဲ ျဖတ္လိုက္တာ’’ ဟု ေျပာသည္။

ယခုကဲ့သို႔အင္တာနက္လိုင္းမ်ားျပန္လည္ျဖတ္ေတာက္လိုက္ျခင္းသည္ ေဒသခံျပည္သူမ်ား၏ လုပ္ငန္းပိုင္းဆိုင္ရာကို အခက္အခဲျဖစ္ေစသည္ဟု အဆိုပါအစိုးရ၀န္ထမ္းကေျပာသည္။

“က်ေနာ္တို႔ဆို ရံုးအလုပ္ေတြက ေႏွာင့္ေႏွးသြားတာေပါ့ ဟိုတစ္ေခါက္ကလို ၿပီးေတာ့ အင္တာနက္လိုင္းမရေတာ့ ဒီ Wave Money နဲ႔ ေငြလႊဲေငြထုတ္ခ်င္တဲ့သူေတြအတြက္လည္း အခက္အခဲျဖစ္ေစတယ္၊ အရမ္းကိုမလိုဘူးဆိုရင္ေတာ့ ျပန္ဖြင့္ေပးေစခ်င္ပါတယ္ အင္တာနက္လိုင္းကို အသံုးျပဳၿပီးအလုပ္လုပ္တဲ့သူေတြအတြက္ အခက္အခဲျဖစ္ေစတယ္’’ ဟု ၎ကေျပာသည္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း (၈) ျမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္တြင္ ၿပီးခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဇြန္လတုန္းကလည္း ဆက္သြယ္ေရးအင္တာနက္လိုင္းမ်ားကို ဆက္သြယ္ေရး၀န္ႀကီးဌာနက ျဖတ္ေတာက္ခဲ့ၿပီးျဖစ္သည္။

အဆိုပါေဒသမ်ားတြင္ အင္တာနက္လိုင္းမ်ားကို (၃) လေက်ာ္ၾကာျဖတ္ေတာက္ၿပီးေနာက္ ၂၀၁၉ စက္တင္ဘာလ (၁) ရက္ေန႔စ၍ ျပန္လည္ဖြင့္ေပးခဲ့ၿပီး ယခုျပန္လည္ျဖတ္ေတာက္လိုက္ျခင္းျဖစ္သည္။

ယခုလက္ရွိတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔သည္ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ႏွင့္ ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲမ်ားမၾကာခဏျဖစ္ပြားေလ့ရွိသည္။

Unicode

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ်မြို့နယ် (၄) မြို့နယ်တွင် ဖေဖော်ဝါရီလ (၃) ရက်နေ့ညဦးပိုင်းမှစ၍ အင်တာနက်လိုင်းများကို ပြန်လည်ဖြတ်တောက်လိုက်သည်ဟု သိရသည်။

ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ မြေပုံ နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ မြန်မာ့ဆက် သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်းများကို ပြန်လည်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ပလက်ဝမြို့ဒေသခံအစိုးရဝန်ထမ်းတစ်ဦးက “ မနေ့ည ၁၀ နာရီခွဲဝန်းကျင်ကနေ အင်တာနက်လိုင်းတွေမရတော့ဘူး ဘယ်အတိုင်းအတာရှိဖြတ်တောက်မလဲတော့မသိဘူးပေါ့နော် ခုလောလောဆယ်တော့ သုံးလို့မရဘူး လုံခြုံရေးကြောင့်လား၊ ဘာကြောင့်လည်းမသိဘူး ဟိုအရင်တစ်ခေါက်တုန်းကလိုဘဲ ဖြတ်လိုက်တာ’’ ဟု ပြောသည်။

ယခုကဲ့သို့အင်တာနက်လိုင်းများပြန်လည်ဖြတ်တောက်လိုက်ခြင်းသည် ဒေသခံပြည်သူများ၏ လုပ်ငန်းပိုင်းဆိုင်ရာကို အခက်အခဲဖြစ်စေသည်ဟု အဆိုပါအစိုးရဝန်ထမ်းကပြောသည်။

“ကျနော်တို့ဆို ရုံးအလုပ်တွေက နှောင့်နှေးသွားတာပေါ့ ဟိုတစ်ခေါက်ကလို ပြီးတော့ အင်တာနက်လိုင်းမရတော့ ဒီ Wave Money နဲ့ ငွေလွှဲငွေထုတ်ချင်တဲ့သူတွေအတွက်လည်း အခက်အခဲဖြစ်စေတယ်၊ အရမ်းကိုမလိုဘူးဆိုရင်တော့ ပြန်ဖွင့်ပေးစေချင်ပါတယ် အင်တာနက်လိုင်းကို အသုံးပြုပြီးအလုပ်လုပ်တဲ့သူတွေအတွက် အခက်အခဲဖြစ်စေတယ်’’ ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း (၈) မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇွန်လတုန်းကလည်း ဆက်သွယ်ရေးအင်တာနက်လိုင်းများကို ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြတ်တောက်ခဲ့ပြီးဖြစ်သည်။

အဆိုပါဒေသများတွင် အင်တာနက်လိုင်းများကို (၃) လကျော်ကြာဖြတ်တောက်ပြီးနောက် ၂၀၁၉ စက်တင်ဘာလ (၁) ရက်နေ့စ၍ ပြန်လည်ဖွင့်ပေးခဲ့ပြီး ယခုပြန်လည်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

ယခုလက်ရှိတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားလေ့ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.