• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝ စစ်ဘေးရှောင်ပြည်သူ ၁၃၀ ကျော်ကို ထန်တလန်မြို့နယ်တွင် နေရာချထားမည်

ပလက်ဝ စစ်ဘေးရှောင်ပြည်သူ ၁၃၀ ကျော်ကို ထန်တလန်မြို့နယ်တွင် နေရာချထားမည်

0
By Editor on November 1, 2019 Khonumthung

By ဒိမ် – ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးဇာကျေးရွာတွင် စစ်ဘေးတိမ်းရှောင် နေကြသည့် ဘောမ်မျိုးနွယ်စု ၁၃၀ ကျော်ကို ပြည်နယ်အစိုးရက ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာတွင် နေရာချထား မည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

“မီးဇာမှာရှိနေကြတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု (၂၁) စု၊ လူဦးရေနဲ့ဆိုရင် ၁၃၂ ဦးကို မီးဇာကနေ တီကီးရ်ဘက်ကို လာနိုင်ဖို့ ကျတော်တို့က စီစဉ်နေတယ် ” ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ ၃၁ ရက်ညနေပိုင်းက ကျင်းပပြုလုပ်သော ချင်းမီဒီယာများနှင့် အစိုးရအဖွဲ့တို့တွေ့ဆုံပွဲတွင် စည်ပင်ဝန်ကြီး ဦးစိုးထက် ကပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ကင်းသလင်း၊ ကုန်ပြင်၊ ပီတောင်၊ ယင်ခံဝနှင့် ဆတ်လိုင်ဝကျေးရွာတို့မှ ချင်းပြည်သူ (၆၀၀) ကျော်တို့သည် မီးဇာကျေးရွာတွင် ယာယီတဲအိမ်များ ထိုးကာ ပြောင်းရွှေ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်။


၎င်းတို့အထဲမှ ဘောမ်မျိုးနွယ်စုများသည် ထန်တလန်မြို့နယ် သီကီးရ်ကျေးရွာဘက်သို့ ပြောင်းရွှေအခြေချနေထိုင် လိုကြောင်း ချင်းပြည်နယ်အစိုးရ၊ သီးကီးရ်ကျေးရွာလူကြီးများထံ တင်ပြတောင်းဆိုခဲ့ကြပြီးနောက် ပြောင်းရွှေ့အခြေချ နိုင်ရန် ပြည်နယ်အစိုးရမှ စီစဉ်ပေးခြင်းဖြစ်သည်။

မီးဇာမှတဆင့် တီကီးရ်ကျေးရွာအထိ သွားလာရေးကို ပြည်နယ်အစိုးရက စီစဉ်ပေးသွားမည်ဖြစ်ပြီး ယခုနှစ်အတွင်း နေရာချနိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါသည်။

သီကီးရ်ကျေးရွာတွင် အစိုးရကဆောက်လုပ်ခဲ့သည့် တန်ဖိုးနည်း အိမ် (၂၆) လုံး အဆင်သင့်ရှိနေပြီ ဖြစ်ရာ စစ်ဘေးရှောင်များ ယာယီနေထိုင်စဉ် စားဝတ်နေရေးအတွက် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း စည်ပင်ဝန်ကြီးက ဆိုပါသည်။

” သူတို့ရဲ့ စားဝတ်နေရေးအတွက်တော့ နိုင်ငံခြားက အထောက်အပံ့၊ ဒေသခံ လူထုတွေရဲ့ အထောက်အပံ့ တွေနဲ့ တစ်လစာအတွက်ကို နဂိုကတည်းက ဆွေးနွေးထားတာရှိပါတယ်။ ပြီးတော့ စစ်ဘေးရှောင်ထောက်ပံ့ ရေးကို လူမှုဝန်ထမ်းကနေ စစ်ဘေးရှောင်တွေကူညီတဲ့ သတ်မှတ်ထားတဲ့နှုန်းထားရှိတယ်၊ အဲဒါကို နှစ်လ သုံးလ အတွင်းရရှိနိုင်အောင် အကူအညီတောင်းပြီးတော့ သုံးလေးလ စာရအောင်၊ သူတို့ အလုပ်လုပ်နိုင်တဲ့ အခြေအနေအထိ ထောက်ပံ့နိုင်ဖိုက စဉ်းစားထားတယ်” ဟု ၀န်ကြီးက ဆိုသည်။

သီကီးရ် ကျေးရွာတွင် ပြောင်းရွှေ့နေရာချထားမည့် စစ်ဘေးရှောင်သူများသည် လိုင်ဘာသာစကားကို အသုံးပြုနေကြ သည့် ဘောမ်မျိုးနွယ်စုများဖြစ်သည်။

(ပုံစာ – မီးဇာကျေးရွာမှ စစ်ဘေးပြည်သူများ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီတပ်ဖွဲ့က ကလေးတောင်ပိုင်းကျေးရွာများကို ထပ်မံမီးရှို့

ကလေးမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် (၃) နေရာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး

တာဟန်းစျေးအနီး နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.