Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ပလက်ဝဆေးရုံအုပ်တာဝန်ခံ ဒေါက်တာအေးကျော်အပါအဝင် ဒေသခံ ၃ ဦးကို AA ဖမ်းဆီး

ပလက်ဝဆေးရုံအုပ်တာဝန်ခံ ဒေါက်တာအေးကျော်အပါအဝင် ဒေသခံ ၃ ဦးကို AA ဖမ်းဆီး

0
By Editor on October 3, 2024 Khonumthung

(004SS)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့ပေါ်ရှိ ‌ပလက်ဝဆေးရုံအုပ် (ခေတ္တ) ဒေါက်တာအေးကျော်နှင့်အတူ ဒေသခံအမျိုးသား ၂ ဦးကို စက်တင်ဘာလ ၂၉ ရက်နေ့က အရက္ခတပ်တော် ULA/ AA က ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။

“ဒေါက်တာအေးကျော်အပါအဝင် ၃ ယောက်ကို ULA/ AA က ဖမ်းထားတာဟုတ်တယ်။ ဘာကြာင့်ဖမ်းတာလဲဆိုတော့ သာမန်ရာဇဝတ်မှုတော့မဟုတ်ဘူး၊ ကြီးမားတဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက်ကြောင့် ခဏထိန်းသိမ်းပြီးမှ စစ်ဆေးတာမျိုးပဲရှိတယ်။ ဘယ်ချိန်ပြန်လွှတ်ပေးမလဲဆိုတာတော့ လက်ရှိအနေအထားနဲ့ ပြောလို့မရသေးဘူးလို့ပြောတယ်” ဟု ပလက်ဝ လူငယ်တစ်ဦးက ပြောသည်။

၎င်းတို့ကို ပလက်ဝမြို့ ULA/ AA စခန်းရှိ အကျဉ်းထောင်တွင် ပြီးခဲ့သည့်စက်တင်ဘာလ ၁၇ ရက်နေ့က CDF-Paletwa ကိုထောက်ပံ့သည်ဟူသော စွက်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူ ပြည်သူ ၁၀ ဦးတို့နှင့်အတူ ထိန်းသိမ်းထားကြောင်း သိရသည်။

ဒေါက်တာအေးကျော်သည် သွားဆရာဝန်တစ်ဦးဖြစ်ပြီး ယခင်က ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်သော်လည်း ‌ပလက်ဝမြို့ကို ‌AA က အုပ်ချုပ်ပြီးသည့်နောက်ပိုင်း ပလက်ဝဆေးရုံတွင် ဆေးရုံအုပ်တာဝန်ခံအဖြစ် ‌ULA/AA က ထမ်းဆောင်စေခဲ့ခြင်းဟု သိရသည်။

“သူက သွားဆရာဝန်ခေတ်ကောင်းတုန်းက သူ့ဟာနဲ့သူ ကိုယ်စီးပွား‌ရေးလုပ်နေတဲ့သူ AA က ဆေးရုံအုပ်တာဝန်ခံအနေနဲ့ထားပြီးမှ AA ရဲ့ ကျန်းမာရေးနဲ့ပါတ်သက်ပြီး တာဝန်ပေးထားတာဖြစ်တယ်။ တခြား ၂ ယောက်ကတော့ သူ့ရဲ့အသိတွေပေါ့နော်” ဟု ပလက်ဝ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ပလက်ဝမြို့ပေါ်နှင့် ကျေးရွာများတွင် ULA/AA က ပြည်သူများကို ဖမ်းဆီးခြင်းများ ပိုမိုလုပ်လာတာကြောင့် စက်တင်ဘာလ အတွင်း ဒေသခံအချို့ မိသားစုအလိုက် မီဇိုရမ်ဘက်သို့ ထပ်မံထွက်ပြေးလာနေကြသည်ဟု မီဇိုရမ်တွင် စစ်ဘေးရှောင်နေသူတစ်ဦးပြောပြချက်အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.