• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့တွင် စစ်ကောင်စီက လူငယ် ၁၁ ဦးကို ဖမ်းဆီးထားဆဲ

ပလက်ဝမြို့တွင် စစ်ကောင်စီက လူငယ် ၁၁ ဦးကို ဖမ်းဆီးထားဆဲ

0
By Editor on June 2, 2021 Headline

ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးကာ ၇ ဦးပြန်လွှတ်ပြီး ၁၁ ဦးဖမ်းဆီးထားဆဲဟုသိရသည်။

အဖမ်းခံရသူများအနက် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်၊ ဆေးကျောင်းသား အိုက်ခိုင်ဝင်းအပါအဝင် ၇ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ယနေ့နံနက်ပိုင်းတွင် လူငယ် ၂ ဦးထပ်မံဖမ်းဆီးကာ ၁၁ ဦးကို ပလက်ဝမြို့ရဲစခန်းမှာဆက်လက်ထိန်းသိမ်းထားဆဲဟု ပလက်ဝဒေသခံတစ်ဦးထံမှသိရသည်။

“အားလုံးလွှတ်ပေးတာ ၇ ယောက်ရှိသွားပြီ၊ မနေ့ညနေပိုင်းက ဦးစနီအောင်ကို ပြန်လွှတ်ပေးတယ်၊ ဒီမနက်မှာ လူငယ် ၂ ယောက်ကို ထပ်ဖမ်းတယ်” ဟု ပလက်ဝဒေသခံကပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့၏ အဝင်အထွက် ရေလမ်း ကုန်လမ်းများကိုလည်း မေလ ၂၉ ရက်နေ့က ပိတ်ထားလိုက်ပြီး ဖမ်းဆီးမှုများဆက်လက်ရှိနေသည့်အတွက် မြို့နေလူထုများ စိုးရိမ်ကြောက်လန့်နေကြသည်ဟု သိရသည်။

“အကြောင်းမဲ့ပေါ့နော် သူတို့မသင်္ကာလို့ဖမ်းသွားတာဆိုတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ လူငယ်တွေက ကျနော့ကိုများ လာဖမ်းမလားဆိုပြီး အကုန်လုံးကကြောက်နေကြတယ် ထိတ်လန့်နေတဲ့အခြေအနေအထားဖြစ်နေတယ်ကြတယ်” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သော ကုလားတန်မြစ် လေကြောင်းလမ်းနှင့် ချင်းပြည်နယ် မတူပီ- ဆမီးမြို့နှင့် ဆက်သွယ်သော ကားလမ်းများကို အာဏာသမ်းစစ်ကောင်စီက ပိတ်လိုက်သည့်အတွက် ကုန်စျေးနှုန်းအဆမတန် ပြန်လည်မြင့်တက်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.