Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့တွင် စစ်ကောင်စီက လူငယ် ၁၁ ဦးကို ဖမ်းဆီးထားဆဲ
ပုံစာ - ပလက်ဝမြို့နယ်ရဲစခန်း။ (ပုံဟောင်း)

ပလက်ဝမြို့တွင် စစ်ကောင်စီက လူငယ် ၁၁ ဦးကို ဖမ်းဆီးထားဆဲ

0
By Editor on June 2, 2021 Headline

ချင်းပြည်နယ် ပလက်ဝမြို့တွင် မေလ ၂၈ ရက်နေ့က ဗုံးနှစ်ကြိမ်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း အာဏာသိမ်း စစ်ကောင်စီသည် မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင်အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကို ဖမ်းဆီးကာ ၇ ဦးပြန်လွှတ်ပြီး ၁၁ ဦးဖမ်းဆီးထားဆဲဟုသိရသည်။

အဖမ်းခံရသူများအနက် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်၊ ဆေးကျောင်းသား အိုက်ခိုင်ဝင်းအပါအဝင် ၇ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ယနေ့နံနက်ပိုင်းတွင် လူငယ် ၂ ဦးထပ်မံဖမ်းဆီးကာ ၁၁ ဦးကို ပလက်ဝမြို့ရဲစခန်းမှာဆက်လက်ထိန်းသိမ်းထားဆဲဟု ပလက်ဝဒေသခံတစ်ဦးထံမှသိရသည်။

“အားလုံးလွှတ်ပေးတာ ၇ ယောက်ရှိသွားပြီ၊ မနေ့ညနေပိုင်းက ဦးစနီအောင်ကို ပြန်လွှတ်ပေးတယ်၊ ဒီမနက်မှာ လူငယ် ၂ ယောက်ကို ထပ်ဖမ်းတယ်” ဟု ပလက်ဝဒေသခံကပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့၏ အဝင်အထွက် ရေလမ်း ကုန်လမ်းများကိုလည်း မေလ ၂၉ ရက်နေ့က ပိတ်ထားလိုက်ပြီး ဖမ်းဆီးမှုများဆက်လက်ရှိနေသည့်အတွက် မြို့နေလူထုများ စိုးရိမ်ကြောက်လန့်နေကြသည်ဟု သိရသည်။

“အကြောင်းမဲ့ပေါ့နော် သူတို့မသင်္ကာလို့ဖမ်းသွားတာဆိုတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ လူငယ်တွေက ကျနော့ကိုများ လာဖမ်းမလားဆိုပြီး အကုန်လုံးကကြောက်နေကြတယ် ထိတ်လန့်နေတဲ့အခြေအနေအထားဖြစ်နေတယ်ကြတယ်” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဆက်သွယ်သော ကုလားတန်မြစ် လေကြောင်းလမ်းနှင့် ချင်းပြည်နယ် မတူပီ- ဆမီးမြို့နှင့် ဆက်သွယ်သော ကားလမ်းများကို အာဏာသမ်းစစ်ကောင်စီက ပိတ်လိုက်သည့်အတွက် ကုန်စျေးနှုန်းအဆမတန် ပြန်လည်မြင့်တက်လာမှာကို ဒေသခံများက စိုးရိမ်နေကြသည်။

ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.