Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်ဝမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်ကောင်စီက လူသစ်စုဆောင်းခိုင်း

ပလက်ဝမြို့နယ်တွင် ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်ကောင်စီက လူသစ်စုဆောင်းခိုင်း

0
By Editor on December 3, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျေးရွာများတွင်ပြည်သူ့စစ်ဖွဲ့စည်းရန် အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်နေပြီး ယင်းအတွက်တစ်ရွာလျှင်အနည်းဆုံး ၁၅ ဦးနှုန်းဖြင့် လူဦးရေစာရင်းကောက်ခံခိုင်းနေသည်ဟု စုံစမ်းသိရှိရသည်။

ပလက်ဝမြို့အခြေစိုက် (၂၈၉) တပ်ရင်းမှ တပ်မမှူးသည် ပလက်ဝမြို့အနီးတဝိုက်ကျေးရွာ ၉ ရွာမှ တာဝန်ခံပုဂ္ဂိုလ်များအား နိုဝင်ဘာလ ၂၆ ရက်နေ့က ခေါ်ယူတွေ့ဆုံကာ မိမိတို့ကျေးရွာအသီးသီ၌ ပြည်သူ့စစ်ဖွဲ့စည်းရန်အတွက် လူဦးရေအနည်းများပေါ်မူတည်၍ တစ်ရွာလျှင် လူဦးရေ ၁၅ မှ ၃၀ ဦးစီစာရင်းကောက်ခံကာ ဒီဇင်ဘာလ ၃ ရက်နေ့နောက်ဆုံးထား စာရင်းပေးရမည်ဟု ပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသည့်ရွာသားတစ်ဦးကပြောသည်။

“၂၈၉ တပ်ရင်းမှာ တပ်မှူးကိုယ်တိုင်က အစည်းအဝေးခေါ်တယ်၊ မိမိကျေးရွာကို လုံခြုံဖို့ ကာကွယ်ဖို့ ပြည်သူ့စစ်ဖွဲ့ဖို့ ပြောထားတယ်၊ ရွာနည်းရင်နည်းသလို များရင်များသလို ကျနော်တို့ရွာဆိုရင် အမာခံအတွက် ၁၀ ဦး၊ အရန်အတွက် ၂၀ စုစုပေါင်း ၃၀ ကောက်ခိုင်းထားတယ်၊ မဖြစ်မနေတင်ပေးရမှာပဲ” ဟု အဆိုပါရွာသားကပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့နယ် ကျေးရွာအားလုံးတွင် ပြည်သူ့စစ်ဖွဲ့စည်းမည်ဟု သိရပြီး ယခုလောလော ဆယ်တွင် ပလက်ဝမြို့အနီးတစ်ဝိုက်ကျေးရွာများဖြစ်သည့် အောက်မီးလက်ဝ၊ လောင်းဂဒိုး၊ စိမ်းစင်း၊ ငပွေ၊ အန်ခို၊ စီဖလောင်း၊ တမန်းသား၊ ကင်ဝနှင့် ကျော်ရွာစသည့် ၉ ရွာတွင် စတင်ဖွဲ့စည်းရန်စီစဉ်နေခြင်းဖြစ်သည်။

ယင်းအတွက် အသက် ၁၈ နှစ်မှ ၅၀ နှစ်အကြားရှိ ရွာသားများ၏ စာရင်းကို ယနေ့နောက်ဆုံးထား၍ (၂၈၉) တပ်ရင်းမှ တပ်မမှူးထံသို့ပို့ဆောင်ပြီးနောက် ပြည်သူ့စစ်အခြေခံစစ်သင်တန်းများလာရောက်ပို့ချပေးမည်ဖြစ်ကြောင်း ရွာသားက ဆက်ပြောသည်။

“စာရင်းပို့ပေးပြီဆိုရင် သူတို့က မိမိရွာကိုလာပြီးမှ ပြည်သူ့စစ်အခြေခံသင်တန်းကို လာသင်ပေးမယ်လို့ပြောတာပဲ၊ ပြည်သူ့ စစ်ဆိုတဲ့နေရာမှာ ၂ ပိုင်းခွဲထားတယ်၊ အမာခံ နဲ့ အရံပြည်သူ့စစ်ဆိုတဲ့ဟာ ၂ ပိုင်းခွဲထားတယ်၊ အမာခံက ၁၀ ယောက်ဆို ရင် ၁၀ ရောက်ပေါ့ မိမိရပ်ရွာအတွက် လိုအပ်လာရင် လက်နက်တပ်ဆင်ပေးမယ်ပြောတယ်၊ မလိုအပ်ရင်တော့ မတပ်ဆ င်ဘူးအဲလိုမျိုးသဘောပြောထားတယ်” ဟု ရွာသားကပြောသည်။

ပလက်ဝမြို့နယ်သည် ယခင်က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြားစစ်မက်ဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်ခဲ့ပြီး ပလက်ဝမြို့ပေါ်နှင့် ဆမီးမြို့ပေါ်တွင် ထောင်နှင့်ချီသောပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

ယခုနှစ်အစောပိုင်းကစ၍ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားမှုမရှိတော့ဘဲ နယ်မြေအေးချမ်းမှုအနည်းငယ်ရှိလာသည့်နောက်ပိုင်းတွင် ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်ပြည်သူများအား စစ်ကောင်စီက ငွေကြေးအနည်းငယ်ပေးအပ်ကာ နေရပ်ပြန်ခိုင်းမှုရှိလာပြီးနောက် ယခုကဲ့သို့ ပြည်သူ့စစ်များဖွဲ့စည်းရန် စစ်ကောင်စီက ပြင်ဆင်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.