Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ပလက်၀မြို့နယ်က စစ်ဘေးရှောင် ကျောင်းသူ/ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေး Paletwa Education Centre ကျောင်း ဖွင့်လှစ်

ပလက်၀မြို့နယ်က စစ်ဘေးရှောင် ကျောင်းသူ/ကျောင်းသားများ ပညာဆက်လက်သင်ကြားနိုင်ရေး Paletwa Education Centre ကျောင်း ဖွင့်လှစ်

0
By Editor on May 14, 2024 Headline

(004SS)

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်လာကြသော ကျောင်းသူ/သားများ ပညာဆက်လက်သင်ယူနိုင်ရန် အိန္ဒိယ-မြန်မာနယ်စပ်တနေရာတွင် Paletwa Education Centre ကျောင်းဖွင့်လှစ်လိုက်ပြီဟု သိရသည်။

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့ ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျောင်းသူ/သားများ ပညာဆက်လက်သင်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် နယ်စပ်ကျေးရွာတနေရာမှာ ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု Paletwa Education Centre ကျောင်း ဒါရိုက်တာ ဆရာမောဆက်ကပြောသည်။

“ပလက်ဝမှာ ကျောင်းဖွင့်မဲ့ အစီစဉ်လဲ မရှိတော့တဲ့အတွက်ကြောင့်ပေါ့နော်၊ နောက်ပြီးတော့ ကျောင်း ဆရာ ဆရာမလဲ ဘယ်သူမှ မရှိတော့ဘူးပေါ့၊ အဓိက ဒီစစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်လို့ရမဲ့နေရာ မရှိတော့တဲ့အတွက် ကြောင့် ဒီမှာ တက်လို့ရနိုင်အောင် စီစဉ်ပေးရတာ‌ပါ” ဟု ဆရာမောဆက်ကပြောသည်။

မေလ ၁ ရက်နေ့ကစ၍ ကျောင်းအပ်နှံခြင်းလက်ခံခဲ့ပြီးနောက် မေလ ၂၀ ရက်နေ့ကစ၍ ဖွင့်လှစ်သင်ကြားသွားမည်ဟု သိရသည်။

အစကနဦးပိုင်းတွင် အလယ်တန်းနှင့် အထက်တန်းကိုသာ ဖွင့်လှစ်ရန် စီစဉ်ထားခဲ့ သော်လည်း မိဘပြည်သူများ တောင်းဆိုမှုကြောင့် သူငယ်တန်းမှ အထက်တန်း ၁၂ တန်းအထိ ဖွင့်လှစ်သွားမည်ဟု သိရသည်။

ယနေ့ မေလ ၁၃ ရက်နေ့အထိ ကျောင်းတက်ရန် အမည်စာရင်းပေးသွင်းသူ အယောက် ၁၉၀ ကျော်နှင့် ရွာဘက်မှ ထပ်မံရောက်ရှိမည့် ကျောင်းသူကျောင်းသားများအပါအဝင် စုစုပေါင်း အယောက် ၄၀၀ ကျော်ရှိပြီဖြစ်‌ကာ သင်ကြားပေးမည့် ဆရာ၊ ဆရာမအင်အား ၂၅ ဦးရှိကြောင်း တာာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်ရာတွင် အခက်အခဲများစွာရှိပြီး ကူညီ‌ထောက်ပံ့မှုလည်း များစွာလိုအပ်နေကြောင်း ဆရာမောဆက်က ပြောသည်။

“အများကြီး ခက်ခဲတယ်၊ နေရာထိုင်ခင်းရယ်၊ နောက်ပြီးတော့ ဘာသာစကားမတတ်တာရယ် အများကြီးရှိတာပေါ့၊ ပြီးတော့ အခု ဆရာဆရာမ နေအိမ်တွေဆောက်တာ မပြီးသေးဘူး၊ နောက် ကျောင်းအဆောင်၊ ထိုင်ခုံတွေ၊ စာရေး ကိရိယာကအစ အများကြီးလိုတာပေါ့လေ။ အခု ကျွန်တော်တို့ဆီ စာရင်းပေးတာ အကုန် ရောက်နိုင်မယ် ဆိုရင် အယောက် ၅၀၀ လောက် မှန်းထားတယ် ဆိုတော့ အကူအညီတွေအရမ်းလိုလာမှာဖြစ်ပါတယ်” ဟု ၎င်း ကပြောသည်။

လက်ရှိတွင် ကျောင်းသား/သူ ဦးရေပေါ်မူတည်ပြီ မူလတန်းကျောင်းဆောင် ၁ ဆောင်၊ အလယ်တန်းကျောင်းဆောင် ၁ ဆောင်၊ အထက်တန်းကျောင်းဆောင်နှင့် ကျောင်းသူကျောင်းသားများအဆောင် ၂ ဆောင်၊ ဆရာ/မနေအိမ် ၅ လုံး ဆောက်လုပ်ပြီးစီးပြီဖြစ်ကာ အခြားလိုအပ်သော ကျောင်ဆောင်များ ဆောက်လုပ်နေဆဲဖြစ်၍ မိဘပြည်သူများမှ အကူအညီများ ပေးအပ်နိုင်ရန် Paletwa Education Centreမှ တာဝန်ရှိသူက တိုက်တွန်းထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.