• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူများအနက် ၅ ဦးကို ဆက်လက်ဖမ်းဆီးထား

ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူများအနက် ၅ ဦးကို ဆက်လက်ဖမ်းဆီးထား

0
By Editor on January 24, 2023 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းဆီးခံခဲ့ရသူအများစုကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ၅ ဦးကိုမူ ၁၄ ရက် ရမန်ယူပြီး ဆက်လက်ဖမ်းဆီးထားသည်ဟု သိရသည်။

“စွဲချက်လည်းမတင်သေးဘူး၊ ဒီတိုင်းပဲ ရမန် ၁၄ ရက်ယူတယ် အဲ့တာပဲရှိသေးတယ်၊ တရားစွဲမှာလား၊ မစွဲဘူးလားဆိုတာ စစ်ချက်အပေါ်မှာပဲ မှုတည်မယ်လို့ပဲပြောတယ်။ စစ်ချက်အပေါ်မှာ ဘာမှမတွေ့ရင် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြန်လွတ်မယ်ပေါ့” ဟု ဖလမ်းမြို့ခံတစ်ဦး ကပြောသည်။

ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံရသူ (၅) ဦးမှာ အသက် ၂၄ နှစ်အရွယ် ဆလိုင်းငွန်ဆွီးထန်၊ အသက် ၆၀ နှစ် အရွယ် ဦးသင်မှုန်၊ အသက် ၆၁ နှစ်အရွယ် ဒေါ်ရန်နွမ်၊ အသက် ၅၇ နှစ်အရွယ် ဒေါ်နိုင်ကိပ်ပါရ်နှင့် ဆလိုင်းဟရန်လျန်အွယ် တို့ဖြစ်ကြပြီး ၎င်းတို့နေအိမ်အနီးတွင် အကျည်ဆံခွံတွေ့ရှိခြင်းနှင့် ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်ကြသူများဖြစ်သည်ဟု သိရသည်။

၎င်းတို့ပြန်လည်လွတ်မြောက်ရေးအတွက် ဖလမ်းမြို့မှ ဘာသာရေး ဆရာတော်များနှင့် မြို့မိ/မြို့ဖတို့မှ ဌာနဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံဆောင်ရွက်မှုများရှိသည်ဟု သိရပြီး ဖမ်းဆီးခံထားရသူများမှာ လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်ညနေပိုင်းက ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ ကျောင်းလုံခြုံရေးယူထားသော ရဲတပ်ဖွဲ့ကို ချင်းအမျိုးသားတပ်မတော် CNA တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အနီးနားရှိအရပ်သား ပြည်သူ ၂၄ ဦး ဖမ်းဆီးခံရကာ ၁၉ ဦးပြန်လွတ်ပေးခဲ့သော်လည်း ၅ ဦးကို လက်နက်ထိန်းသိမ်းထားခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုတွင် ရဲတစ်ဦးသေဆုံးခဲ့ကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ကျောင်းသူတစ်ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

ဖလမ်း-ဟားခါးကြားတွင် ပျောက်ဆုံးသွားသူနှစ်ဦး၏ မီးရှို့ခံထားရသော အလောင်းတွေ့ရှိ

ဟားခါးမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦးဓားထိုးခံရ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.