Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

0
By Editor on February 2, 2023 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က မြို့နယ် ပညာရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက Non-CDM ဝန်ထမ်းတွေကို လစာပေးဖို့ အစည်းအဝေးလုပ်နေစဉ် ဓားပြတိုက်ခံခဲ့ရပြီး ဝန်ထမ်းတွေကိုပေးမယ့် လစာငွေကျပ်သိန်း ၈၀၀ ကျော် ပါသွားတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ်ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေစဉ် မျက်နှာဖုံးစွပ်ထားသူ ၄ ဦးက ပစ္စတိုသေနတ်နဲ့ ဝင်ရောက်လာကာ လစာပေးမယ့် ငွေကျပ် သိန်း ၈၀၀ ကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့ခံတစ်ဦးက “အစည်းဝေးလုပ်နေတဲ့အချိန် လူ ၄ ယောက်ဝင်လာတယ်၊ သူတို့က Mask တပ်ထားတာ လက်ထဲမှာတော့ ပစ္စတိုသေန တ်ကိုင်ထားကြတယ်၊ ပြီးတော့ ပညာရေးမှုးကိုခေါ်သွားတယ်။ အဲ့အချိန်မှာ သူတို့က လစာအတွက်ပိုက်ဆံတွေကို ရေတွက်နေတဲ့အချိန်၊ ငွေကို ကုန်ယူသွား မသွားတော့ မသိဘူး။ ဆာလာအိတ်အြပည့်နီးပါး တသောင်းတန်အသစ် ဘယ်လောက်ပါသွားလည်းဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်တဲ့ Non-CDM ပညာရေးဝန်ထမ်း ၆၀၀ လောက်ရှိတယ်လို့သိရပြီး သူတို့ကို လစာငွေထုတ်ပေးဖို့ ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေတဲ့အချိန်မှာ လုယူခံရတာဖြစ်ပါတယ်။

ဓားပြတိုက်သွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရပဲ အဲဒီဖြစ်စဉ်ဖြစ်ပြီးနေက်မှာတော့ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို ဖလမ်းမြို့ပေါ်မှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.