• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

0
By Editor on February 2, 2023 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်က မြို့နယ် ပညာရေးမှူးရုံးမှာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက်ပိုင်းက Non-CDM ဝန်ထမ်းတွေကို လစာပေးဖို့ အစည်းအဝေးလုပ်နေစဉ် ဓားပြတိုက်ခံခဲ့ရပြီး ဝန်ထမ်းတွေကိုပေးမယ့် လစာငွေကျပ်သိန်း ၈၀၀ ကျော် ပါသွားတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ်ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေစဉ် မျက်နှာဖုံးစွပ်ထားသူ ၄ ဦးက ပစ္စတိုသေနတ်နဲ့ ဝင်ရောက်လာကာ လစာပေးမယ့် ငွေကျပ် သိန်း ၈၀၀ ကို လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့ခံတစ်ဦးက “အစည်းဝေးလုပ်နေတဲ့အချိန် လူ ၄ ယောက်ဝင်လာတယ်၊ သူတို့က Mask တပ်ထားတာ လက်ထဲမှာတော့ ပစ္စတိုသေန တ်ကိုင်ထားကြတယ်၊ ပြီးတော့ ပညာရေးမှုးကိုခေါ်သွားတယ်။ အဲ့အချိန်မှာ သူတို့က လစာအတွက်ပိုက်ဆံတွေကို ရေတွက်နေတဲ့အချိန်၊ ငွေကို ကုန်ယူသွား မသွားတော့ မသိဘူး။ ဆာလာအိတ်အြပည့်နီးပါး တသောင်းတန်အသစ် ဘယ်လောက်ပါသွားလည်းဆိုတာ မသိရဘူး” လို့ ပြောပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်တဲ့ Non-CDM ပညာရေးဝန်ထမ်း ၆၀၀ လောက်ရှိတယ်လို့သိရပြီး သူတို့ကို လစာငွေထုတ်ပေးဖို့ ပညာရေးမှူးရုံးမှာ အစည်းအဝေးလုပ်နေတဲ့အချိန်မှာ လုယူခံရတာဖြစ်ပါတယ်။

ဓားပြတိုက်သွားတဲ့သူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရပဲ အဲဒီဖြစ်စဉ်ဖြစ်ပြီးနေက်မှာတော့ စစ်ကောင်စီတပ်သားတွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့သလို ဖလမ်းမြို့ပေါ်မှာလည်း လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.