• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ဖလမ်း-ဟားခါးကြား တားလ်ကျေးရွာရှိ လူနေအိမ် အားလုံးနီးပါး စစ်ကောင်စီတပ်က မီးရှို့

ဖလမ်း-ဟားခါးကြား တားလ်ကျေးရွာရှိ လူနေအိမ် အားလုံးနီးပါး စစ်ကောင်စီတပ်က မီးရှို့

0
By Editor on July 10, 2022 Khonumthung

ချင်းပြည်နယ်၊ ဖလမ်း- ဟားခါးလမ်းပေါ်တွင်ရှိသော တားလ်ကျေးရွာက လူနေအိမ်အားလုံးနီးပါးကို စစ်ကောင်စီ တပ်ဖွဲ့မှ ဇူလိုင် ၉ ရက် မနက် ၁၁ နာရီအချိန်ကစတင်ပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု တားလ် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“သူတို့က မနေ့ညက ကျွန်တော်တို့ရွာနားမှာ ဒီမနက် ၈ နာရီလောက်မှာ အခုက တရွာလုံး နီးပါးရှို့ထားတာ။ အခု ၇ အိမ်လောက်ပဲ မီးမရှို့တာ။ ကျွန်တော်တို့လည်း တောထဲမှာပုန်းတာဆိုတော့ ဒီမနက် ဟိုဖက်ရွာကနေ ကျွန်တော်တို့ ရွာမီးရှို့တာတွေ့တာ” ဟု တားလ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

တားလ်ကျေးရွာသည် ဖလမ်းမြို့နှင့် ၁၄ မိုင်ခန့်ကွာဝေးကာ ၎င်းကျေးရွာတွင် ဝန်းထမ်အိမ်အပါအဝင် အိမ်ခြေ ၄၁ အိမ်ခန့်ရှိသည်ဟု သိရပြီး ကျေးရွာနေပြည်သူများသည် တောထဲတောင်ထဲတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့သည် ဖလမ်းမြို့နယ်၊ လုံရန်ကျေးရွာလူနေများအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူဖျက်စီးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဇြန္လ ၂၉ ရက်နေ့က ကလေးမြို့ဖက်မှ ဟားခါးမြို့ဘက်သို့ စစ္ကား ၂၇ စီးဖြင့် ဦးတည်ထွက်လာပြီး ယခုလက်ရှိတွင် ဖလမ်း-ဟားခါးကြားတွင် ရောက်ရှိနေကြသည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CNA နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ထလန်ရောန်ကျေးရွာအနီးတွင် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ အကျအဆုံးရှိသည်ဟု သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင်လည်း တားလ်ကျေးရွာမှ လူနေအိမ် ၁၁ အိမ်ကို စစ်ကောင်စီတပ်ဖွဲ့မှ မီးရှို့ခဲ့ပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူ့ရင်ခွင်ခိုလှုံမည့်သူများအတွက် အထူးခြွင်းချက်ကာလအဖြစ် မူဝါဒချမှတ်ဖော်ဆောင်နေကြောင်း NUG၊ CNF နှင့် တော်လှန်ရေးအင်အားစုများ ပူးတွဲကြေညာ

စကစ လက်နက်ကြီးကြောင့် ဖလမ်းမြို့နယ်က အသက် ၁၀၀ ကျော်အရွယ် အဖွားအိုတစ်ဦး သေဆုံး

ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာဖက်တွင် စစ်ကောင်စီက လက်နက်ကြီးများပစ်ခတ်နေသောကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.