• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်တိုက်ပွဲတွင် စကစတပ်များက ဓာတုလက်နက်များအသုံးပြု​ကြောင်း သံသယဖြစ်ဖွယ်ရှိဟု ဆို

မင်းတပ်တိုက်ပွဲတွင် စကစတပ်များက ဓာတုလက်နက်များအသုံးပြု​ကြောင်း သံသယဖြစ်ဖွယ်ရှိဟု ဆို

0
By Editor on May 18, 2021 Headline

မေ (၁၇) ရက်နေ့က ချင်းပြည်နယ် မင်းတပ်နှင့် မတူပီလမ်း မိုင် ၃၀ နှင့် ၄၀ ကြားတွင်ဖြစ်သောတိုက်တွင် အာဏာသိမ်းစစ်​ကောင်စီတပ်များအသုံးပြုသော လက်နက်များသည် ဓာတုလက်နက်များဖြစ်နိုင်ဟု သံသယဖြစ်ဖွယ်ရှိကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

စကစမှ အသုံးပြုသည့် ယင်းလက်နက်ကြီးများသည် ယခင်လက်နက်ကြီးများနှင့် မတူဘဲ CDF-Mindat ရဲဘော်အချို့သည် ဗုံးဆံများမထိ၊ ပြင်ပဒဏ်ရာများမရှိသော်လည်း မူးဝေခြင်း၊ အော့အန်ခြင်း၊ အရုပ်ကြိုးပြတ် အားနည်းခြင်းများဖြစ်၍ တွဲကူထမ်းထုတ်ရသည့် အခြေအနေများ တွေ့ကြုံရ​ကြောင်း ထုတ်ပြန်ထားသည်။

“ကျနော်တို့ရဲဘော်တွေက ဘာဒဏ်ရာမှလည်းမရဘဲနဲ့ မူးဝေပြီး အော့အံကြတယ် အသက်ရှုရတာခက်ကြတယ် အဲလိုမျိုးဖြစ်ကြတယ်” ဟု မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ယခုအခါတွင်.. မြို့တွင်းတိုက်ပွဲ၊ မြို့အရှေ့တိုက်ပွဲများ မရှိတော့သော်လည်း.. မြို့အနောက်ပိုင်း မင်းတပ်-မတူပီ လမ်းတွင် ယမန်နေ ့ကတိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၁၂ ရက်နေ့က မတူပီမှ ဆင်းလာသော စစ်ကား (၆) စီးသည် လမ်းတွင်အကြိမ်ကြိမ်ဖြတ်တိုက်ခံရပြီး မင်းတပ်မြို့သို့ မရောက်နိုင်ဖြစ်လေရာ.. မေလ ၁၅ ရက်တွင် မတူပီဗျူဟာမှ စစ်ကူ စစ်ကားနောက်ထပ် (၇) စီး ထပ်မံဆင်းလာကာ စကစတပ်များသည် RPG များ၊ လောင်ချာများ၊ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို တောက်လျှောက်သုံးလာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

မြန်မာစစ်ဘေးရှောင်များအရေး အတတ်နိုင်ဆုံး ဆက်လက်ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်နယ် ၀န်ကြီးချုပ်သစ်ဖြစ်လာမည့် ပူးလာလ်ဒိုအောမ်မာကပြော

ခမ်းပတ်မြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆောင်ရွက်လာဖွယ်ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
December 6, 2023

တောင်ဇလပ်မြေပေါ်က စစ်အာဏာရှင်ကို တွန်းလှန်နေကြသော ရဲမေများ………

December 5, 2023

“မြန်မာပြည်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ စစ်ရဲ့အဓိဌာန်ရုံတွေကို ကမ္ဘာက သိပ်မသိဘူး၊  အဲ့ဒါကြောင့် ဒီဟာကို ကျွန်တော်က ကမ္ဘာကို တင်ပြခြင်းဖြစ်တယ်”

November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.