(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကိုယ်ဝန်သည်အမျိုးသမီး (၁)ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦးကို ယခုမေလအတွင်း ဖမ်းဆီးခဲ့ပြီး စိတ်ကျန်းမာရေးချို့တဲ့သော ပြည်သူ (၁) ဦးကိုပါ ပစ်သတ်ခဲ့သည်ဟု CDF-Mindat က ယနေ့ မေလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး၊ အသက် (၇၀) ရွယ်အမျိုးသမီး၊ အသက် (၆၀) ရွယ်အမျိုးသားတဦးနှင့် ကျောက်ထုတွင် အမျိုးသား (၂) ဦး စုစုပေါင်း (၅) ဦးကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်ပြီး အမျိုးသမီးတစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု CDF-Mindat ကဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် မေလအတွင်း မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ်ပြုလုပ်ခဲ့ကာ ဘောင်ထဲကျေးရွာ၊ ၁၇ မိုင်၊အရှေ့ပြင်တို့တွင် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု (၁၁) ပြုလုပ်ပြီး ဘုန်းကြီး ကျောင်း (၁) ကျောင်းထိခိုက် ပျက်စီးခဲ့ရကြောင်းသိရသည်။
ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်) မှ ရဲဘော် (၆) ဦးဖြစ် သည့် ဆလိုင်းဘူလိန်းဟုန်း၊ ဆလိုင်းအွမ်နိုင်း၊ဆလိုင်းယောဟန်၊ဆလိုင်းဟာကီး၊ ဆလိုင်းခွီရှိန်းထန်းနှင့် ဆလိုင်း ကီးတမ် တို့ ကျဆုံးခဲ့ရသည်ဟု CDF-Mindat ကဖော်ပြထားသည်။