Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့တွင် အိမ် ၂၀ ကျော်မီးလောင်

မင်းတပ်မြို့တွင် အိမ် ၂၀ ကျော်မီးလောင်

0
By Editor on April 11, 2024 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် အရှေ့ပြင်ရပ်ကွက်က လူနေအိမ် ၂၀ ကျော် ယနေ့ နေ့လည် ၂ နာရီခန့်က မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

မင်းတပ်မြို့အဝင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော မီးတပ်ကုန်းအောက်ဖက်ရှိ နေအိမ် ၂၁ လုံး မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ Hkl Mindat က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာဝန်းကျင်သည် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားသည့်အတွက် မီးငြိမ်းသတ်မည့်ပြည်သူများ မသွားလာရဲကြသောကြောင့် အချိန်မှီ မီးမငြိမ်းသတ်နိုင်ကြဘဲ အလျှင်အမြန် မီးကူးသွားခြင်းဖြစ်သည်ဟု သိရသည်။

ယခုမီးလောင်သည့် နေအိမ်များသည် လူမနေသည့် အိမ်များဖြစ်ကြပြီး အိမ်ရှင်များမှာ စစ်ဘေးရှောင်ကာ အခြားနေရာများသို့ နေထိုင်ကြသူများဟု သိရသည်။

ယနေ့ညနေပိုင်း ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်သည့်အကြောင်းရင်းကို မသိရသေးပေ။

မင်းတပ်မြို့ပေါ် ဘ၀သစ်ရပ်ကွက်တွင် ယခုလ ၂ ရက်နေ့တုန်းကလည်း လူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အတုအယောင်ရွေးကောက်ပွဲကို တားဆီးရေး လုပ်ထုံးလုပ်နည်းဥပဒေကို ချင်းပြည်ကောင်စီ ပြဌာန်းကြောင်း ကြေညာ

ရွေးကောက်ပွဲဝင်ကြမည့် ပါတီဝင်ဟောင်း ၄ ဦး နှင့် သက်ဆိုင်မှုမရှိတော့ကြောင်း CNLD ကြေညာ

ကူကီးအမျိုးသမီးအဖွဲ့က တမူးမြို့နယ်ရှိ စစ်ဘေးရှောင်များအား စားနပ်ရိက္ခာများ ကူညီထောက်ပံ့

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.