Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»မင်းတပ်မြို့တွင် အိမ် ၂၀ ကျော်မီးလောင်

မင်းတပ်မြို့တွင် အိမ် ၂၀ ကျော်မီးလောင်

0
By Editor on April 11, 2024 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့ပေါ် အရှေ့ပြင်ရပ်ကွက်က လူနေအိမ် ၂၀ ကျော် ယနေ့ နေ့လည် ၂ နာရီခန့်က မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

မင်းတပ်မြို့အဝင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော မီးတပ်ကုန်းအောက်ဖက်ရှိ နေအိမ် ၂၁ လုံး မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်ဒေသခံ Hkl Mindat က သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာဝန်းကျင်သည် စစ်ကောင်စီတပ်က နင်းမိုင်းများထောင်ထားသည့်အတွက် မီးငြိမ်းသတ်မည့်ပြည်သူများ မသွားလာရဲကြသောကြောင့် အချိန်မှီ မီးမငြိမ်းသတ်နိုင်ကြဘဲ အလျှင်အမြန် မီးကူးသွားခြင်းဖြစ်သည်ဟု သိရသည်။

ယခုမီးလောင်သည့် နေအိမ်များသည် လူမနေသည့် အိမ်များဖြစ်ကြပြီး အိမ်ရှင်များမှာ စစ်ဘေးရှောင်ကာ အခြားနေရာများသို့ နေထိုင်ကြသူများဟု သိရသည်။

ယနေ့ညနေပိုင်း ၆ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြပြီး မီးလောင်သည့်အကြောင်းရင်းကို မသိရသေးပေ။

မင်းတပ်မြို့ပေါ် ဘ၀သစ်ရပ်ကွက်တွင် ယခုလ ၂ ရက်နေ့တုန်းကလည်း လူနေအိမ် ၈ လုံး မီးလောင်ပြာကျခဲ့ရပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.