• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ရွာသားများအား အစုလိုက်သတ်ဖြတ်မီးရှို့ထားသည့် အထောက်အထားများ တွေ့ရှိ

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ရွာသားများအား အစုလိုက်သတ်ဖြတ်မီးရှို့ထားသည့် အထောက်အထားများ တွေ့ရှိ

0
By Editor on November 13, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် ပလုံတွီကျေးရွာဘက်တွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများအား အစုလိုက်သတ်ဖြတ်ကာ မီးရှို့ထားသည်ဟုယူဆရသော အထောက်အထားများတွေ့ရှိရသည်ဟု CDF-Mindat က ယနေ့ထုတ်ပြန်သည်။

အင်အား ၁၂၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့က မင်းတပ်မြို့နယ် ပလုံတွီကျေးရွာကိုဝင်စီး၍ ဒေသခံရွာသားတစ်ယောက်ကိုပစ်သတ်ကာ ရွာခံများနှင့် စစ်ဘေးရှောင်ပြည်သူအယောက် ၄၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်း ဆီးခဲ့သည်ဟု သိရသည်။

ယင်းနေ့ နိုဝင်ဘာလ ၇ ရက် ၁၂ နာရီခွဲခန့်တွင် CDF-Mindat က အနီးကပ်တိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် ရွာခံနှင့် စစ်ဘေးရှောင်ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးထားသည့်အတွက် စစ်ဆင်ရေးဆက်လုပ်ရန်အခက်အခဲရှိခဲ့သည်ဟု CDF-Mindat က ဆိုသည်။

နောက်တနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဓားစာခံအဖြစ်ဖမ်းဆီးခံရသူများထဲမှ (ယောအမျိုးသား) ၇ ဦးကို လက်ပြန်ကြိုးတုပ်၍ အခြားနေရာသို့ခေါ်ဆောင်သွားခဲ့ပြီး အဆိုပါ ၇ ဦးအနက် ၆ ဦးမှ ယနေ့ချိန်ထိ အဆက်သွယ်မရ ပျောက်ဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့များ ထီးလင်းမြို့ဘက်သို့ တပ်ဆုပ်သွားသည့်အချိန်တွင် ခေါ်ဆောင်သွားခဲ့သည်ဟု CDF-Mindat ထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ပလုံတွီကျေးရွာမှ ထီးလင်းမြို့သို့ တပ်ဆုပ်သွားပြီးနောက် CDF-Mindat တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးဝင်ရောက်ခဲ့သည့်အချိန်တွင် ပြည်သူများ မီးရှို့သတ်ဖြတ်ခံထားရသည့် အထောက်အထားများ တွေ့ရှိခဲ့ကြသည်ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

“မနေ့က ညနေပိုင်းလောက်မှာ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ လူအစုလိုက်အပြုံလိုက်သတ်ပြီး မီးရှို့ထားတဲ့နေရာတွေ့တယ်။ ကျနော်တို့ ဆက်စုံစမ်းလိုက်တော့ ဖမ်းသွားတဲ့ ၇ ယောက်ထဲက တစ်ယောက်ပဲ ထီးလင်းကိုပါသွားတယ်၊ ကျန်တဲ့ ၆ ယောက်က ရက်ရက်စက်စက် နှိပ်စက်ပြီးသတ်ဖြတ်သွားတယ်လို့ယူဆရတယ်၊ အဲ့နေ့က ချင်းအမျိုးသား တစ်ဦး သေတယ် ထွက်ပြေးသွားတဲ့သူထဲမှာ ပျောက်နေတဲ့သူ ၂ယောက်ရှိတယ်၊ ယောနယ်က ၆ ယောက်ရယ် အားလုံး (၉) ယောက်ပေါ့နော်၊ ဒီမှာရက်ရက်စက်စက်သတ်ဖြတ်ပြီး မီးရှို့တယ်လို့ ယူဆတယ် စကစတွေက အကုန်လုံးမီးရှို့ပြီး တာတောင် အရိုးတွေကို စေ့စေ့ညက်ညက်ကျေအောင်ထုပစ်ခဲ့တယ်။ လူမဆန်တဲ့လုပ်ရပ်တွေကို အများကြီးလုပ်နေ တယ်” ဟု CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် သတ်ဖြတ်ပြီးမီးရှို့ထားသည့် အကြွင်းကျန်အရိုးစုများကိုလည်း ကြေမွနေအောင် ထုချေပစ်ခဲ့သည့်အတွက် သေဆုံးသွားသည့် လူဦးရေစာရင်းအတိအကျ သိရှိနိုင်ရန်ပင်ခက်ခဲကြောင်း၊ ကျန်ရစ်သူမိသားစုများအနေဖြင့်လည်း အသုဘချရန်ပင် မဖြစ်နိုင်တော့ကြောင်း CDF-Mindat ကဆိုသည်။

ပလုံတွီကျေးရွာသည် ချင်းပြည်နယ်နှင့် မကွေးနယ်စပ်တွင်တည်ရှိပြီး အိမ်ခြေ နှစ်ဆယ်ဝန်းကျင်၊ ဒေသခံနှင့် စစ်ဘေးရှောင်လူဦးရေ ခန့်မှန်းခြေ (၅၀) ဝန်းကျင်ရှိသည်ဟု သိရသည်။

ပလုံတွီကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လူမဆန်စွာ မီးရှို့သတ်ဖြတ်ခံရသည့် ပြည်သူများ၏ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း CDF-Mindat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့တွင်လည်း ထီးလင်းမြို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် အထုတ်အပိုးများပြင်ဆင်နေကြသောကြောင့် ပြည်သူများအနေဖြင့် ထီးလင်းနှင့် မင်းတပ်မြို့နယ်တို့တွင် သွားလာခြင်းမပြုလုပ်ကြရန် CDF-Mindat က အသိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.