Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ် စစ်ကောင်စီဘက် ၂ ဦးသေဆုံး

မင်းတပ်မြို့နယ်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ် စစ်ကောင်စီဘက် ၂ ဦးသေဆုံး

0
By Editor on December 22, 2021 Headline

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့စကလို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မင်းတပ်မြို့နယ် ရှစ်မွေး၊ လာပန်း နဲ့ ဝမ္မသူး လှိရုံးကျေးရွာဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် CDF-Mindat နဲ့ တိုက်ပွဲဖြစ်ပွားရတာလို့ CDF-Mindat ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန် ကပြောပါတယ်။

“စစ်ကြောင်း ၂ ကြောင်းရှိတာပေါ့နော် တိုက်ပွဲက ၂ နေရာဖြစ်တယ်၊ ပထမစစ်ကြောင်းဆိုရင် ရှစ်မွှေးရွာမှာတိုက်ပွဲဖြစ်တယ်၊ လွန်ခဲ့တဲ့ ၂ ရက်ကတော့ ဝမ္မသူးဘက်ကိုကူးလာတယ် ဝမ္မသူးမှာအဲဒီညနေမှာတိုက်ပွဲပြန်ဖြစ်တယ်၊ မနေ့ကမနက်မှာ လည်း ဝမ္မသူးမှာပဲတိုက်ပွဲပြန်ဖြစ်တယ် တိုက်ပွဲက ၃ ရက်ဆက်တိုက်ဖြစ်တယ်ပေါ့နော်’’ ဟု ဆလိုင်းယောမန်က ပြောပါတယ်။

မင်းတပ်မြို့နယ်မှာ ၃ ရက်ဆက်တိုက်ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ၂ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူတွေ လည်းရှိတယ်လို့ ဆလိုင်းယောမန်ကဆက်ပြောပါတယ်။

“စကစဘက်က ၂ ယောက်တော့ကျသွားတယ်၊ ရှစ်မွှေးတိုက်ပွဲမှာတစ်ယောက်၊ ဝမ္မသူးတိုက်ပွဲ မနေ့ကမနက်မှာ တစ်ယောက်ပေါ့နော်၊ ဒဏ်ရာရတဲ့သူလည်းရှိတယ် မနေ့ကမနက်ဆိုရင် သူတို့ပစ်လိုက်တော့ စကစတစ်ယောက် ခေါင်းပွင့်သွားတယ်၊ ကျသွားတဲ့စကစကို အလောင်းလာကောက်တဲ့အဖွဲ့က ထပ်ပစ်ခံရတာပေါ့နော် အဲလိုဆိုတော့ အနည်းဆုံးတော့ ၂ ယောက်တော့ကျဆုံးသွားတယ်’’ ဟု ဆလိုင်းယောမန်က ပြောပါတယ်။

အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဝမ္မသူးကျေးရွာမှာ စခန်းချတပ်စွဲထားပြီး နောက်ထပ်အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း လှိရုံးရွာမှာ တပ်စွဲထားကြတယ်လို့ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာတော့ နှစ်ဖက်ထိတွေ့မှုမရှိသေးပေမယ့် ရှေ့ဆက်တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ဆလိုင်းယောမန်ကပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း မင်းတပ်မြို့နယ်နှင့် မကွေးတိုင်းဆောမြို့နယ် နယ်စပ် လယ်ဆောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ စစ်ကောင်စီတပ်ကို CDF-Mindat နဲ့ ယော PDF ပူးပေါင်းတပ်ဖွဲ့က ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

မင်းတပ်မြို့ဟာ ချင်းပြည်နယ် တောင်ပိုင်း မကွေးတိုင်းဒေသကြီး အစပ်မှာ တည်ရှိပါတယ်။ စစ်အာဏာသိမ်းမှု အစောပိုင်း ဧပြီလနှောင်းပိုင်းကတည်းက ဆန္ဒပြ ပြည်သူ ၇ ဦးကို ဖမ်းဆီးပြီးနောက် စစ်ကောင်စီဘက်နဲ့ အစောဆုံး တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ တူမီးကိုင်ထားတဲ့ လူထုတွေနဲ့ တိုက်ခိုက်မှုတွေမှာ ဆုံးရှုံးမှုတွေ များခဲ့တဲ့အတွက် စစ်ကောင်စီ တပ်တွေက အညှိုးထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းတိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှ ၄၀ ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်းများ ဖမ်းမိဟု CB ထုတ်ပြန်

စစ်ရေးအချက်အချာ ကျသည့် ကနေဒီတောင်စခန်းကို စစ်ကော်မရှင်တပ် ပြန်ထိန်းချုပ်

အကျဉ်းသား ၁၀၀ ကျော်အပါအဝင် လူနာပေါင်း ၂၇၀ ကျော်ကို တစ်လအတွင်း ဆေးဝါးကုသပေးနိုင်ခဲ့ဟု CDF-Asho ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.