Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်နှင့်ဗုံးကြဲသော စစ်ကောင်စီယာဉ်မောင်းများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်မြေကွက် ချီးမြင့်မည်ဟု CDF-Mindat ပြော

မင်းတပ်မြို့နယ်အတွင်း တိုက်လေယာဉ်နှင့်ဗုံးကြဲသော စစ်ကောင်စီယာဉ်မောင်းများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်မြေကွက် ချီးမြင့်မည်ဟု CDF-Mindat ပြော

0
By Editor on April 21, 2023 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ ကျေးရွာများကို တိုက်လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေသော စစ်ကောင်စီ၏ လေယာဉ်မောင်းသူများကို အပြစ်ပေးစီရင်နိုင်ပါက သိန်း ၅၀၀ တန်ဖိုးရှိသော မြေကွက် ချီးမြှင့်မည်ဟု CDF-Mindat က ကြေညာသည်။

ယခုနှစ် ဇန်နဝါရီလ ပထမအပတ်မှစတင်ပြီး စစ်ကောင်စီသည် မင်းတပ်မြို့နယ် ကျေးရွာများအတွင်းရှိ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျှက်ရှိပြီး ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ပြည်သူ့အိုးအိမ် ပျက်စီးမှုများစွာနှင့် အပြစ်မဲ့ပြည်သူသေဆုံးမှုများ ရှိလာနေသောကြောင့် လာရောက်တိုက် ခိုက်သော စစ်ကောင်စီ Pilot (လေယာဉ်မောင်းသူ) များအား စုံစမ်းဖော်ထုတ်လျှက်ရှိသည်ဟု CDF-Mindat က ဆိုသည်။

ယင်းစုံစမ်းမှုအရ ဧပြီလ ၁၆ ရက်နေ့က မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာ ၂ စင်းဖြင့် တိုက်ခိုက်သည့် လေယာဉ်မောင်းသူ ၂ ဦးမှာ ဗိုလ်မှူးနေဝင်းကျော်နှင့် ဗိုလ်မှူးသက်လင်းမောင် တို့ဖြစ်ကြပြီး အာဏာသိမ်းစစ်ခေါင်းဆောင်က အထူးအားကိုးသည့် Pilot များဖြစ်ကြောင်း ကြားသိရသည်ဟု CDF-Mindat ကြေညာချက်တွင် ဖော်ပြထားသည်။

ထို လေယာဉ်မောင်းနှင်းသူ နှစ်ဦးတို့မှာ နေပြည်တော်၊ တံတားဦးနှင့် မှော်ဘီမြို့နယ် စသည့် ၃ နေရာအတွင်းရှိ Yak အုပ် စစ်ဆင်ရေးကို ဦးဆောင်အုပ်ချုပ်တာဝန်ယူနေသူ ဒု-ဗိုလ်မှူးကြီး ရဲဇော်နိုင်လက်အောက်တွင် တာဝန်ယူထမ်းဆောင်နေကြသူများဖြစ်ကြကြောင်းလည်း ဖော်ပြထားသည်။

ထို့ကြောင့် မင်းတပ်မြို့နယ် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော ဒု-ဗိုလ်မှူးကြီးရဲဇော်နိုင်နှင့် လေယာဉ်မောင်းသူ (Pilot) နှစ်ဦးတို့နှင့်တူ ပူးပေါင်းသူများအား အပြစ်ပေးစီရင်ကာ သက်သေပြနိုင်သည့် အဖွဲ့အစည်းများကို ကျပ်ငွေ ၅၀၀ သိန်း တန်ဖိုးနှင့်ညီမျှသော မြေတကွက်အား ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ Chin Defense Force – Mindat က ထုတ်ပြန်ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.